ယခုနှစ်အတွင်း တိုက်ပွဲတွေ ပိုပြင်းထန်လာမလား
နွေဦးတော်လှန်ရေးကာလ ၂ နှစ်ကျော်အတွင်း တော်လှန်ရေးရဲ့အရှိန်အဟုန်ဟာ ဆက်လက်ကြီးထွားနေပြီး အခုဆိုရင် တိုက်ပွဲတွေဟာ မြို့ပြတွေနားအထိကို ချဉ်းကပ်လာနေပါပြီ။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ကတော့ ဒီနှစ်အတွင်းမှာ အခုထက်ပိုတဲ့ စစ်ရေးအရှိန် မြှင့်ဖို့ရှိတယ်လို့ ပြောပါတယ်။ ဒါ့အပြင် စစ်အာဏာရှင်တွေရဲ့ အသည်းနှလုံး မြို့နေပြည်တော်ကို ဦးတည်မယ့် ‘လမ်းအားလုံး နေပြည်တော်သို့’ လို့ အမည်ပေးထားတဲ့ စစ်ဆင်ရေးစီမံချက်တစ်ရပ်ကိုလည်း သူက အသိပေးလိုက်ပါတယ်။ ၂ နှစ်အတွင်းမှာ တပ်တည်ဆောက်မှုနဲ့ တပ်ဖြန့်နေရာယူမှု ပြီးစီးပြီဖြစ်တဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေအကြား တိုက်ပွဲတွေ ဘယ်လောက်အထိ ပြင်းထန်နိုင်ပါသလဲ။ ဒီနှစ်အတွင်း ဖြစ်ပေါ်လာနိုင်တဲ့ စစ်ရေးအလားအလာတွေနဲ့ ပတ်သက်ပြီး ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ကို Myanmar Now က ဆက်သွယ်မေးမြန်းထားပါတယ်။
မေးမြန်း – စထွန်းအောင်



