close
Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီကို အသိအမှတ်ပြုရာ​ရောက်မယ့် ကိစ္စတိုင်းကို ထိုင်းက ရှောင်သင့်တယ်လို့ အမေရိကန်သံအမတ်ကြီးလောင်း တိုက်တွန်း

ထိုင်းအစိုးရအနေနဲ့အာဏာသိမ်းစစ်ကောင်စီကို တရားဝင် အသိအမှတ်ပြုရာရောက်မယ့် ကိစ္စတိုင်းကို ရှောင်ကြဉ်သင့်တယ်လို့ ထိုင်းနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီးအဖြစ် လျာထားခံရတဲ့ ပုဂ္ဂိုလ်က ပြောကြားခဲ့ပါတယ်။

ထိုင်းနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီးအဖြစ် လျာထားခံရတဲ့ရှောင်အိုနေးလ်။ဓါတ်ပုံ-AFP

ဇူလိုင်-၃၁၊၂၀၂၅။People’s Spring

ထိုင်းအစိုးရအနေနဲ့အာဏာသိမ်းစစ်ကောင်စီကို တရားဝင် အသိအမှတ်ပြုရာရောက်မယ့် ကိစ္စတိုင်းကို ရှောင်ကြဉ်သင့်တယ်လို့ ထိုင်းနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီးအဖြစ် လျာထားခံရတဲ့ ပုဂ္ဂိုလ်က ပြောကြားခဲ့ပါတယ်။

ရှောင်အိုနေးလ်ဟာ ထိုင်းနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီးအဖြစ်ခန့်အပ်ဖို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့လျာထားခြင်းကိုခံရတဲ့ပုဂ္ဂိုလ် ဖြစ်ပါတယ်။သူက ရာထူးကို တရားဝင် လက်ခံပြီးတဲ့ အချိန်ကျရင်ထိုင်းအစိုးရဆီအသိပေး ဆွေးနွေးမယ့် အမေရိကန်ရဲ့ သဘောထားတွေနဲ့ ပတ်သက်လို့ မှတ်ချက် ပေးခဲ့ရာမှာ မြန်မာအကြောင်းကို ထည့်ပြောခဲ့တာဖြစ်ပါတယ်။

အမေရိကန်အစိုးရနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ရပ်တည်ချက်ကတော့ အာဏာသိမ်း စစ်ကောင်စီက အတုအယောင် ရွေးကောက်ပွဲ ကျင်းပမယ့် ကိစ္စကို လုံးဝ ထောက်ခံမှာ မဟုတ်ဘူးဆိုတာ ဖြစ်တယ်လို့ အိုနေးလ်က ဆိုပါတယ်။ ရွေးကောက်ပွဲ ကျင်းပမယ့်ကိစ္စ တိကျသေချာသွားပြီ ဆိုရင်တော့ နိုင်ငံ အစိတ်အပိုင်း ၅၀ ရာခိုင်နှုန်းတောင်မပါဝင်နိုင်တဲ့၊ အတိုက်အခံအများစုထောင်သွင်းအကျဉ်းချတာ ခံထားရတဲ့အခြေအနေမှာကျင်းပမယ့်အဲဒီလို ရွေးကောက်ပွဲမျိုးကိုအသိအမှတ်မပြုဖို့သူက တိုက်တွန်းသွားမယ်လို့အိုနေးလ်ကပြောပါတယ်။

Public Service Announcement

Public Service Announcement

နောက်ပြီးထိုင်းနဲ့ကမ္ဘောဒီးယားကြားက လတ်တလော ဖြစ်ပွားထားတဲ့ နယ်စပ် ပဋိပက္ခတွေဟာ ဘယ်ရှုထောင့်ကကြည့်ကြည့် ကောင်းကျိုး မရှိနိုင်ဘူးဆိုတဲ့အမေရိကန်ရဲ့သဘောထားကိုလည်းထိုင်းအစိုးရဆီအသိပေးနားချသွားမယ်လို့ သူက ပြောကြားခဲ့ပါတယ်။

ထိုင်းဟာ အာရှတိုက်မှာအမေရိကန်က သေသေချာချာ စာချုပ်ထားတဲ့ မဟာမိတ် နိုင်ငံတွေထဲက တစ်ခုဖြစ်ကြောင်း၊ကမ္ဘောဒီးယားနဲ့ဖြစ်ပွားတဲ့အခုလိုပဋိပက္ခမျိုးကထိုင်းပြည်သူတွေအတွက် ကောင်းကျိုး မရှိသလို ထိုင်း-အမေရိကန် မဟာ

မိတ် ဆက်ဆံရေးကိုလည်း အားကောင်းလာစေမှာ မဟုတ်ကြောင်း၊ ပြီးတော့ မဟာမိတ် နှစ်နိုင်ငံ ကြုံတွေ့ ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေကို တုံ့ပြန် ဖြေရှင်းရာမှာလည်း ဘာအကျိုးမှ မဖြစ်ထွန်းနိုင်ကြောင်း အိုနေးလ်က ဝေဖန်ခဲ့ပါတယ်။

အခုလို စစ်ရေးပဋိပက္ခမျိုးဟာထိုင်းအနေနဲ့မလိုအပ်ဘဲ အသက်တွေ၊ ဘဏ္ဍာငွေတွေကို ဖြုန်းတီးနေတာသာ ဖြစ်တယ်လို့လည်း သူက ဆက်ပြောပါတယ်။

ဇူလိုင်၂၄ ရက်ကနေ ၂၈ ရက်ထိ ၅ ရက်တာ ဖြစ်ပွားခဲ့တဲ့ ထိုင်း-ကမ္ဘောဒီးယား နယ်စပ် စစ်ရေးပဋိပက္ခတွေအတွင်း စုစုပေါင်း လူ ၄၃ ဦး သေဆုံးခဲ့ပြီး လူပေါင်း ၃ သိန်းကျော်နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရပါတယ်။

ကိုးကား-CNA

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီကိုဖျက်သိမ်းပြီး ယာယီသမ္မတအဖြစ်တာဝန်ယူထားတဲ့ အာဏာသိမ်းခေါင်းဆောင်မင်းအောင်လှိုင်က ​တော်လှန်​ရေးတပ်​တွေထိန်းချုပ်ထားတဲ့မြို့နယ်​တွေနဲ့ တိုက်ပွဲ​တွေဖြစ်ပွား​နေတဲ့ မြို့နယ်​တွေထဲက ၆၃ မြို့နယ်မှာစစ်အုပ်ချုပ်ရေးအမိန့် သုံးလကြေညာပြန်ပါတယ်။

သတင်း

နိုင်ငံရေးနှင့်ဖြစ်စေ၊စစ်ရေးဖြင့်ဖြစ်စေမည်သည့်နည်းနှင့်မဆို စစ်ကောင်စီကို ဖယ်ရှားနိုင်ရေး လုပ်ဆောင်နိုင်ရန် အဓိကဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားလိုက်သည်။

ထိုင်း - ကမ္ဘောဒီးယား

သုံ့ပန်းအဖြစ် ဖမ်းဆီးထားတဲ့ စစ်သားတွေကို ပြန်လွှတ်ပေးဖို့ ကမ္ဘောဒီးယားက ထိုင်းကို တောင်းဆိုလိုက်ပါတယ်။

သတင်း

အာဏာသိမ်းစစ်ခေါင်းဆောင်က စစ်ကောင်စီကို ဖျက်သိမ်းလိုက်ပြီး နိုင်ငံတော် လုံခြုံရေးနဲ့ အေးချမ်းသာယာရေးကော်မရှင် (နလအ) ဆိုတဲ့အမည်နဲ့ ဒီနေ့ ဇူလိုင် ၃၁ ရက်မှာ ပြောင်းလဲ ဖွဲ့စည်းလိုက်ပါတယ်။