Connect with us
close

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

နျူကလီးယားလက်နက် သုံးရင် မြောက်ကိုရီးယားအစိုးရ အဆုံးသတ်သွားစေရမယ်လို့ တောင်ကိုရီးယား သတိပေး

မြောက်ကိုရီးယားက ကိုရီးယား ကျွန်းဆွယ် တဝိုက်မှာ တောင်ကိုရီးယားရဲ့ မဟာမိတ် အမေရိကန်က စစ်အင်အား ပိုမိုဖြန့်ကျက်လာနေတဲ့အပေါ် ခါးခါးသီးသီး ဝေဖန်ပြီး နျူကလီးယား လက်နက်တွေနဲ့ တုံ့ပြန်မယ်လို့ မကြာသေးခင်က ခြိမ်းခြောက်ထားပါတယ်။

နျူကလီးယားလက်နက် သုံးရင် မြောက်ကိုရီးယားအစိုးရ အဆုံးသတ်သွားစေရမယ်လို့ တောင်ကိုရီးယား သတိပေး
နျူကလီးယားလက်နက် သုံးရင် မြောက်ကိုရီးယားအစိုးရ အဆုံးသတ်သွားစေရမယ်လို့ တောင်ကိုရီးယား သတိပေး

နျူကလီးယားလက်နက် ထုတ်သုံးလိုက်ပြီ ဆိုတာနဲ့ မြောက်ကိုရီးယား အစိုးရရဲ့ အဆုံးသတ် ကာလကို ရောက်သွားစေမယ်လို့ တောင်ကိုရီးယားက သတိပေးခဲ့ပါတယ်။

ပြိုင်ဘက် မြောက်ကိုရီးယား နိုင်ငံက နျူကလီးယား လက်နက်တွေ အမှန်တကယ် ပိုင်ဆိုင်လာသလို လက်တွေ့ အသုံးပြုမယ် ဆိုတာမျိုး မကြာခဏ ခြိမ်းခြောက်နေတဲ့အပေါ် ဇူလိုင် ၂၁ ရက်မှာ တောင်ကိုရီးယား အခုလို တင်းတင်းမာမာ တုံ့ပြန်ခဲ့တာ ဖြစ်ပါတယ်။

မြောက်ကိုရီးယားက ကိုရီးယား ကျွန်းဆွယ် တဝိုက်မှာ တောင်ကိုရီးယားရဲ့ မဟာမိတ် အမေရိကန်က စစ်အင်အား ပိုမိုဖြန့်ကျက်လာနေတဲ့အပေါ် ခါးခါးသီးသီး ဝေဖန်ပြီး နျူကလီးယား လက်နက်တွေနဲ့ တုံ့ပြန်မယ်လို့ မကြာသေးခင်က ခြိမ်းခြောက်ထားပါတယ်။

ဒါပေမဲ့ အဲဒီစကားအတိုင်းသာ မြောက်ကိုရီးယားက ဖျက်အားပြင်း နျူကလီးယား လက်နက်တွေ အမှန်တကယ် ထုတ်သုံးခဲ့မယ်ဆိုရင် ကင်ဂျုံအန်း ဦးဆောင်နေတဲ့ မြောက်ကိုရီးယား အစိုးရဟာ သေချာပေါက် အဆုံးသတ်သွားလိမ့်မယ်လို့ တောင်ကိုရီးယား ကာကွယ်ရေး ဝန်ကြီးဌာနက တုံ့ပြန်ခဲ့တာပါ။

တောင်ကိုရီးယားနဲ့ အမေရိကန်တို့ရဲ့ ခြွင်းချက်မရှိ သဘောတူညီမှုအရ နျူကလီးယား တိုက်ခိုက်မှု တစ်ခုခုနဲ့ ကြုံလာပြီ ဆိုတာနဲ့ သည်းသည်းမည်းမည်း၊ ပြင်းပြင်းထန်ထန် မလျှော့စတမ်း ပြန်လည် တိုက်ခိုက်သွားမှာ ဖြစ်တယ်လို့ တောင်ကိုရီးယားက ဝန်ကြီးဌာနက ကြေညာခဲ့ပါတယ်။

အမေရိကန်ရဲ့ နျူကလီးယား ရေငုပ်သင်္ဘောကြီးတစ်စီး တောင်ကိုရီးယားမှာ ကမ်းကပ်ရပ်နားမှုနဲ့ ပတ်သက်ပြီး ရန်လိုခြိမ်းခြောက်တဲ့ လုပ်ရပ်တစ်ခုအဖြစ် မြောက်ကိုရီးယားက စွပ်စွဲထားပေမယ့် တောင်ကိုရီးယားကတော့ ကာကွယ်ရေး အစီအမံ တစ်ရပ်အနေနဲ့ အပြည့်အဝ လုပ်ပိုင်ခွင့် ရှိတယ်လို့ ပြောကြားထားပါတယ်။

အစောပိုင်းမှာ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်ကလည်း အမေရိကန်ရဲ့ မဟာမိတ်နိုင်ငံ တစ်ခုခုကို နျူကလီးယားနဲ့ တိုက်ခိုက်မယ်ဆိုရင် မြောက်ကိုရီးယား အပါအဝင် ဘယ်သူမဆို အပြင်းထန်ဆုံး၊ အကြမ်းတမ်းဆုံး နောက်ဆက်တွဲ ပြဿနာတွေကို ကြိုတင် တွေးတောထားသင့်ကြောင်း သတိပေးထားခဲ့ပါတယ်။