မေ-၁၂၊၂၀၂၆၊ရှိန်း/People’s Spring
စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ထီးချိုင့် – ကသာလမ်းပိုင်းမှာ စစ်တပ်ရိက္ခာပို့ယာဉ်တန်း နှစ်ကြိမ်တိုက်ခိုက်ခံခဲ့ရပြီး စစ်သား ၆ဦးသေဆုံးကာ လက်နက် ၆လက်နဲ့ ပစ္စည်းအချို့သိမ်းရခဲ့တယ်လို့ စစ်ရေးသတင်းအရင်းမြစ် တွေက ပြောပါတယ်။
ထီးချိုင့်မြို့ကနေ ကသာမြို့ထွက်လာတဲ့ စစ်တပ်ရိက္ခာပို့ယာဉ်တန်းကို မေလ၁၀ရက် ည၈နာရီကျော်မှာ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDFနဲ့ မဟာမိတ်တော်လှန်ရေးတပ်တွေစုပေါင်းပြီး ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
စစ်တပ်က စစ်ကား၂စီး ပျက်စီးပြီး မိနစ် ၄၀ခန့် တိုက်ပွဲဖြစ်ခဲ့တယ်လို့ သိရပါတယ်။ အဲဒီနောက် တော်လှန်ရေးတပ်တွေ အထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ တော်လှန်ရေးသတင်းအရင်းမြစ်တဉီးက ပြောပါတယ်။

Public Service Announcement
“ မြစ်ရိုးနား တလျှောက်မှာ တိုက်ပွဲဖြစ်တာပါ။စစ်တပ်ကရင်ကွဲတောင်ဘက်ကနေ ကသာကိုတက်ဖို့လုပ်တာ။ကသာနဲ့ထီးချိုင့် အသွားအလာလုပ် နေတဲ့ယာဉ်တန်း ပေါ့” လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
မေလ ၁၁ရက်မှာလည်း အဲဒီလမ်းပိုင်းမှာ စစ်တပ်ယာဉ်တန်းက ကားတွေပြုပြင် နေတဲ့အချိန် တော်လှန်ရေး ပူးပေါင်းတပ်တွေကပြန်လည် ဝင်ရောက်တိုက်ခဲ့တယ်လို့ သိရပါတယ်။
အဲဒီတိုက်ပွဲမှာ စစ်သား ၆ဦး သေဆုံးပြီး စတားလင့်စက်တွေတခြားပစ္စည်းတွေအပါအဝင် လက်နက်၆လက် သိမ်းယူနိုင်ခဲ့တယ်လို့ သိရပါတယ်။
စစ်တပ်က မေလ၉ရက်မှာ မန္တလေးမြို့က Non-CDM ဝန်ထမ်းတွေအပါအဝင် စစ်သား၊လက်နက်ခဲယမ်းပါတဲ့ ကားတွေဟာ ပြည်သူပိုင်ကား တွေကိုပါ ချောဆွဲပြီး စစ်ကားအစီးရေ ၄၀၀ကျော်ပါတဲ့ စစ်တပ်ယာဉ်တန်းနဲ့ မော်လူး၊အင်းတော်မြို့တို့မှာ အုပ်ချုပ်ရေးယန္တရားလည်ပတ်ဖို့ကြိုးစားနေပြီး ဒီကနေ့မှာ ယာဉ်တန်းတချို့အင်းတော်မြို့ကို ရောက်တယ်လို့ သိရပါတယ်။




















































