close
Connect with us

Hi, what are you looking for?

သတင်း

ရွာငံသဲကျင်းပြိုကျမှု ပိတ်မိနေသူ ၃ ဦးအနက် ၂ ဦးသေဆုံး၊ ကျန် ၁ဦးကို ဘဝတူ လုပ်သားတွေက အသက်ရှင်လျက် ကယ်ဆယ်နိုင်

ရှမ်းပြည်နယ်၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်မှာ သဲကျင်းပြိုကျမှုကြောင့် ပိတ်မိနေသူ ၃ ဦးအနက် ၂ ဦးသေဆုံးပြီး အမျိုးသား ၁ဦးကိုတော့ ဘဝတူ လုပ်သားတွေက အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့ပါတယ်။

မေ ၁၉၊ ၂၀၂၆။ မေရီ/People’s Spring

ရှမ်းပြည်နယ်၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်မှာ သဲကျင်းပြိုကျမှုကြောင့် ပိတ်မိနေသူ ၃ ဦးအနက် ၂ ဦးသေဆုံးပြီး အမျိုးသား ၁ဦးကိုတော့ ဘဝတူ လုပ်သားတွေက အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ မေလ ၁၇ ရက် မနက် ၁၁ နာရီခွဲခန့်က ရွာငံမြို့နယ်၊ ယကြီးကျေးရွာအနီးရှိ ကျောက်သဲကျင်းပြိုကျမှုဖြစ်ပွားပြီး ကျောက်သဲတူးနေသူ အမျိုးသား ၃ ဦး ပိမိခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

“ ပွေးပြတ်ရွာစပ်က သဲတွင်းပြိုကြတာ။ လူသုံးယောက်နဲ့ သဲတင် စက်တစ်စီးပါသွားတယ်။ ပိတာကတော့ ယကြီးရွာကပဲ။ ယကြီးရွာခံက တစ်ယောက်။ ကျန်တဲ့နှစ်ယောက်က အိမ်ထောင်ကျလို့ ရောက်လာတဲ့ အပြင်ရွာသားတွေပါ” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီနောက် သဲကျင်းလုပ်သားတွေနဲ့ နီးစပ်ရာကျေးရွာဒေသခံတွေက သဲတွေကို တူးဖော်ခဲ့ကြရာမှာ အမျိုးသားတစ်ဦးကိုတော့ အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။ ကျန် အမျိုးသားနှစ်ဦးကိုတော့ အသက်သေဆုံးနေတဲ့ရုပ်အလောင်းတွေကိုသာ ထုတ်ယူနိုင်ခဲ့တယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရှမ်းပြည်နယ်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်ကောင်စီတပ်က အင်အား ရာချီသုံး၍စစ်ကြောင်းထိုးလာကြောင်း ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ်တော်(DSNDA)တာဝန်ရှိသူက လူထုနွေဦး သို့ ပြောသည်။

သတင်း

ရွာငံ- အောင်ပန်းလမ်းပိုင်း ရဲ့ ရွာငံမြို့အဝင် စစ်ကောင်စီ စစ်ဆေးရေးဂိတ်ကို မနေ့ နေ့ခင်းပိုင်းက တော်လှန်ရေးအင်အားစုတွေက ပစ်ခတ်တာ လို့ သိရပါတယ်။

သတင်း

ရွာငံမြို့နယ်တွင် ပြီးခဲ့သည့် မတ်လ ၁၅ရက်၊၁၇ရက်နှင့် ၁၉ရက်ကလည်း စစ်ကောင်စီစစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ် အထိနာခဲ့သည်။

သတင်း

သီတင်းကျွတ်ပိတ်ရက်၌ တောင်ကြီး၊ အင်းလေး၊ ကလော၊ ရွာငံ၊ ပင်းတယ အစရှိသည့်ဒေသများ၌ လာရောက်လည်ပတ်သူအများအပြား ရောက်ရှိနေကြောင်း သိရသည်။