close
Connect with us

Hi, what are you looking for?

သတင်း

မန္တလေးမှာပျုစောထီးနဲ့ ရပ်ကျေးအုပ်ချုပ်မှုးတွေပေါင်းပြီး အာဏာပြနေ

စစ်ကောင်စီရဲ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်အခြေစိုက်ရာ မန္တလေးမြို့က မြို့နယ်အချို့မှာ စစ်ကောင်စီရဲ့အောက်ခြေ ရပ်ကျေး အုပ်ချုပ်ရေးမှုး တွေက ပျုစောထီးတွေနဲ့ ပေါင်းပြီး ငွေညှစ်တာတွေ ပြုလုပ်နေတယ်လို့ မြို့ခံတွေဆီကသိရပါတယ်။

အာဏာသိမ်းစစ်ကောင်စီက ပြည်သူ့စစ် ခေါ် ပျုစောထီးတပ်ဖွဲ့ဝင်တွေကို လက်နက်တင်ဆင်ပုံ (ပုံဟောင်း) ဓာတ်ပုံ - စစ်ကောင်စီပြန်ကြားရေး

ဇန်နဝါရီ – ၁၉ ၊၂၀၂၆ ၊ ဆိုင်းမင်း/People’s Spring

စစ်ကောင်စီရဲ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်အခြေစိုက်ရာ မန္တလေးမြို့က မြို့နယ်အချို့မှာ စစ်ကောင်စီရဲ့အောက်ခြေ ရပ်ကျေး အုပ်ချုပ်ရေးမှုး တွေက ပျုစောထီးတွေနဲ့ ပေါင်းပြီး ငွေညှစ်တာတွေ ပြုလုပ်နေတယ်လို့ မြို့ခံတွေဆီကသိရပါတယ်။

အထူးသဖြင့် ပြည်ကြီးတံခွန် နဲ့ ပုသိမ်ကြီးမြို့နယ်တွေ မှာ ငွေညှစ်တာတွေ အများဆုံးကြုံနေရတာပါ ။

စစ်မှုထမ်းအတွက် ဖမ်းဆီးငွေညှစ်တာ ၊ ဧည့်စာရင်းတိုင်ရာမှာ ငွေညှစ်တာအပြင်လမ်းသွားလမ်းလာတွေကိုစစ်ဆေးပြီးငွေညှစ်တာမျိုးတွေ လုပ် ဆောင်တာလို့သိရပါတယ်။

Public Service Announcement

Public Service Announcement

ပြည်ကြီးတံခွန်မှာဆိုရင် ပျုစောထီးခေါင်းဆောင် စံရှားဆိုသူ ဦးဆောင်တဲ့အဖွဲ့က အရပ်သားတွေကို ဖမ်းဆီးငွေညှစ်တာတွေကို အုပ်ချုပ်ရေးပိုင်းနဲ့ ပူးပေါင်းလုပ်ဆောင်နေတယ်လို့မြို့ခံတစ်ဦးက ပြောပါတယ်။

“ နေရာတကာမှာ သေနတ်ကြီးတကားကား၊ လမ်းမှာမထင်ရင်မထင်သလို ကားရပ်ပြီးဆင်းစစ်သေးတာ၊အုပ်ကြီးတွေနောက်လည်း ဒီကောင်တွေအမြဲပါတယ်”လို့ ပြည်ကြီးတံခွန်မြို့နယ်မှာ နေထိုင်သူတစ်ဦးကဆိုပါတယ်။

ပြည်ကြီးတံခွန် မှာ ရပ်ကွက် ထောက်ခံစာသွားလုပ်ရင်လည်း အချိန်ပေးရသလို ထောက်ခံစာတစ်စောင်ကို ကျပ်ငါးသောင်းထက်နည်းပေးရတာ ကြုံခဲ့သူတွေရှိခဲ့ပါတယ်။

ဧည့်စာရင်းတိုင်မယ်ဆိုရင်လည်း ကျပ်သုံးသိန်းထိပေးရတာရှိနေတယ်လို့မြို့ခံတွေဆီကစုံစမ်းသိရ ပါတယ်။

ပြည်ကြီးတံခွန်မြို့နယ်ထဲက ၅၆လမ်းနဲ့၁၂၀လမ်းရှိ သင်ပန်းကုန်းရပ်ကွက်ရုံး၊စက်မှု(၁)နဲ့ စက်မှု(၂)ရပ်ကွက်ရုံးတွေမှာပျူစောထီးတွေအထိုင်ချထားပြီး လမ်းသွားလမ်းလာမှန်သမျှ စစ်ဆေးဖမ်းဆီးတာတွေ ပြုလုပ်နေတာဖြစ်ပါတယ်။

“ သင်ပန်းကုန်းရပ်ကွက်ရုံးရှေ့ ညနေဆိုမဖြတ်ရဲဘူး၊ ဖမ်းပြီးရိုက်တယ် ငွေညှစ်တယ်”လို့ ကိုယ့်တွေ့ကြုံခဲ့တဲ့ သင်ပန်းကုန်းရပ်ကွက်နေထိုင်သူတစ်ဦးကပြောပါတယ်။

ပုသိမ်ကြီး၊ပြည်ကြီးတံခွန်နဲ့ ချမ်းမြသာစည်မြို့နယ်အစပ်၊ ၄၄လမ်းနဲ့၁၂၀လမ်းကရဲနဲ့ပျူစောထီးဂိတ် ဆိုရင်လည်း လမ်းသွားလမ်းလာလူငယ်တွေကို ပစ်မှတ်ထားဖမ်းဆီးပြီး ခြိမ်းခြောက်ငွေညှစ်ရာမှာ နာမည်ကြီးနေပါတယ်။

ဒါအပြင် ပုသိမ်ကြီးမြို့နယ်အတွင်းက ရွာရှည်၊ သလဲကုန်းကျေးရွာတွေဘက်မှာလည်း ရပ်ကျေး အုပ်ချုပ်ရေးမှုးတွေ နဲ့ ပျူစောထီး နှုတ်ခမ်းမွှေးတို့အဖွဲ့ကလည်း ရွာသူ၊ရွာသားတွေကို ငွေတောင်းတာတွေပြုလုပ်နေတယ်လို့ ဒေသခံအချို့ကအသိပေးပါတယ်။

ရွာသူ ၊ရွာသားတွေကို ညအချိန်မတော်အပြင်ထွက်တာ ၊ မဲရင်းအမှတ်စဉ် မကြည့်ထားတာ ၊ PDF နဲ့အဆက်အသွယ်ရှိတယ်ဆိုတဲ့ အကြောင်းပြချက်မျိုးစုံနဲ့ အာဏာပြနေတယ်လို့ သိရပါတယ်။

မန္တလေးမြို့ပေါ်လည်းပျုစောထီးတွေဟာလိုင်စင်မဲ့ကားတွေကိုပေါ်ပေါ် ထင်ထင်စီးနင်းနေပြီး အဲဒီကားတွေနဲ့ ကင်းပတ်တာတွေကို လုပ်ဆောင်ပါတယ်။

စစ်ကောင်စီရဲ့ထိန်းချုပ်မှုအောက်မှာရှိတဲ့ မန္တလေးမြို့မှာ ပျုစောထီးတွေကိုအသုတ်လိုက်စစ်သင်တန်းပေးပြီး လက်နက်တပ်ပေးကာ မြို့လုံခြုံရေးအတွက် ကင်းချတာ ၊ ယခင်က မန္တလေး PDF နဲ့ တိုက်ပွဲတွေဖြစ်ခဲ့ရာ မတ္တရာ ၊ စဉ့်ကူးနယ်ဘက်က တိုက်ပွဲတွေမှာထည့်သုံးတာတွေ ရှိခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်မှာ ပျူစောထီးတွေက အမျိုးသားတစ်ဦးကို ရိုက်နှက်သတ်​ဖြတ်ပြီး ရုပ်အလောင်းကို အမှိုက်ပုံလာပစ်သွားကြောင်း သတင်းရရှိပါတယ်။

သတင်း

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်မှာ စစ်ကောင်စီတပ်စခန်းတွေနဲ့ ပျူစောထီးကျေးရွာတွေကို ထိုးစစ်ဆင်နေပြီး ကျေးရွာတစ်ရွာသိမ်းထားပြီလို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ဂန့်ဂေါခရိုင်စစ်ဌာန က ဒီကနေ့ (ဒီဇင်ဘာ၂၉ရက်) ထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်က နေရာအများစုကို စစ်တပ်က စစ်ကြောင်းထိုးပြီး ပြန်ထိန်းချုပ်‌နေစဉ် ဒေသမှာရှိနေတဲ့ ပျူစောထီးတွေနဲ့ စစ်အုပ်စုထောက်ခံသူတွေအနေနဲ့ အရပ်သားပြည်သူတွေကို လက်ထောက်ချ ဒုက္ခပေးတာမျိုးတွေမလုပ်ဖို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ဗျူဟာ အမှတ်-၉၃ (TRI ဗျူဟာ)၊နည်းဗျူဟာမှူး ကို​ဝေမိုး​ကျော်က သတိပေးပါတယ်။

သတင်း

မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့နယ်မှာ ဆိုင်ကပ်မရပ်လို့ဆိုပြီး ပျူစောထီးတွေက အမျိုးသားတစ်ဦးကို ပစ်သတ်ခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။