close
Connect with us

Hi, what are you looking for?

သတင်း

ကောလင်းနယ် လေကြောင်းတိုက်ခံရမှု ရဲဘော် ၆ဦးအပါအဝင် ၁၀ဦး ကျဆုံး

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ် ဝက်စားကုန်းကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာမို့ PDF ရဲဘော်၆ဦးအပါအဝင် ၁၀ဦး သေဆုံးပြီး ဒဏ်ရာရသူတွေ ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဇန်နဝါရီ-၂၁၊ ၂၀၂၆။ ရှိန်း/People’s Spring

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ် ဝက်စားကုန်းကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာမို့ PDF ရဲဘော်၆ဦးအပါအဝင် ၁၀ဦး သေဆုံးပြီး ဒဏ်ရာရသူတွေ ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဇန်နဝါရီ ၂၀ရက် မနေ့ ညနေ ၄နာရီ ၃၂မိနစ်လောက်မှာ ဝက်စားကုန်းက ယာယီအထိုင်ချနေရာကို စစ်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

“ ရဲဘော်တွေ တိုက်ပွဲအတွက် စုဖွဲ့မှုပြုလုပ်နေတဲ့အချိန် လေယာဉ်အကြဲခံရတာပါ။ အဲတာကြောင့် ကိုယ့်ဘက်က အထိနာသွားတယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဝန်းသိုမြို့က ထွက်လာတဲ့ စစ်ကြောင်းကို တိုက်ဖို့ ယာယီအထိုင်ချပြင်ဆင်နေတဲ့ စခန်းဗုံးကြဲခံရတာလို့ သိရပါတယ်။

ဝန်းသိုမြို့နယ်က ထွက်လာတဲ့ စစ်ကြောင်းကို တိုက်ခိုက်ဖို့ စောင့်နေတဲ့ ကန့်ဘလူခရိုင်လှုပ်ရှားအဖွဲ့က ၆ဦး၊ ကောလင်းမြို့နယ်အနောက်ခြမ်း ပကဖ အဖွဲ့က ထောက်ပို့တာဝန်ခံ၂ ဦး၊ ပြည်သူ၂ ဦးတို့ ကျဆုံးခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇ‌န်နဝါရီ ၁၆ ရက်မှာ ဝန်းသိုမြို့နယ် ညောင်ပင်သာရွာကနေ ကောလင်းမြို့နယ် အရှေ့ခြမ်းက ချဉ်ပစ်ခုံဘက်ကို စစ်တပ်က အင်အား၂၀၀လောက်နဲ့ စစ်ကြောင်းထိုး ဝင်ရောက်လာခဲ့ပါတယ်။ အဲဒီနေ့မှာပဲ စစ်ကြောင်းနဲ့ ထိပ်တိုက်တိုးပြီး ရဲဘော် ၉ဦးနဲ့ ပြည်သူ ၁ဦးလည်း ကျဆုံးခဲ့ပါသေးတယ်။

လက်ရှိမှာ အဲဒီစစ်ကြောင်းဟာ ကောလင်းနဲ့ ဝန်းသိုမြို့နယ်အစပ်ကို ဆက်လက်စစ်ကြောင်းထိုးနေတယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဝန်းသိုမြို့နယ်ကနေ ကောလင်းမြို့ဘက်ကို ဝင်လာတဲ့ စစ်တပ်စစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးတပ်တွေ ကြားဖြတ်တိုက်ခိုက်နေပြီး တိုက်ပွဲတွေပြင်းထန်နေပါတယ်။

သတင်း

ဝန်းသိုမြို့နယ်ကနေ ကောလင်းမြို့ဘက်ကို ဝင်လာတဲ့ အာဏာသိမ်းစစ်တပ်စစ်ကြောင်းနဲ့တော်လှန်ရေးတပ်ဖွဲ့ တွေတိုက်ပွဲဖြစ်ပြီး စစ်ကောင်စီဘက်က သေဆုံးသူများသလို ပြည်သူ့ကာကွယ်ရေးရဲဘော်၉ဦးကျဆုံးခဲ့တယ်လို့ ‌စုံစမ်းသိရပါတတယ်။

သတင်း

ပဲခူးတိုင်း၊ ပဲနွယ်ကုန်းမြို့နယ်မှာ တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေ အပြင်းအထန်လုပ်နေတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်မှာ ဒီဇင်ဘာလအတွင်း စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် သံဃား၂ပါးနဲ့ ပြည်သူ ၂၆ဦး သေဆုံးကာ ၄၀ ကျော် ဒဏ်ရာရခဲ့တယ်လို့ Wetlet Informational Network ရဲ့ စာရင်းတွေအရ သိရပါတယ်။