close

စစ်ကောင်စီနှင့်လုပ်ငန်းများအတွက် ရုရှားက သီးသန့်ကိုယ်စားလှယ်ခန့် 

မြန်မာစစ်တပ်အတွက် စစ်လက်နက်ပစ္စည်းများ ရောင်းချပေးနေသည့် Rostec ကုမ္ပဏီမှ Vladimir Kazadeav ဆိုသူကို ကူးသန်းရောင်းဝယ်ရေးကိုယ်စားလှယ်အဖြစ် ရုရှားဝန်ကြီးချုပ်က ယခုလ ၁၁ ရက်တွင် ခန့်အပ်လိုက်သည်။

၂၀၂၂ ဩဂုတ်လအတွင်း ရုရှားနိုင်ငံခြားရေးဝန်ကြီး၏ နေပြည်တော်ခရီးစဉ်၌ အာဏာသိမ်းခေါင်းဆောင်နှင့် တွေ့ဆုံခဲ့စဉ်။ (ဓာတ်ပုံ​ - စစ်ကောင်စီ)

စစ်ကောင်စီနှင့် ကူးလူးဆက်ဆံရာ၌ ရုရှားကုမ္ပဏီများကို လမ်းဖွင့်ပေးနိုင်ရေး ရုရှားအစိုးရက ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ သီးသန့်ကိုယ်စားလှယ်ခန့်အပ်လိုက်သည်ဟု နေပြည်တော်နှင့် ပတ်သက် သော လျှို့ဝှက်ချက်များကို ဖော်ထုတ်နေသည့် Intelligence Online အဖွဲ့က ယခုလ ၂၅ ရက်တွင် ထုတ်ပြန်သည်။ 

ယခုလ ၁၁ ရက်တွင် ရုရှားဝန်ကြီးချုပ် Mikhail Mishustin က မြန်မာနိုင်ငံဆိုင်ရာ ကူးသန်းရောင်းဝယ်ရေးကိုယ်စားလှယ်အဖြစ် ခန့်အပ်လိုက်သူမှာ Vladimir Kazadeav ဖြစ်ပြီး ၎င်းသည် ယခင်က မြန်မာစစ်တပ်အတွက် စစ်လက်နက်ပစ္စည်းများ ရောင်းချပေးနေသည့် Rostec ကုမ္ပဏီမှဖြစ်ကြောင်း သိရှိရသည်။

၂၀၂၂ ခုနှစ် ဇူလိုင်လက အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်သည် ရုရှားခရီးစဉ်အတွင်း Rostec ကုမ္ပဏီ၏ စစ်လက်နက်ပစ္စည်းနှင့် စစ်လေယာဉ်ထုတ်စက်ရုံများရှိရာ တာတာစတန်ဒေသကိုလည်း ရောက်ရှိခဲ့သည်။

အာဏာသိမ်းစစ်တပ်နှင့် ရုရှားတို့အကြား ပတ်သက်မှုမျိုးစုံရှိနေပြီး ရုရှားနိုင်ငံမှ ကိုယ်စားလှယ်အဖွဲ့ မျိုးမျိုးသည် နေပြည်တော်သို့ အကြိမ်ကြိမ်ဝင်ထွက်သွားလာနေသည်။ Intelligence Online အဖွဲ့က ရရှိ ထားသော စာရွက်စာတမ်းများအရ ပြီးခဲ့သည့် ဇန်နဝါရီ ၂၃ ရက်တွင် ရုရှားအင်ဂျင်နီယာ ၅ ဦးပါဝင် သောအဖွဲ့သည် မြန်မာနိုင်ငံတွင် အကောင်အထည်ဖော်နေသည့် စီမံကိန်းများကို စစ်ဆေးခဲ့သည်ဟု သိရသည်။ 

ထို့အဖွဲ့တွင် ပါဝင်သူတစ်ဦးမှာ တာတာစတန်ပြည်နယ် အခြေစိုက် အင်ဂျင်နီယာလုပ်ငန်းများဆိုင်ရာ ဝန်ဆောင်မှုကုမ္ပဏီကြီး KR Group မှ Dlaver Temirkajaev ဆိုသူဖြစ်ကာ ၎င်းသည် ကုမ္ပဏီအကြီးအကဲ တစ်ဦးလည်းဖြစ်သည်။ KR Group သည် မြန်မာနိုင်ငံ၏ သံမဏိစက်ရုံတည်ဆောက်ရေးတွင် ပါဝင်နေ သည်ဟု Intelligence Online က ဆိုသည်။ 

ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့အနီးရှိ ပင်းပက်သံမဏိစက်ရုံ ပြန်လည်ပတ်ရေး စစ်တပ်ပိုင် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) က ရုရှားမှ Tyazhpromexport နှင့် ပူးပေါင်းလုပ်ဆောင် နေသည်။

လျှို့ဝှက်လာရောက်သည့် ထိုအဖွဲ့တွင် ပါဝင်သူနောက်တစ်ဦးမှာ ကာဇန်ပြည်နယ် လျှပ်စစ်အင်ဂျင်နီ ယာတက္ကသိုလ်မှ အပူနှင့် စွမ်းအင်ဆိုင်ရာ အထူးပြုအင်ဂျင်နီယာဖြစ်သူ Andrey Dmitriev ဖြစ်သည်။ 

စွမ်းအင်ကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေးအတွက် မကြာသေးမီလများအတွင်း စစ်ကောင်စီနှင့် ရုရှားတို့ အကြား သဘောတူလက်မှတ်ရေးထိုးခြင်းများ ရှိခဲ့သည်။ ယခုနှစ် ဖေဖော်ဝါရီ ၆ ရက်တွင် သုတေသန လုပ်ငန်းများအတွက် အသေးစား နျူကလီးယားဓာတ်ပေါင်းဖို တည်ဆောက်ရန် ရုရှားနိုင်ငံပိုင် Rosatom ကော်ပိုရေးရှင်းနှင့် စစ်ကောင်စီတို့ လက်မှတ်ရေးထိုးခဲ့သည်။

သီးသန့်ကိုယ်စားလှယ်၏ အခန်းကဏ္ဍ

ရုရှားက အသစ်ခန့်အပ်ထားသည့် ကူးသန်းရောင်းဝယ်ရေး ကိုယ်စားလှယ် Vladimir Kazadeav ၏ လုပ် ငန်းဆောင်တာများတွင် ကာကွယ်ရေးနှင့်ဆိုင်သော စစ်လက်နက်ပစ္စည်း ရောင်းချရေးအပြင် စီမံကိန်း သစ်များ စူးစမ်းရှာဖွေရေးကို ကြီးကြပ်ရမည်ဖြစ်သည်။

ထို့ပြင် လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေး စက်ရုံအသစ်များ တည်ဆောက်ခြင်း၊ ပြီးခဲ့သည့်နှစ်အတွင်း ရုရှားဘက်က အဆိုပြုထားသည့် လုပ်ငန်းများနှင့်ပတ်သက်၍လည်း နောက်ဆက်တွဲ တွန်းအားပေးရ မည်ဖြစ်သည်။ 

ရုရှားဘက်က အဆိုပြုထားသည့် ရေအားလျှပ်စစ်၊ လေစွမ်းအင်နှင့် နေရောင်ခြည်စွမ်းအင်သုံး ဓာတ် အားပေးစက်ရုံများ၊ ကုန်းတွင်းနှင့် ကမ်းလွန်ရေနံရှာဖွေရေးလုပ်ငန်း၊ နျူကလီးယားစွမ်းအင်နှင့် ဆိုင် သော စီမံကိန်းများအတွက် ရုရှားကုမ္ပဏီများ စေလွှတ်ရေးလည်း ပါဝင်ပေသည်။

ရုရှားက အသစ်ခန့်လိုက်သည့် Kazadeav မှာ ကူးသန်းရောင်းဝယ်ရေးကိုယ်စားလှယ် မဖြစ်မီက နေပြည်တော်ရောက်လာကာ လုပ်ငန်းများအစပြုပြီးဖြစ်သည်။​ လွန်ခဲ့သည့် ဖေဖော်ဝါရီလအတွင်း စစ်ကောင်စီ၏ စက်မှုဝန်ကြီး ဒေါက်တာချာလီသန်းနှင့် တွေ့ဆုံရာ၌ ၎င်းပါဝင်ခဲ့သည်။

ရုရှားကုမ္ပဏီတစ်ခုဖြစ်သော SevMorMontazh (SMM) မှကိုယ်စားလှယ်အဖွဲ့သည် ဒေါက်တာချာလီသန်းနှင့်တွေ့ဆုံစဉ် ဆိပ်ကမ်း၊ သယ်ယူပို့ဆောင်ရေးဂိတ်များ၊ သင်္ဘောကျင်းနှင့် စက်မှုလုပ်ငန်းများအကြောင်းသာမက စက်မှုဝန်ကြီးဌာနရှီ အကြီးစားစက်မှုလုပ်ငန်းလေးခုတွင် ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေးခဲ့ကြောင်း စင်ကောင်စီထုတ်ပြန်ချက်များအရ သိရသည်။​

SMM ကုမ္ပဏီ သည် ရုရှားစစ်တပ်အတွက် စစ်ဘက်သုံးကားများနှင့် စစ်လက်နက် ပစ္စည်းများ ထုတ်လုပ်ရေးနှင့် တင်ပို့ရောင်းချရေး လုပ်ကိုင်သည်။​ စစ်ကောင်စီ စက်မှုဝန်ကြီးနှင့် တွေ့ဆုံပွဲတွင် ရုရှားကိုယ်စားလှယ်အဖွဲ့၌ Kazadeav က ရုရှားနိုင်ငံပိုင် Rostec ကော်ပိုရေးရှင်း၏ မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်အဖြစ် တပ်ရောက်ခဲ့သည်။

အာဏာသိမ်းပြီးနောက် အနောက်နိုင်ငံများ၏ ပိတ်ဆို့အရေးယူခြင်း ခံထားရသည့် စစ်ကောင်စီအနေ ဖြင့် ရုရှားနိုင်ငံနှင့် မဖြစ်မနေ ပတ်သက်နေရပြီး Rostec ထုတ် စစ်ရဟတ်ယာဉ်များကို မြန်မာစစ်တပ်က ဝယ်ယူခဲ့သည်။

နေပြည်တော်ရှိ ဇိမ်ခံဟိုတယ်ကြီး တစ်ခု တွင် Pasdaran ခေါ် အီရန်တော်လှန်ရေးအစောင့်တပ်မှ ဒါဇင်နှင့်ချီသော အထူးတပ်ဖွဲ့ဝင်များ အကြိမ်ကြိမ်လာရောက်ကာ ခြေရှုပ်နေခဲ့ကြောင်း ပြီးခဲ့သည့် ရက်ပိုင်းအတွင်း၌ပင် Intelligence Online အဖွဲ့က ထုတ်ဖော်ရေးသားထားသည်။

မုန်တိုင်းအပြီး ရန်ကုန်တွင် လျှပ်စစ်ဓာတ်အား ပိုမိုဖြန့်ဝေချိန် ၂ ရက်ကြာ ရှိခဲ့

လျှပ်စစ်ဓာတ်အား ပိုမိုလိုအပ်သော ရန်ကုန်တွင် နေထိုင်သူများအတွက် ဓာတ်အားဖြန့်ဝေမှုအခြေအနေ အနည်းငယ် အပြောင်းအလဲဖြစ်နေသည်။

ဇန်နဝါရီမှ မတ်အထိ တရုတ်သို့ မြန်မာ့မြေရှား ဒေါ်လာ သန်း ၄၀၀ ကျော်ဖိုး တင်ပို့ခဲ့

တရားမဝင် မြေရှားသတ္တုတူးဖော်မှု မြင့်တက်လာကာ ၂၀၁၈ ခုနှစ်က တရုတ်သို့ မြေရှားတင်ပို့မှု ကန်ဒေါ်လာ သန်း ၇၀ ဖိုးခန့်သာ ရှိခဲ့သော်လည်း စစ်တပ်က အာဏာသိမ်းသည့် ၂၀၂၁ တွင်

တောင်ငူထောင်ဖောက်ပြေးသည့် တပ်ဖွဲ့ဝင်များ လုံခြုံရာသို့ ရောက်ပြီဟု NUG ပြော

သမ္မတ ဦးဝင်းမြင့် ရှိနေသော၊ လုံခြုံရေးအတွက် စစ်မှုထမ်းဟောင်းကို အားကိုးနေရသော တောင်ငူထောင်မှ ထွက်ပြေးလာကြသူ ၁၀ ဦးအနက် ၉ ဦး ဘေးလွတ်ရာသို့ ရောက်သွားသည်။

မုန်တိုင်းအပြီး ၅ ရက်ကြာအထိ စစ်ကောင်စီက ကုလအဖွဲ့ကို ဝင်ရောက်ခွင့် ပိတ်ပင်ထားဆဲ

စစ်ကောင်စီ၏ သက်ဆိုင်ရာအာဏာပိုင်များနှင့် ဆက်လက်ညှိနှိုင်းနေရဆဲဖြစ်ကြောင်း ကုလသမဂ္ဂ၏ လူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးမှူးရုံး (OCHA) က ထပ်မံထုတ်ပြန်သည်။

မြို့ပတ်ရထားပေါ် ပစ်ခတ်မှုအတွက် အရပ်ဘက်တရားရုံးက သေဒဏ်များ ချမှတ်

၂၀၂၁ အာဏာသိမ်းမှုအပြီး သေဒဏ်ချမှတ်မှုများကို စစ်​ခုံရုံးများက စီရင်နေခြင်းဖြစ်​သော်လည်း အရပ်ဘက်တရားရုံးတစ်ရုံးက စီရင်ခြင်းမှာ ပထမဆုံးအကြိမ်ဖြစ်​သည်။