Connect with us
close

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

ရုရှားပိုင်နက်ထဲက ဒုံးကျည်စနစ်ကို အနောက်နိုင်ငံလုပ် လက်နက်တွေသုံးပြီး ဖျက်ဆီးနိုင်ခဲ့တယ်လို့ ယူကရိန်းထုတ်ပြန်

အခုတိုက်ခိုက်မှုမှာ အမေရိကန်လုပ် တာဝေးပစ် ဒုံးကျည်တွေကို အသုံးပြုခဲ့သလား ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ ဒါ့အပြင် ရုရှားနိုင်ငံရဲ့ ဘယ်အစိတ်အပိုင်းကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့သလဲ ဆိုတာကိုလည်း ယူကရိန်း စစ်တပ်က အတိအကျ မထုတ်ပြန်ခဲ့ပါဘူး။

ရုရှားပိုင်နက်ထဲက ဒုံးကျည်စနစ်ကို အနောက်နိုင်ငံလုပ် လက်နက်တွေသုံးပြီး ဖျက်ဆီးနိုင်ခဲ့တယ်လို့ ယူကရိန်းထုတ်ပြန်
ရုရှားပိုင်နက်ထဲက ဒုံးကျည်စနစ်ကို အနောက်နိုင်ငံလုပ် လက်နက်တွေသုံးပြီး ဖျက်ဆီးနိုင်ခဲ့တယ်လို့ ယူကရိန်းထုတ်ပြန်

အနောက် မဟာမိတ် နိုင်ငံတွေက ထောက်ပံ့တဲ့ စစ်လက်နက်တွေကို အသုံးပြုပြီး ရုရှားပိုင်နက်ထဲက ဒုံးကျည်စနစ် တစ်ခုကို ဖျက်ဆီးပစ်နိုင်ခဲ့တယ်လို့ ယူကရိန်း စစ်တပ်က ပြောကြားခဲ့ပါတယ်။

ရုရှားရဲ့ S-300 လေကြောင်းကာကွယ်ရေး ဒုံးကျည်စနစ်ဟာ လှလှပပ လောင်ကျွမ်း ပျက်စီးသွားခဲ့ကြောင်း၊ အနောက်နိုင်ငံလုပ် စစ်လက်နက်တွေကို ရန်သူ့ ပိုင်နက်ထဲမှာ အသုံးပြုဖို့ ခွင့်ပြုချက် ရရှိပြီး ပထမဆုံး နေ့မှာတင် အခုလို အစွမ်းပြနိုင်ခဲ့တာဖြစ်ကြောင်း ယူကရိန်း အစိုးရ အဖွဲ့ဝင် အိုင်ရီနာ ဗက်ရှ်ချော့ခ်ရဲ့ Facebook စာမျက်နှာမှာ ရေးသား ဖော်ပြထားခဲ့ပါတယ်။

ဒါ့အပြင် အဲဒီ တိုက်ခိုက်မှုကြောင့် မီးလောင်နေတယ်လို့ ယုံကြည်ရတဲ့ ရုရှား ဒုံးကျည်စနစ်ရဲ့ ဓာတ်ပုံကိုပါ သူက Facebookပေါ် တင်ထားခဲ့ပါတယ်။

အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်က ယူကရိန်းဆီ ထောက်ပံ့ထားတဲ့ စစ်လက်နက်တွေကို ရုရှားပိုင်နက်ထဲက ပစ်မှတ်တွေထိ တိုက်ခိုက်ဖို့ အကန့်အသတ်နဲ့ ခွင့်ပြုသွားမယ်လို့ ပြောကြားပြီး ရက်ပိုင်းအတွင်း အခုအခြေအနေ ဖြစ်လာတာပါ။ အမေရိကန်ရဲ့ တခြား အနောက်ဥရောပ မဟာမိတ်တွေကလည်း သူတို့ထောက်ပံ့တဲ့ စစ်လက်နက်တွေကို ရုရှားပိုင်နက်ထဲမှာ မသုံးဖို့ ယူကရိန်းအပေါ် ကန့်သတ်ထားတာတွေကို တစ်စချင်းစီ ဖြေလျှော့ပေးနေပါတယ်။

Public Service Announcement

Public Service Announcement

အခုတိုက်ခိုက်မှုမှာ အမေရိကန်လုပ် တာဝေးပစ် ဒုံးကျည်တွေကို အသုံးပြုခဲ့သလား ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ ဒါ့အပြင် ရုရှားနိုင်ငံရဲ့ ဘယ်အစိတ်အပိုင်းကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့သလဲ ဆိုတာကိုလည်း ယူကရိန်း စစ်တပ်က အတိအကျ မထုတ်ပြန်ခဲ့ပါဘူး။

ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက စစ်လက်နက်တွေကို ရုရှားပိုင်နက်ထဲမှာထိ အသုံးပြုခွင့် ပေးခဲ့တဲ့ ဘိုင်ဒန်ရဲ့ ဆုံးဖြတ်ချက်အပေါ် ဝမ်းမြောက်ဝမ်းသာ ကြိုဆိုခဲ့ပါတယ်။ တစ်ဖက်မှာတော့ ရုရှားက နိုင်ငံ အချုပ်အခြာ အာဏာကို ထိပါးတယ်လို့ ယူဆတဲ့ တိုက်ခိုက်မှုတွေမှာ ယူကရိန်းသာ မကဘဲ စစ်လက်နက် ထောက်ပံ့တဲ့ နိုင်ငံတွေလည်း တာဝန်ရှိတယ်လို့ သတ်မှတ်ပြီး လိုအပ်သလို တုံ့ပြန်မယ်လို့ ခြိမ်းခြောက်ထားပါတယ်။

စစ်ရေး သုတေသီတွေကတော့ တကယ်လို့သာ အမေရိကန် ထောက်ပံ့တဲ့ စစ်လက်နက် တစ်ခုခုကို အသုံးပြုခဲ့ရိုးမှန်ရင် အခုပျက်စီးသွားတဲ့ S-300ဟာ ယူကရိန်း နယ်စပ်နဲ့ သိပ်မဝေးတဲ့ နေရာမှာ ရှိနေတာ ဖြစ်နိုင်တယ်လို့ သုံးသပ်ကြပါတယ်။ အမေရိကန်ဟာ ယူကရိန်းဆီ ထောက်ပံ့ထားတဲ့ထဲမှာ ကီလိုမီတာ ၃၀၀ ကျော်လောက်ထိ ပျံသန်းနိုင်တဲ့ တာဝေးပစ် ဒုံးကျည်တွေကို ရုရှားပိုင်နက်ထဲမှာ အသုံးပြုခွင့် မပေးသေးဘဲ ကီလိုမီတာ ၇၀ လောက်သာ ခရီးရောက်တဲ့ တာတိုပစ် အမျိုးအစားတွေကိုပဲ ကန့်သတ်ခွင့်ပြုထားသေးတာ ဖြစ်ပါတယ်။

ကိုးကား: CNN

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တရုတ်လိုမျိုး တောင့်တင်းအားကောင်းတဲ့၊ လွတ်လပ်တဲ့၊ ဩဇာကြီးမားတဲ့ နိုင်ငံမျိုးက ပူတင် အလိုကျ အသုံးတော်ခံနေတဲ့ အခြေအနေမျိုး မြင်ရတာကို စိတ်မကောင်းကြောင်း ဇီလန်စကီးက ဆိုပါတယ်။

နိုင်ငံတကာ

သမ္မတ ဂျိုးဘိုင်ဒန်ရဲ့ အစိုးရဟာ ယူကရိန်းအတွက် ထောက်ပံ့ထားတဲ့ အမေရိကန် စစ်လက်နက်တွေကို ရုရှားပိုင်နက်ထဲမှာရှိတဲ့ စစ်ရေးပစ်မှတ်တွေဆီ တန်ပြန် ဖိအားပေးမှု ရည်ရွယ်ချက်အတွက် တိုက်ခိုက်တာကို ခွင့်ပြုသွားမယ်လို့ မေလ ၃၀ ရက်နေ့မှာ ကြေညာခဲ့ပါတယ်။

နိုင်ငံတကာ

ဇီလန်စကီးကတော့ ရုရှားတပ်တွေ သိမ်းယူထားတဲ့ ယူကရိန်းပိုင်နက် နယ်မြေအားလုံး ပြန်မရမချင်း သူဟာ ပူတင်နဲ့ စစ်ပွဲရပ်ဆိုင်းရေးကိစ္စ ဆွေးနွေးဖို့ မဖြစ်နိုင်ကြောင်း တွင်တွင် ငြင်းဆိုထားပါတယ်။

နိုင်ငံတကာ

ဇီလန်စကီးရဲ့ အဆိုအရ မတ်လ တစ်လတည်းမှာတင် ယူကရိန်း နိုင်ငံအနှံ့ ရုရှားရဲ့ လေဟုန်စီးဗုံး အလုံးပေါင်း ၃၀၀၀ ကျော် ကြဲချခဲ့တယ်လို့ သိရပါတယ်။