ရုပ်သံသတင်းဆောင်းပါး

ဒီပဲယင်းတိုက်ပွဲမှာ စစ်ကောင်စီတပ် ဘယ်လောက်အထိနာလဲ

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ် မူးမြစ်အရှေ့ခြမ်းဒေသတစ်လျှောက် စီးနင်းနေသည့် စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့တို့ ယမန်နေ့ (ဩဂုတ် ၂) နံနက်ပိုင်းက နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ထိခိုက်၊ သေဆုံးမှုများသည်ဟု ကာကွယ်ရေးတပ်ဖွဲ့ဘက်က ပြောသည်။ ဒီပဲယင်းမြို့အရှေ့ဘက် ၆ မိုင်အကွာရှိ မရကန်ရွာကို စီးနင်းရန် စစ်ကောင်စီတပ်များ ရောက်လာစဉ် ရွာအနီးရှိ မိုင်းကွင်းထဲအရောက် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက မိုင်းဆွဲတိုက်ခိုက်ရာမှ နှစ်ဖက်အပြန်အလှန် ပစ်ခတ်ခဲ့ကြခြင်း ဖြစ်သည်။ “ကျွန်တော်တို့ မိုင်းအရင်စဆွဲတာ၊ ၅ လုံးတွဲ ပွိုင့်မိသွားတော့ ၇ ယောက်လောက် ကျသွားတယ်။ တချို့ကတော့ လေပေါ်ပါ မြောက်သွားတာ”

သတင်း၊ တင်ဆက် – သူရမောင်

လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button