ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တရုတ်ဖိအားကြောင့် တိုက်ပွဲတွေငြိမ်သက်သွားတဲ့နောက် တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ နိုင်ငံအလယ်ပိုင်း မန္တလေးတိုင်း၊ မတ္တရာမြို့နယ်က နယ်မြေတွေကို အလုံးစုံထိန်းချုပ်နိုင်ဖို့ စစ်တပ်က အပြင်းအထန် ထိုးစစ်ဆင်နေတာကြောင့် နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။
အခုနှစ်ကုန်မှာ အတုအယောင်ရွေးကောက်ပွဲတစ်ခု ဖန်တီးမယ့် စစ်တပ်ဟာ နိုင်ငံအလယ်ပိုင်းမှာတောင် နယ်မြေတွေဆုံးရှုံးထားတာကြောင့် ပြန်ရဖို့ အသည်းအသန် ကြိုးပမ်းနေတာပါ။
စစ်တပ်ထိုးစစ်ကို တော်လှန်ရေးတပ်တွေက အစွမ်းကုန်ခုခံနေရတယ်လ်ို့ မတ္တရာမြို့နယ်က စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။
နေမင်းနီ၊ မြတ်ကြီး/ Myanmar Now
Myanmar Now ဆက်လက်ရပ်တည်နိုင်ရေးအတွက် လစဥ်ငွေအနည်းငယ်ဖြင့် /qurium/myanmar-now.org/mm-members.html တွင် ကူညီနိုင်ပါသည်။



