Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

အကြမ်းဖက်စစ်အုပ်စုကို ဖယ်ရှားရန် ထင်ရှားပြတ် သားသည့် ခြေလှမ်းများကို လျှောက်လှမ်းရမည်ဟု အာဆီယံကို NUG တိုက်တွန်း

အာဆီယံနိုင်ငံခြားရေးဝန်ကြီးများသည် အကြမ်းဖက်စစ်အုပ်စု၏ အာဆီယံဘုံသဘော တူညီချက်ငါးရပ်ကို အကောင်အထည်ဖော်ရာတွင် ‘ကတိကဝတ်မရှိခြင်း’အပေါ် အလွန်စိတ်ပျက်မိကြောင်း ပူးတွဲကြေညာချက်၌ ဖော်ပြသည်။

အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အမှတ်တရဓာတ်ပုံရိုက်ကူးနေစဉ်၊ဓာတ်ပုံ - Prak Sokhonn /FB
အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အမှတ်တရဓာတ်ပုံရိုက်ကူးနေစဉ်၊ဓာတ်ပုံ - Prak Sokhonn /FB

အာဆီယံသည် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများနှင့် ပြည်သူလူထု၏ အသံများကို နားထောင်လျက် အကြမ်းဖက်စစ်အုပ်စုကို ဖယ်ရှားရန် ထင်ရှားပြတ်သားသည့် ခြေလှမ်းများကို လျှောက်လှမ်းရမည်ဟု NUG နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

(၅၅)ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးရလဒ်များအပေါ် အမျိုးသားညီညွတ်ရေးအစိုးရ၏ သဘောထားကို ယနေ့ထုတ်ပြန်ခြင်းဖြစ်ပြီး အဆိုပါအစည်းအဝေးတွင် မြန်မာနိုင်ငံနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ခြင်းနှင့် ပူးတွဲကြေညာချက်တွင် မြန်မာ့အရေး ထည့်သွင်းခဲ့ခြင်းအပေါ် ကြိုဆိုကြောင်းဖော်ပြသည်။

အာဆီယံနိုင်ငံခြားရေးဝန်ကြီးများသည် အကြမ်းဖက်စစ်အုပ်စု၏ အာဆီယံဘုံသဘော တူညီချက်ငါးရပ်ကို အကောင်အထည်ဖော်ရာတွင် ‘ကတိကဝတ်မရှိခြင်း’အပေါ် အလွန်စိတ်ပျက်မိကြောင်း ပူးတွဲကြေညာချက်၌ ဖော်ပြသည်။

သို့သော် အကြမ်းဖက်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် ၎င်း၏ အကြမ်းဖက်စစ်အုပ်စုတို့၏ ‘ကတိကဝတ်မရှိခြင်း’ မှာ အာဆီယံ၏ ကြိုးပမ်းအားထုတ်မှုများကို ဖျက်ဆီးရန် တမင်ရည်ရွယ်သော နည်းဗျူဟာတစ်ခုဖြစ်ကြောင်း အာဆီယံဥက္ကဋ္ဌ ၊ အထူးသံတမန် အပါအဝင် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအနေဖြင့် ကောင်းစွာ သဘောပေါက်မည်ဟု NUG က ယုံကြည်သည်။

မြန်မာနိုင်ငံအပေါ် ခိုင်မာသော အရေးယူဆောင်ရွက်မှုများချမှတ်နိုင်ရန်အတွက် အာဆီယံ၏ ဆုံးဖြတ်ချက်မချမီ အကြမ်းဖက်စစ်အုပ်စု၏ ဘုံသဘောတူညီချက်ငါးရပ်ကို အကောင် အထည်ဖော်ခြင်းနှင့်ပတ်သက် ၍ တိုးတက်မှုကို ပြန်လည်အကဲဖြတ်ရန် လာမည့် နိုဝင်ဘာလတွင် ကျင်းပမည့် အာဆီယံထိပ်သီးအစည်းအဝေးအထိ စောင့်ဆိုင်းရန် ဆုံးဖြတ်ချက်အပေါ် NUG က လွန်စွာစိုးရိမ်ပူပန်ကြောင်းလည်း ဖော်ပြသည်။

မြန်မာပြည်သူလူထု၏တရားဝင်အစိုးရအဖြစ် ရွေးကောက်တင်မြောက်ခြင်းခံထားရသည့် NUG သည် အာဆီယံထိပ်သီးအစည်းအဝေးတွင် ပါဝင်တက်ရောက်ကာ အကြမ်းဖက် စစ်အာဏာရှင်များ၏ လှုံ့ဆော်လျက်ရှိသည့် ဒေသတွင်း ယိုယွင်းပျက်စီးနေသော အကျပ်အတည်း အခြေအနေများကို ဖြေရှင်းရာတွင် ပါဝင်ကူညီပေးရမည်ဖြစ်ကြောင်း ဆက်လက်ဖော်ပြသည်။

ထို့အပြင် အာဆီယံပူးတွဲကြေညာချက်၏ တောင်းဆိုချက်နှင့်အညီ အမျိုးသားညီညွတ်ရေး အစိုးရသည် အာဆီယံ၏ အထူးသံတမန် Prak Sokhonn နှင့် အမြန်ဆုံး တွေ့ဆုံဆွေးနွေးနိုင်မည်ဟု ယုံကြည်ကြောင်း ထုတ်ပြန်သည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

NUG ကာကွယ်ရေးဝန်ကြီးဌာနကလည်း သဝဏ်လွှာပေးပို့ခဲ့ရာ စစ်အာဏာရှင်စနစ်အပါအဝင် အာဏာရှင်စနစ်အားလုံး ချုပ်ငြိမ်းပြီး ကိုယ်ပိုင်ပြဌာန်းခွင့်၊တန်းတူရေးနှင့် တရားမျှတရေးတို့ကို အပြည့်အဝ အာမခံသော အနာဂတ်ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စုကို အတူတကွ လက်တွဲတည်ဆောက်နိုင်ပါစေဟု ဖော်ပြခဲ့သည်။

သတင်း

ငှက်ပစ်စီမံချက်ဟု လူသိများသည့် အထက်ပါ Project Dragonfly စီမံချက်ကို မတ်လကုန်တွင် စတင်ခဲ့ပြီး စစ်အာဏာရှင်အမြစ်ဖြတ်ရေး ဆန္ဒရှိသူ ပြည်တွင်း၊ ပြည်ပရှိ ပြည်သူလူထု၏ ထည့်ဝင်မှုဖြင့် ၁၀ ရက်ကျော်အတွင်း အမေရိကန်ဒေါ်လာ ၂ ဒသမ ၂ မီလီယံကျော်ကောက်ခံရရှိခဲ့ခြင်း ဖြစ်သည်။

သတင်း

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီဥက္ကဌ ဦးအောင်ကြည်ညွန့်ကလည်း ယခုနွေဦးတော်လှန်ရေးတွင် ခေတ်အဆက်ဆက်တိုင်းပြည်ကို ဖျက်ဆီးခဲ့သောစစ်အာဏာရှင်များနှင့် အပေါင်းအပါများကို အမြစ်ဖြတ်ရမည့် နောက်ဆုံးတိုက်ပွဲအဖြစ် ကြိုးပမ်းသွားရမည်ဟု တိုက်တွန်းသည်။

သတင်း

အဆိုပါ ကျေးရွာတွင် ဆရာ၊ဆရာမ ၇၀ ဝန်းကျင်ဖြင့် ကျောင်းသား၊ကျောင်းသူ ၆၀၀ ကျော်ကို မူလတန်းမှ အထက်တန်းထိ ပညာသင်ကြားပေးနေကြောင်း သိရသည်။