Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

အုတ်ဖိုတွင် စခန်းအပြင်သို့ထွက်လာသော စစ်ကောင်စီတပ်သားများ မိုင်းဆွဲခံရ

ဇွန်လ ၄ ရက် နံနက် ၁၀ နာရီခန့်က ဝိုင်းရွာရဲစခန်းမှ ထွက်လာသော စစ်ကောင်စီတပ်သားငါးဦးကို စခန်းမှအထွက် လမ်းကျဥ်းတစ်ခု၌ TNT အမျိုးအစားပဒေသာမိုင်း သုံးလုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

(သာယာဝတီခရိုင် PDF တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၄ မှ ရဲဘော်များအား လက်နက်ခဲယမ်းများနှင့်အတူ တွေ့ရစဥ်။ ဓာတ်ပုံ-UGF/okpo)
(သာယာဝတီခရိုင် PDF တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၄ မှ ရဲဘော်များအား လက်နက်ခဲယမ်းများနှင့်အတူ တွေ့ရစဥ်။ ဓာတ်ပုံ-UGF/okpo)

ကျော်ဇော/People’s Spring

ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်၊ ဝိုင်းကျေးရွာရဲစခန်းမှ စစ်​ကောင်စီတပ်သားများ စခန်းအပြင်ထွက်လာစဥ် ပဒေသာမိုင်းများဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း သာယာဝတီခရိုင် PDF တပ်ရင်း ၃၈၀၂၊ တပ်ခွဲ(၄) မြေအောက်ပြောင်ကျားတပ်ဖွဲ့-အုတ်ဖိုမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဇွန်လ ၄ ရက် နံနက် ၁၀ နာရီခန့်က ဝိုင်းရွာရဲစခန်းမှ ထွက်လာသော စစ်ကောင်စီတပ်သားငါးဦးကို စခန်းမှအထွက် လမ်းကျဥ်းတစ်ခု၌ TNT အမျိုးအစားပဒေသာမိုင်း သုံးလုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

“ဝိုင်းရဲစခန်းမှာ စကစတွေအထွက်ကို လမ်းကြပ်မှာ မိုင်းကွင်းဆင်ပြီးတော့ ထောင်ထားတာ။ မနက် ၁၀နာရီလောက်လဲကျရော ဒီကောင်တွေ အရက်သောက်ဖို့ ထွက်လာတာ။ ငါးယောက်ထွက်လာတာ။ မိုင်းကွင်းတည့်တည့်လည်းရောက်ရော ခွဲချပစ်လိုက်တယ်”ဟု တပ်ရင်း ၃၈၀၂၊ တပ်ခွဲ(၄)မှ တပ်ခွဲမှူးဖြစ်သူက လူထုနွေဦးသို့ ပြောသည်။

Public Service Announcement

Public Service Announcement

မိုင်းဆွဲတိုက်ခိုက်ခံရမှုကြောင့် စစ်ကောင်စီတပ်သားသုံးဦး နေရာတင်ပွဲချင်းပြီး သေဆုံးပြီး နှစ်ဦးမှာ ပြင်းထန်ဒဏ်ရာရရှိသွားကာ ဒဏ်ရာရသူနှစ်ဦးအား စခန်းအတွင်းမှ စစ်ကောင်စီတပ်သားများက လာရောက်သယ်ဆောင်သွားကြောင်း ၎င်းက ဆက်ပြော သည်။

ထို့နောက် စစ်ကောင်စီတပ်သားများက ဝိုင်းရွာရဲစခန်းအတွင်းမှနေ၍ ၇၉ မမ၊ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် မိနစ် ၂၀ ခန့် ရမ်းသမ်းပစ်ခတ်ခဲ့သော်လည်း တော်လှန်ရေးရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း တပ်ရင်း ၃၈၀၂၊ တပ်ခွဲ(၄)က အသိပေးသည်။

တပ်ရင်း ၃၈၀၂၊ တပ်ခွဲ(၄)မြေအောက်ပြောင်ကျားတပ်ဖွဲ့-အုတ်ဖိုအနေဖြင့် မြို့ပြစစ်ဆင် ရေးများ ဆက်လက်လုပ်ဆောင်မည်ဖြစ်ရာ ပြည်သူများအနေနှင့် စစ်ကောင်စီတပ်၊ ရဲ၊ အုက်ကြီး၊ ပျူစောထီး၊ သတင်းပေးဒလန် စသည့် စစ်ကောင်စီထောက်တိုင်များအနီးနေထိုင်သွားလာခြင်းများမပြုလုပ်ကြရန် မေတ္တာရပ် ခံထားသည်။

ပဲခူးတိုင်းအနောက်ခြမ်းရှိ ပေါင်းတည်မြို့နယ်တွင်လည်း ဇွန်လ ၁ ရက်နေ့နေ့လယ်ပိုင်းက အင်အား ၄၀ခန့်ပါ စစ်ကောင်စီတပ်စစ် ကြောင်းတစ်ခု တောင်ပေါ်ကြို့ကုန်းအုပ်စု၊ မကျီးစမ်းရွာမှ သိမ်ကုန်းကျေးရွာဘက်သို့ စစ်ကြောင်းထိုးလာစဥ် တပ်ရင်း ၃၆၀၁ (PPDF)၊ တပ်ခွဲ(၂)မှ ပြင်ကြီးရွာနှင့် ကျောက် ကြီးတောင်ကြား၌ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့်ကြားဖြတ်တိုက်ခိုက်ခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်အတွက် အရင်းအမြစ်တွေ အတတ်နိုင်ဆုံး ရှာဖွေပေးဖို့ ဆိုတာကပဲ စစ်ကောင်စီရဲ့ အဓိက အကျဆုံး ပင်မရည်မှန်းချက်၊ တွန်းအားတွေ ဖြစ်နေပါတယ်။ ဒီတော့ အရင်လို အတွေးအခေါ်ဟောင်းတွေက လက်ရှိမှာလည်း အလုပ်မဖြစ်တော့ပါဘူးလို့သူ့ကဆက်​ပြောပါတယ် ။

သတင်း

မောင်တောမြို့ (၄)မိုင် သီဟိုလ်ခြံနှင့် ငွေတောင်ကျေးအနီးတွင် တိုက်ပွဲ ပြင်းထန်စွာဖြစ်ပွားနေပြီး ဒေသခံများ ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သတင်းရရှိသည်။

သတင်း

တိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်က စစ်ကြောင်းမှူးအပါအဝင် ၁၀ဦးသေဆုံးပြီး ၂၈ ဦးခန့်ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း Young Force UG အဖွဲ့က ဆိုသည်။

သတင်း

ဇွန်လ ၂ရက်ကလည်း နောင်ချိုမြိုနယ် ကန်ကော်ရွာတွင်တပ်စွဲထားသည့် စစ်ကောင်စီတပ်မှ TNLA တပ်စခန်းရှိရာသို့ လက်နက်ကြီးပစ်ခတ်မှုပြုလုပ်နေကြောင်း TNLAက ထုတ်ပြန်သည်။