Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ငှက်ပစ်စီမံချက်အရ ကနဦးပစ္စည်းအချို့ကိုစတင် အသုံးပြုနေပြီဟု NUG အသိပေး

ငှက်ပစ်စီမံချက်ဟု လူသိများသည့် အထက်ပါ Project Dragonfly စီမံချက်ကို မတ်လကုန်တွင် စတင်ခဲ့ပြီး စစ်အာဏာရှင်အမြစ်ဖြတ်ရေး ဆန္ဒရှိသူ ပြည်တွင်း၊ ပြည်ပရှိ ပြည်သူလူထု၏ ထည့်ဝင်မှုဖြင့် ၁၀ ရက်ကျော်အတွင်း အမေရိကန်ဒေါ်လာ ၂ ဒသမ ၂ မီလီယံကျော်ကောက်ခံရရှိခဲ့ခြင်း ဖြစ်သည်။

ငှက်ပစ်စီမံချက်အရ ကနဦးပစ္စည်းအချို့ကိုစတင် အသုံးပြုနေပြီဟု NUG အသိပေး
ငှက်ပစ်စီမံချက်အရ ကနဦးပစ္စည်းအချို့ကိုစတင် အသုံးပြုနေပြီဟု NUG အသိပေး

Project Dragonfly စီမံချက်အောင်မြင်ရန် ထောက်ပံ့ကူညီခဲ့သူအားလုံးကို ကျေးဇူးတင်ကြောင်းထုတ်ပြန်

အကြမ်းဖက်စစ်ကောင်စီ၏ လေကြောင်းမှတိုက်ခိုက်မှုများကို ခုခံကာကွယ်ရန် ပြည်သူများ ထည့်ဝင်ခဲ့သော Project Dragonfly စီမံချက်မှ ကနဦးပစ္စည်းအချို့ကိုစတင် အသုံးပြုနေပြီဖြစ် ကြောင်းနှင့် Project Dragonfly စီမံချက်အောင်မြင်ရန် ထောက်ပံ့ကူညီခဲ့သူအားလုံးကို အထူး ကျေးဇူးတင်ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

“PROJECT DRAGONFLY စီမံချက်အောင်မြင်စေရန် ထောက်ပံ့ကူညီပေးခဲ့ကြသည့် ပြည်သူများ၊ အသိပညာရှင်၊အတတ်ပညာရှင်၊အနုပညာရှင်များအားလုံးကို ကျွန်ုပ်တို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက အထူးကျေးဇူးတင်ရှိကြောင်း ဖော်ပြအပ်ပါသည်” ဟု ယနေ့ ထုတ်ပြန်သည်။

ဆက်လက်ပြီး “လူကြီးမင်းတို့အားလုံး ထောက်ပံ့ကူညီခဲ့ကြသည့် PROJECT DRAGONFLY စီမံချက်မှတစ်ဆင့် ရရှိလာသော ရန်ပုံငွေများအား စစ်ရေးမဟာဗျုဟာများနှင့်အညီ အသုံးချလျက်ရှိရာ ကနဦးပစ္စည်းအချို့မှာ စတင်တာဝန်ထမ်းဆောင်နေပြီ ဖြစ်ပါသည်။ ထပ်မံ၍ လိုအပ်သောပစ္စည်းများ ဆက်လက်ရရှိရေးနှင့်ထိရောက်စွာအသုံးပြုနိုင်ရေး စနစ်တကျ ဆောင်ရွက်နေပြီ ဖြစ်ပါကြောင်း လေးစားစွာအသိပေးအပ်ပါသည်” ဟု ထုတ်ပြန်သည်။

ငှက်ပစ်စီမံချက်ဟု လူသိများသည့် အထက်ပါ Project Dragonfly စီမံချက်ကို မတ်လကုန်တွင် စတင်ခဲ့ပြီး စစ်အာဏာရှင်အမြစ်ဖြတ်ရေး ဆန္ဒရှိသူ ပြည်တွင်း၊ ပြည်ပရှိ ပြည်သူလူထု၏ ထည့်ဝင်မှုဖြင့် ၁၀ ရက်ကျော်အတွင်း အမေရိကန်ဒေါ်လာ ၂ ဒသမ ၂ မီလီယံကျော်ကောက်ခံရရှိခဲ့ခြင်း ဖြစ်သည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

NUG ကာကွယ်ရေးဝန်ကြီးဌာနကလည်း သဝဏ်လွှာပေးပို့ခဲ့ရာ စစ်အာဏာရှင်စနစ်အပါအဝင် အာဏာရှင်စနစ်အားလုံး ချုပ်ငြိမ်းပြီး ကိုယ်ပိုင်ပြဌာန်းခွင့်၊တန်းတူရေးနှင့် တရားမျှတရေးတို့ကို အပြည့်အဝ အာမခံသော အနာဂတ်ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စုကို အတူတကွ လက်တွဲတည်ဆောက်နိုင်ပါစေဟု ဖော်ပြခဲ့သည်။

သတင်း

အာဆီယံနိုင်ငံခြားရေးဝန်ကြီးများသည် အကြမ်းဖက်စစ်အုပ်စု၏ အာဆီယံဘုံသဘော တူညီချက်ငါးရပ်ကို အကောင်အထည်ဖော်ရာတွင် ‘ကတိကဝတ်မရှိခြင်း’အပေါ် အလွန်စိတ်ပျက်မိကြောင်း ပူးတွဲကြေညာချက်၌ ဖော်ပြသည်။

သတင်း

ယနေ့ လေကြောင်းတိုက်ခိုက်မှု နှင့်ပတ်သက်ပြီး မေးမြန်းရန် ကချင်လွတ်လပ် ရေးတပ်မတော်(KIA) သတင်းနှင့် ပြန်ကြားရေးဌာန တာဝန်ခံဗိုလ်မှူးကြီး နော်ဘူထံ ဆက်သွယ်နေဆဲဖြစ်သည်။

သတင်း

ကရင်နီပြည်နယ်၌ ရဟတ်ယာဥ်ဖြင့် လူထုကိုပစ်မှတ်ထား၍ ဗုံးကြဲတိုက်ခိုက်သည်မှာ ယခုအကြိမ် အပါအဝင် လေးကြိမ်ဖြစ်ပြီး အရပ်သား လေးဦးသေဆုံးခဲ့သည်။