close

မြို့ပတ်ရထားပေါ် ပစ်ခတ်မှုအတွက် အရပ်ဘက်တရားရုံးက သေဒဏ်များ ချမှတ်

၂၀၂၁ အာဏာသိမ်းမှုအပြီး သေဒဏ်ချမှတ်မှုများကို စစ်​ခုံရုံးများက စီရင်နေခြင်းဖြစ်​သော်လည်း အရပ်ဘက်တရားရုံးတစ်ရုံးက စီရင်ခြင်းမှာ ပထမဆုံးအကြိမ်ဖြစ်​သည်။

၂၀၂၁ ဖေဖော်ဝါရီလ ၇ ရက်နေ့က စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြနေသည့် ရန်ကုန်မြို့ပြည်သူများကို ဖြိုခွဲရန် အသင့်ရှိနေသည့် ရဲများကို တွေ့ရစဉ်။

ရန်ကုန်မြို့ပတ်ရထားပေါ်တွင် ရဲများ ပစ်ခတ်ခံရမှုအတွက် စွပ်စွဲခံရသူများကို သေဒဏ်နှင့် တစ်သက်တစ်ကျွန်းထောင်ဒဏ်များ ယနေ့ (မေ ၁၈) တွင် ချမှတ်လိုက်ကြောင်း သိရသည်။

အင်းစိန်​ထောင်တွင်း အလုံခရိုင်တရားရုံးတွင် ခရိုင်တရားသူကြီး ​ဒေါ်ခင်နီနီ​အေးက  စီရင်ချက် ချမှတ်ခဲ့ခြင်းဖြစ်သည်။

အမှုတွင် စွပ်စွဲခံရသူများ ဖြစ်ကြသည့် ကို​ကောင်းပြည့်စုံဦး၊ ကို​ဇေယျာဖြိုး၊ ကို​​ကျော်စိုးလင်း၊ ကိုဆန်းလင်း​မောင်နှင့် မမြတ်ဖြိုးပွင့်တို့ကို အကြမ်းဖက်မှု တိုက်ဖျက်​ရေး ဥပ​ဒေပုဒ်မ ၅၀(က) အရ ​သေဒဏ်၊  ၁၉၄၉ ခုနှစ်လက်နက်နှင့် အ​ရေး​ပေါ်စီမံမှု ဥပ​ဒေ ပုဒ်မ ၂/၂(က) အရ ​​ထောင်ဒဏ်တစ်သက်တစ်ကျွန်း ချမှတ်ခဲ့သည်ဟု သိရသည်။

စွပ်စွဲခံရသူများထဲမှ ကို​ကောင်းပြည့်စုံဦးသည်  သေဒဏ် ၂ ကြိမ် ချမှတ်ခံရသည်။ သူ သေဒဏ်ချခံရသည့် အခြားအမှုတစ်ခုမှာ  ၁၉၄၉ ခုနှစ် လက်နက်နှင့် အ​ရေး​ပေါ်စီမံမှု ဥပ​ဒေ ပုဒ်မ ၂/၂(က)  နှင့် စွဲဆိုခံရသည့် အမှု ဖြစ်သည်ဟု ဆိုသည်။

၂၀၂၁ အာဏာသိမ်းမှုအပြီး သေဒဏ် ချမှတ်မှုများကို စစ်​ခုံရုံးများက စီရင်နေခြင်းဖြစ်​သော်လည်း  အရပ်ဘက် တရားရုံးတစ်ရုံးက ပထမဆုံး အကြိမ် ​သေဒဏ်ချမှတ်ခြင်းဖြစ်​ကြောင်း တရားရုံးသတင်းရင်းမြစ်တစ်ခုက Myanmar now ကိုအတည်ပြုသည်။

အထက်ပါ ပုဒ်မများနှင့် အမှုရင်ဆိုင်နေရသူ အများအပြားရှိနေချိန်တွင် အရပ်ဘက် တရားရုံးက စစ်ကောင်စီသဘောကျ စီရင်ချက်များ ချနေသည့်အတွက် စိုးရိမ်မိသည်ဟု အထက်ပါ တရားရုံးသတင်းရင်းမြစ်က ​ပြောသည်။

“အရင်တုန်းက စစ်ခုံရုံးကပဲ ချတာ​ပေါ့၊ အခုလက်ရှိက ပထမဆုံးအ​နေနဲ့ အရပ်ဘက် တရားရုံးက တရားသူကြီးက အမိန့်ချလိုက်တဲ့အ​ပေါ်မှာ ​နောက်ပိုင်းလူ​တွေအတွက် စိတ်မ​အေးနိုင်ဘူး”ဟု ထိုသတင်းရင်းမြစ်က ပြောသည်။

နံနက် ၁၀ နာရီတွင် စီရင်ချက်ချမည့်ရုံးချိန်းရှိသည်ဟု တရားသူကြီးက ချိန်းဆိုခဲ့သော်လည်း ရုံးချိန်မတိုင်မီမှာပင် တရားသူကြီး ရောက်လာပြီး အမိန့်ချခဲ့သည်ဟု တရားရုံးသတင်းရင်းမြစ်က ဆိုသည်။ 

အမိန့်ချသည့် နံနက်ပိုင်းအချိန်တွင် ထောင်တွင်း လံခြုံရေး ပိုမို တင်းကျပ်ထားကြောင်းလည်း သိရသည်။ 

စွပ်စွဲခံရသူများ တစ်ပတ်အတွင်း အယူခံဝင်နိုင်မည် ဖြစ်သည်။

၂၀၂၁ ခုနှစ် ဩဂုတ်လ ၁၄ ရက်နေ့က  ရန်ကုန်မြို့ပတ်ရထား အလုံဘူတာအရောက် ရထားပေါ်လိုက်ပါလာသည့်ရဲများ ပစ်ခတ်ခံခဲ့ရသည်။

ထိုသို့ပစ်ခတ်တိုက်ခိုက်ခံရသည့်အတွက် ရဲဒုတပ်ကြပ် ဝင်းဇော်လတ်၊ တပ်သား ရဲမင်းထွန်း၊ တပ်သား ဖြိုးမောင်မောင်နှင့်တပ်သားထိန်လင်းအောင်တို့မှာ နေရာမှာပင် သေဆုံးခဲ့သည်၊ တပ်ကြပ်မြင့်ဌေးမှာ ဆေးရုံအရောက်တွင် သေဆုံးခဲ့သည်။

နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းကလည်း ယနေ့တွင် အကျဥ်းသား ၅ ဦး   သေဒဏ်ချမှတ်ခံခဲ့ရသည်ဟု သတင်းထုတ်ပြန်သည်။

စစ်ကောင်စီ တရားရုံးများက  သေဒဏ်ချမှတ်ခဲ့သူ စုစုပေါင်း (၁၅၉) ဦးရှိပြီဖြစ်သည်ဟု အသင်း၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သေဒဏ်ချမှတ်ခဲ့သူ အများအပြား ရှိသည့်အထဲမှ စစ်ကောင်စီက ဦးဖြိုးဇေယျာသော် အပါအဝင် ၄ ဦးကို ၂၀၂၂ ဇူလိုင်လ အင်းစိန်ထောင်တွင် ကြိုးပေး ကွပ်မျက်ခဲ့သည်။

ယခု လဆန်းပိုင်း လွတ်ငြိမ်းသက်သာခွင့်များ ထုတ်ပြန်ရာတွင် စစ်ကောင်စီက အကျဥ်းသား ၃၈ ဦးကို  သေဒဏ်မှ လွတ်ငြိမ်းခွင့်ပေးပြီး ထောင်တစ်သက်ကို ပြောင်းလဲကျခံစေသည်ဟု  ကြေညာထားသည်။

စစ်ကောင်စီက ၎င်းတို့ ဖမ်းဆီးရမိသူအများအပြားကို သေဒဏ် ချမှတ်သော်လည်း  တော်လှန်ရေးအဖွဲ့များကမူ ဖမ်းဆီးရမိသည့် သုံ့ပန်းများကို သေဒဏ်ချမှတ်ခြင်း မရှိပေ။

မုန်တိုင်းအပြီး ရန်ကုန်တွင် လျှပ်စစ်ဓာတ်အား ပိုမိုဖြန့်ဝေချိန် ၂ ရက်ကြာ ရှိခဲ့

လျှပ်စစ်ဓာတ်အား ပိုမိုလိုအပ်သော ရန်ကုန်တွင် နေထိုင်သူများအတွက် ဓာတ်အားဖြန့်ဝေမှုအခြေအနေ အနည်းငယ် အပြောင်းအလဲဖြစ်နေသည်။

ဇန်နဝါရီမှ မတ်အထိ တရုတ်သို့ မြန်မာ့မြေရှား ဒေါ်လာ သန်း ၄၀၀ ကျော်ဖိုး တင်ပို့ခဲ့

တရားမဝင် မြေရှားသတ္တုတူးဖော်မှု မြင့်တက်လာကာ ၂၀၁၈ ခုနှစ်က တရုတ်သို့ မြေရှားတင်ပို့မှု ကန်ဒေါ်လာ သန်း ၇၀ ဖိုးခန့်သာ ရှိခဲ့သော်လည်း စစ်တပ်က အာဏာသိမ်းသည့် ၂၀၂၁ တွင်

တောင်ငူထောင်ဖောက်ပြေးသည့် တပ်ဖွဲ့ဝင်များ လုံခြုံရာသို့ ရောက်ပြီဟု NUG ပြော

သမ္မတ ဦးဝင်းမြင့် ရှိနေသော၊ လုံခြုံရေးအတွက် စစ်မှုထမ်းဟောင်းကို အားကိုးနေရသော တောင်ငူထောင်မှ ထွက်ပြေးလာကြသူ ၁၀ ဦးအနက် ၉ ဦး ဘေးလွတ်ရာသို့ ရောက်သွားသည်။

မုန်တိုင်းအပြီး ၅ ရက်ကြာအထိ စစ်ကောင်စီက ကုလအဖွဲ့ကို ဝင်ရောက်ခွင့် ပိတ်ပင်ထားဆဲ

စစ်ကောင်စီ၏ သက်ဆိုင်ရာအာဏာပိုင်များနှင့် ဆက်လက်ညှိနှိုင်းနေရဆဲဖြစ်ကြောင်း ကုလသမဂ္ဂ၏ လူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးမှူးရုံး (OCHA) က ထပ်မံထုတ်ပြန်သည်။

အကူအညီလိုနေသော ရခိုင်တွင် ပစ္စည်းများ ဈေးနှစ်ဆတက်

နေအိမ်အပျက်အစီးများ ရှင်းနေရသည့် မုန်တိုင်းသင့်ဒေသတွင် စားသောက်ကုန်၊ အိမ်ဆောက်ပစ္စည်း ဈေးတက်နေသည်၊ ကုလ၏ အသင့်ဖြစ်နေသော အရေးပေါ်အကူအညီလည်း မဖြန့်နိုင်သေးပေ။