Connect with us
close

Hi, what are you looking for?

LuduNwayOo

ဗီဒီယို

ကမ္ဘောဒီးယားမှာ လူသားတွေကို ကြက်ငှက်တုပ်ကွေး ကူးစက်မှု အလေးထား ကိုင်တွယ်နေတယ်လို့ WHOပြော

ကြက်ငှက်တုပ်ကွေး ဗိုင်းရပ်စ်တွေထဲက H5N1 မျိုးကွဲဟာ လူသားတွေဆီ ကူးစက်မှု နှစ်ခုကို ဖော်ထုတ် တွေ့ရှိခဲ့တဲ့နောက် ဒီကိစ္စကို WHOက ကမ္ဘောဒီးယား အာဏာပိုင်တွေနဲ့ အနီးကပ် ညှိနှိုင်း ကိုင်တွယ်နေပါတယ်။ အဲဒီ ကူးစက်လူနာ နှစ်ဦးစလုံးဟာ မိသားစု တစ်ခုတည်းက ဖြစ်ပါတယ်။

ကမ္ဘောဒီးယား နိုင်ငံမှာ လူသားတွေကို ကြက်ငှက်တုပ်ကွေး ရောဂါ ကူးစက်မှုတွေနဲ့ ပတ်သက်လို့ အလေးထား တုံ့ပြန် ကိုင်တွယ်နေကြောင်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO)က အတည်ပြုပါတယ်။

ကြက်ငှက်တုပ်ကွေး ဗိုင်းရပ်စ်တွေထဲက H5N1 မျိုးကွဲဟာ လူသားတွေဆီ ကူးစက်မှု နှစ်ခုကို ဖော်ထုတ် တွေ့ရှိခဲ့တဲ့နောက် ဒီကိစ္စကို WHOက ကမ္ဘောဒီးယား အာဏာပိုင်တွေနဲ့ အနီးကပ် ညှိနှိုင်း ကိုင်တွယ်နေပါတယ်။ အဲဒီ ကူးစက်လူနာ နှစ်ဦးစလုံးဟာ မိသားစု တစ်ခုတည်းက ဖြစ်ပါတယ်။

ဖေဖော်ဝါရီ ၂၃ ရက်မှာ ကမ္ဘောဒီးယား အာဏာပိုင်တွေက H5N1 ကူးစက်ပြီး အသက် ၁၁ နှစ်အရွယ် မိန်းကလေးတစ်ဦး သေဆုံးတယ်လို့ ထုတ်ပြန်ပါတယ်။ အဲဒီနောက် သူနဲ့ အနီးကပ် ထိတွေ့သူ ၁၂ ဦးကို ဆေးစစ်တဲ့အခါ တုပ်ကွေး လက္ခဏာတွေ ပြသနေတဲ့ ဖခင်ဖြစ်သူက positive ရလဒ် ထွက်ပေါ်ခဲ့တာပါ။

အခုလ အစောပိုင်းမှာ WHOက H5N1က လူသားတွေဆီ ကူးစက်နိုင်ခြေ အရမ်းနိမ့်တယ်လို့ မှတ်ချက် ပေးခဲ့ဖူးပေမယ့် ဒီဗိုင်းရပ်စ်က နို့တိုက် သတ္တဝါ မျိုးစိတ်တွေမှာပါ အတွေ့ရ များလာတာကို စိုးရိမ်ရတယ်လို့ WHOရဲ့ ကူးစက်ရောဂါဆိုင်ရာ တားဆီးရေးနဲ့ ကြိုတင်ပြင်ဆင်ရေးဌာန အကြီးအကဲ ဒေါက်တာ ဆယ်လ်ဗီ ဘရိုင်ယန်က ဆိုပါတယ်။

“H5N1ရဲ့ ကမ္ဘာလုံးဆိုင်ရာ အခြေအနေက စိုးရိမ်သင့်တဲ့ အနေအထား ရှိပါတယ်။ တောရိုင်း ငှက်တွေကနေတဆင့် ကမ္ဘာအနှံ့ကို ပျံ့နှံ့နိုင်ပြီး လူသားတွေ အပါအဝင် နို့တိုက် သတ္တဝါ မျိုးစိတ်တွေမှာ ရောဂါဖြစ်ပွားမှုက မြင့်တက်လာနေပါတယ်”လို့ ဒေါက်တာ ဘရိုင်ယန်က သတိပေးခဲ့ပါတယ်။

H5N1ရဲ့ ခြိမ်းခြောက်မှု အန္တရာယ်နဲ့ ပတ်သက်လို့ WHOက အလေးအနက် သဘောထားကြောင်း၊ နိုင်ငံတိုင်းကလည်း နိုးနိုးကြားကြားနဲ့ တုံ့ပြန်ဖို့ တိုက်တွန်းလိုကြောင်း သူက ဆိုပါတယ်။

ကြက်ငှက်တုပ်ကွေး ဗိုင်းရပ်စ် H5N1ရဲ့ 2.3.4.4b အုပ်စုဝင် မျိုးကွဲကို ၂၀၂၀ ပြည့်နှစ်မှာ စတင် တွေ့ရှိခဲ့ပါတယ်။ အဲဒီ မျိုးကွဲကြောင့် မကြာသေးခင် လပိုင်းတွေ အတွင်းက ကမ္ဘာ့ဒေသ တချို့မှာ တောရိုင်းငှက်တွေအပြင် မွေးမြူရေး ကြက်ဝက်တွေ အတော်များများ သေကြေ ပျက်စီးခဲ့ရပါတယ်။ အဲဒီ ဗိုင်းရပ်စ်ဟာ နို့တိုက်သတ္တဝါတွေကိုပါ ကူးစက်နိုင်ပြီး ရောဂါကူးစက်နိုင်တာကြောင့် WHOက စိုးရိမ်တကြီး စောင့်ကြည့်ပြီး ရောဂါ တားဆီးရေး အစီအမံတွေ အကောင်အထည်ဖော် ကိုင်တွယ်နေတာ ဖြစ်ပါတယ်။

You May Also Like

ဗီဒီယို

သတင်းတစ်ခုက WHOဟာ ကိုဗစ်ရောဂါ ဖြစ်ပွားစေတဲ့ Sars-Cov-2 ကိုရိုနာဗိုင်းရပ်စ်ရဲ့ မူလအစကို စုံစမ်းဖော်ထုတ်မယ့် အားထုတ်မှုတွေကို စွန့်လွှတ်လိုက်ပြီဖြစ်ကြောင်း ဖော်ပြလာတဲ့နောက် ဖေဖော်ဝါရီ ၁၅ ရက်မှာ ဒေါက်တာ တက်ဒ်ရော့စ် အက်ဒ်ဟာနွမ် ဂီဘရီယီးဆက်စ်က အခုလို တုံ့ပြန်ခဲ့တာပါ။

နိုင်ငံတကာ

လောလောဆယ်မှာ ကိုဗစ်ရောဂါရဲ့ သဘောသဘာဝဟာ စပ်ကူးမတ်ကူး ကာလမျိုးကို ဖြတ်သန်း ဝင်ရောက်နေဆဲဖြစ်ပြီး အလေးထား စောင့်ကြည့်မှုတွေ ဆက်လက် လိုအပ်နေတယ်လို့ ကော်မတီက မှတ်ချက် ပေးခဲ့ပါတယ်။

ဗီဒီယို

WHOက ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်သွားမှာ ဖြစ်သလို အလားတူ အခြေအနေတွေ ပေါ်ပေါက်မလာအောင် နိုင်ငံ အသီးသီးရဲ့ အစိုးရတွေက နိုးနိုးကြားကြား ပြင်ဆင်ထားဖို့လည်း ဆော်ဩခဲ့ပါတယ်။

သတင်း

ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)၏ စာရင်းများအရ ပြီးခဲ့သည့် တစ်ပတ်အတွင်း တစ်ကမ္ဘာလုံးတွင် COVID-19 လူနာသစ်ဖြစ်ပွားမှု မြင့်တက်လာသည်ဟု ဆိုသည်။