မြို့ပြတော်လှန်ရေးတပ်ဦး (URF) ဆိုတဲ့နာမည်နဲ့ ကရင်နီဒေသမှာအခြေစိုက်တဲ့ တပ်ဖွဲ့ဟာ ကရင်နီတော်လှန်ရေးတပ်တွေနဲ့ ပူးပေါင်းပြီး အာဏာသိမ်းစစ်တပ်ကို လက်နက်ကိုင်တော်လှန်နေတာ လေးနှစ်ကျော် ရှိလာပါပြီ။
ဒီအဖွဲ့ကို ဦးဆောင်နေသူကတော့ ဒိုင်းနက်လူမျိုးတစ်ယောက်ဖြစ်တဲ့ အသက် ၃၂နှစ်အရွယ် ကိုထက် ဆိုသူပါ။ စစ်တပ်အာဏာမသိမ်းခင်ကတော့ သူဟာ လူ့အခွင့်အရေး၊ ငြိမ်းချမ်းရေးအတွက် တက်ကြွလှုပ်ရှားသူ လူငယ်တယောက် ဖြစ်ခဲ့ပါတယ်။
တပ်ဖွဲ့ဝင်အင်အား ၁၀၀ ကျော်ရှိတဲ့ URF တပ်ဖွဲ့ဟာ တိုက်ပွဲအတွေ့အကြုံပေါင်း ရာနဲ့ချီပြီး ရှိနေပါပြီ။ တိုက်ပွဲတွေအတွင်း URF တပ်ဖွဲ့ဝင် ၇ဦး အသက်ဆုံးရှုံးခဲ့ရပြီး ကိုယ်လက် အင်္ဂါစွန့်လွတ်လိုက်ရတဲ့ ရဲဘော်တွေလည်း အများအပြား ရှိပါတယ်။
URF ပါဝင်ခဲ့တဲ့ တိုက်ပွဲတွေထဲ မှတ်မှတ်ရရရှိခဲ့တာက ရှမ်း-ကရင်နီ(ကယား)အစပ်က မိုးဗြဲမြို့သိမ်းတိုက်ပွဲလည်း ပါဝင်ပါတယ်။
အခုနှစ် ဇူလိုင်လမှာတော့ တော်လှန်ရေးတပ်ဖွဲ့တွေ သိမ်းပိုက်ထားတဲ့ မိုးဗြဲမြို့ကို စစ်တပ်က ပြန်ထိန်းချုပ်နိုင်ခဲ့ပါတယ်။
မိုးဗြဲမြို့ကို စစ်တပ်က ဘာကြောင့် ပြန်သိမ်းနိုင်ခဲ့တာလဲ။ ဒီအကြောင်းအပါအဝင်
မြို့ပြတော်လှန်ရေးတပ်ဦး (URF)ရဲ့ တပ်ဖွဲ့စည်းမှု၊ စစ်ရေးအတွေ့အကြုံနဲ့ ကရင်နီဒေသက အခြားသော တော်လှန်ရေးတပ်တွေနဲ့ မဟာမိတ်ဆက်ဆံရေး အခြေအနေတွေနဲ့ပတ်သက်ပြီး URF အဖွဲ့ရဲ့တာဝန်ခံ ကိုထက်ကို Myanmar Now က တွေ့ဆုံမေးမြန်းထားပါတယ်။
ကိုလှိုင်း၊ စောရယ်/ Myanmar Now
Myanmar Now ဆက်လက်ရပ်တည်နိုင်ရေးအတွက် လစဥ်ငွေအနည်းငယ်ဖြင့် /qurium/myanmar-now.org/mm-members.html တွင် ကူညီနိုင်ပါသည်။



