အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံရုပ်သံသတင်း

အောင်ဇေယျစစ်ကြောင်းကို DKBA ခွဲထွက်အဖွဲ့နဲ့ နယ်ခြားစောင့် BGF ဘယ်လိုကူညီခဲ့လဲ

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) နဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ကော့ကရိတ် – မြဝတီ အာရှလမ်းပိုင်းနဲ့ သင်္ဃန်းညီနောင် ဗျူဟာကို စက်တင်ဘာလ ၆ရက်နေ့ကစပြီး အာဏာသိမ်းစစ်တပ်က ပြန်လည်ထိန်းချုပ် လိုက်ပါတယ်။  

အာရှလမ်းမကို ပြန်လည်ထိန်းချုပ်ဖို့အတွက် ဗိုလ်ဘိဦးဆောင်တဲ့  ခွဲထွက်(DKBA)အဖွဲ့ကို စစ်ကော်မရှင်တပ်က လက်နက်ခဲယမ်း  ထောက်ပံ့ပေးပြီး လမ်းပြအဖြစ် အသုံးပြုခဲ့တယ်လို့ မြေပြင် စစ်ရေး သတင်းရင်းမြစ်တွေက ပြောပါတယ်။ 

ဗိုလ်ဘိဦးဆောင်တဲ့  ခွဲထွက်(DKBA)အဖွဲ့ရဲ့ လမ်းပြမှုနဲ့အတူ အင်အားရာချီပါဝင်တဲ့ စစ်​ကောင်စီတပ်ရဲ့​အောင်​ဇေယျစစ်​ကြောင်းဟာ စက်တင်ဘာ၅ရက်​ မနက်​အ​စောပိုင်းက 

အာရှလမ်းမကြီးရဲ့​တော​နော်​ရေတံခွန်နားက​နေတဆင့် မြဝတီမြို့နယ် အတွင်း ကွင်းက​လေး ​ကျေးရွာကို စစ်​ကြောင်းထိုး၀င်​ရောက်လာခဲ့ပြီး အတွင်းကွင်းက​လေး က​နေတဆင့် အပြင်ကွင်းက​လေးရွာဘက်ကို စစ်​ကြောင်းဆက်ထိုးလာခဲ့တာပါ။

အာရှလမ်းမကို စစ်တပ်ပြန်ထိန်းချုပ်နိုင်ခဲ့တဲ့ နောက်ထပ်အကြောင်းရင်းတွေထဲမှာ စောချစ်သူ ဦးဆောင်တဲ့ ကရင်နယ်ခြားစောင့်တပ် (BGF) ရဲ့ အခန်းကဏ္ဍလည်း ပါဝင်ပါတယ်။

မြဝတီမြို့အခြေစိုက် ခြေလျင်တပ်ရင်း ခလရ ၂၇၅ အနီမှာ အရင်က BGF ရဲ့ ကာကင်းတွေနဲ့ ပိတ်ဆို့ထားခဲ့ပေမဲ့လည်း စစ်တပ်စစ်ကြောင်းထွက်လာခါနီးမှာ အဲ့ဒီကာကင်းတွေက အရင်ဆုံး နောက်ဆုတ်သွားခဲ့တယ်လို့ စုံစမ်းသိရပါတယ်။ 

ကိုလှိုင်း၊ စောရယ်/ Myanmar Now 

Myanmar Now ဆက်လက်ရပ်တည်နိုင်ရေးအတွက် လစဥ်ငွေအနည်းငယ်ဖြင့် /qurium/myanmar-now.org/mm-members.html တွင် ကူညီနိုင်ပါသည်။

Related Articles

Back to top button