close

မုန်တိုင်းအပြီး ရန်ကုန်တွင် လျှပ်စစ်ဓာတ်အား ပိုမိုဖြန့်ဝေချိန် ၂ ရက်ကြာ ရှိခဲ့

လျှပ်စစ်ဓာတ်အား ပိုမိုလိုအပ်သော ရန်ကုန်တွင် နေထိုင်သူများအတွက် ဓာတ်အားဖြန့်ဝေမှုအခြေအနေ အနည်းငယ် အပြောင်းအလဲဖြစ်နေသည်။

အင်အားပြင်းဆိုင်ကလုန်းမုန်တိုင်း မိုခါအရှိန်ကြောင့် ရန်ကုန်မြို့တွင် မိုးရွာနေသည်ကို မေ ၁၁ ရက်နေ့က တွေ့ရစဉ်။ (ဓာတ်ပုံ-Myanmar Now)

ရန်ကုန်တွင် လျှပ်စစ်ဓာတ်အားရရှိချိန် နာရီအနည်းငယ်သာ ကြာတတ်သော်လည်း မုန်တိုင်းပြီးစတွင် နှစ်ရက်တိုင်တိုင် လျှပ်စစ်ဓာတ်အား တစ်နေကုန် ရရှိခဲ့သည်ဟု ရန်ကုန်မြို့ခံတချို့က ပြောသည်။

အခြေအနေကောင်းနှင့် ၂ ရက် နေထိုင်ခဲ့ပြီးနောက်တွင်မူ ၄ နာရီလာ ၄ နာရီပျက်စနစ် ပြန်ဖြစ်နေသည်ဟု မြို့ခံများက ဆိုကြသည်။

“ဝမ်းသာရမလား ဝမ်းနည်းရမလားတောင် မသိဘူး၊ အရင်က လာချိန်တောင် မမှန်တာ၊ အခု လာချိန်လေး မှန်လာတယ် ပြောရမှာပေါ့။ အနည်းဆုံးတော့ ထမင်းချက်ချိန်၊ ဟင်းချက်ချိန် စိတ်ချလက်ချ ချက်လို့ရတယ်” ဟု အသက် ၄၀ ခန့်အရွယ် ရန်ကုန်ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

အရှေ့ဒဂုံမြို့နယ်မှ အသက် ၃၀ ကျော်အရွယ် အမျိုးသားတစ်ဦးက ဓာတ်အားရရှိမှု မူမမှန်သေးဟု ဆိုသည်။

“အခုတောင် တစ်နာရီမှ ပျက်ရမယ့် မီးက အခုကတည်းက ပျက်နေတာ၊ ဥပမာ ညနေ ငါးနာရီ လာရမဲ့မီး ဆိုပါစို့၊ လာတယ်၊ သိမ်မကြာခင် ပျက်တာများတယ်။ မီးကတော့ အချိန်နဲ့ပျက် အချိန်နဲ့လာပေါ့။ ဒါပေမဲ့ ပျက်ချိန်က တိကျပြီး လာချိန်ကတော့ မတိကျဘူး” ဟု အရှေ့ဒဂုံမြို့နယ်မှ အမျိုးသားက ယနေ့ နေ့လယ်ပိုင်းက ပြောသည်။

သင်္ဃန်းကျွန်းမြို့နယ်တွင် နေထိုင်သူ အိမ်ထောင်ရှင်အမျိုးသားတစ်ဦးကမူ ၎င်းတို့၏ အခြေအနေသည် အရှေ့ဒဂုံမြို့နယ်တွင် ရင်ဆိုင်နေရသည်ထက် အနည်းငယ် ပိုကောင်းသည်ဟု ပြောသည်။

“အရမ်းပူနေချိန်တုန်းက လာချိန်တောင် မမှန်ဘူး၊ ၉ နာရီလာရမယ်ဆိုရင် အလာပြတယ်၊ ခဏလာပြီးရင် ပြန်ပျက်သွားတယ်။ အခုကတော့ အဆိုးထဲက အကောင်းလား မသိဘူး (မီးအလှည့်ကျ) လာချိန်လေးတော့ မှန်နေတယ်” ဟု အထက်ပါ အသက် ၃၀ ကျော်အရွယ် အမျိုးသားတစ်ဦးက ပြောသည်။

၎င်းတို့မြို့နယ်တွင် ဓာတ်အား ပုံမှန်ရသော ရပ်ကွက်တချို့ ရှိသည်ဟုလည်း ပြောသည်။

မုန်တိုင်းမလာမီကပင် နိုင်ငံအနှံ့အပြား မိုးရွာသွန်းခြင်းကြောင့် ရေအားသုံး ဓာတ်အားပေးစက်ရုံများတွင် ဓာတ်အား ပိုမို ထွက်ရှိခဲ့ဟန်တူသည်ဟု တချို့က ယူဆသည်။

အာဏာမသိမ်းမီက နိုင်ငံအနှံ့ မြို့နယ်အများအပြား လျှပ်စစ်ဓာတ်အား ပုံမှန်ရရှိခဲ့သည်။

ရန်ကုန်မြို့ လက်ရှိအပူချိန်သည် ၃၅ နှင့် ၃၆ ဒီဂရီစင်တီဂရိတ်အကြား ပုံမှန်ရှိနေသည်၊ လျှပ်စစ်ဓာတ်အား ပုံမှန် ဖြန့်ဝေနိုင်ခြင်း မရှိသောကြောင့် ပူပြင်းမှုသည် ပိုမို သိသာလာပြီး အထပ်မြင့်တိုက်ခန်းများပေါ်သို့ ရေမတင်နိုင်ခြင်း၊ ပန်ကန်၊ လေအေးစက်၊ ဓာတ်လှေကား အသုံးမပြုနိုင်ခြင်း စသည့် နောက်ဆက်တွဲပြဿနာများနှင့်လည်း ရင်ဆိုင်နေရသည်။

စီးပွားရေးလုပ်ငန်းကြီးများ တည်ရှိခြင်း၊ လူနေသိပ်သည်းလွန်းခြင်းတို့ကြောင့် ရန်ကုန်သည် မြို့ငယ်များထက် ဓာတ်အား ပိုမို လိုအပ်လျက်ရှိရာ လက်ရှိအခြေအနေကြောင့် မြို့ပြတွင် နေထိုင်သူတို့၏ နေ့စဉ်လူမှုဘဝ အဆင်မပြေမှုများစွာ ဖြစ်ပေါ်နေသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

စစ်တပ်ကြီးစိုးမှု ပိုမို ထင်ရှားလာသော ရွေးကောက်ပွဲအလွန် ထိုင်းနိုင်ငံရေး 

မျိုးဆက်သစ်များ၊ အပြောင်းအလဲလိုလားသူများက မဲပေးခဲ့သော Move Forward ပါတီသည် စစ်တပ် ခန့်ထားသည့် အမတ်များ ထောက်ခံပါမှ အစိုးရဖွဲ့နိုင်မည်ဖြစ်သည်။

မုန်တိုင်းသင့် ရိုဟင်ဂျာများ အကူအညီ အချိန်မီမရ၊ သေဆုံးမှု တိုးလာနိုင်

မုန်တိုင်းကြောင့် ထိခိုက်ပျက်စီးမှု များပြားသော်လည်း အကူအညီပေးရေးအဖွဲ့များ ကယ်ဆယ်ရေး လုပ်ခွင့်မရသေးပေ၊ ဝင်ရောက်ကယ်ဆယ်ခွင့်ရရန် စစ်ကောင်စီကို ညှိနှိုင်းနေသည်ဟု သိရသည်။

ဇန်နဝါရီမှ မတ်အထိ တရုတ်သို့ မြန်မာ့မြေရှား ဒေါ်လာ သန်း ၄၀၀ ကျော်ဖိုး တင်ပို့ခဲ့

တရားမဝင် မြေရှားသတ္တုတူးဖော်မှု မြင့်တက်လာကာ ၂၀၁၈ ခုနှစ်က တရုတ်သို့ မြေရှားတင်ပို့မှု ကန်ဒေါ်လာ သန်း ၇၀ ဖိုးခန့်သာ ရှိခဲ့သော်လည်း စစ်တပ်က အာဏာသိမ်းသည့် ၂၀၂၁ တွင်

တောင်ငူထောင်ဖောက်ပြေးသည့် တပ်ဖွဲ့ဝင်များ လုံခြုံရာသို့ ရောက်ပြီဟု NUG ပြော

သမ္မတ ဦးဝင်းမြင့် ရှိနေသော၊ လုံခြုံရေးအတွက် စစ်မှုထမ်းဟောင်းကို အားကိုးနေရသော တောင်ငူထောင်မှ ထွက်ပြေးလာကြသူ ၁၀ ဦးအနက် ၉ ဦး ဘေးလွတ်ရာသို့ ရောက်သွားသည်။

မုန်တိုင်းအပြီး ၅ ရက်ကြာအထိ စစ်ကောင်စီက ကုလအဖွဲ့ကို ဝင်ရောက်ခွင့် ပိတ်ပင်ထားဆဲ

စစ်ကောင်စီ၏ သက်ဆိုင်ရာအာဏာပိုင်များနှင့် ဆက်လက်ညှိနှိုင်းနေရဆဲဖြစ်ကြောင်း ကုလသမဂ္ဂ၏ လူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးမှူးရုံး (OCHA) က ထပ်မံထုတ်ပြန်သည်။