စစ်တပ်လက်အောက်ပြန်မနေချင်ကြောင်း ပြသသည့်အနေဖြင့် မိုးကုတ်မြို့ခံများသည် ယနေ့ညတွင် သံပုံးများတီးဆန္ဒပြခဲ့ကြကြောင်း ယင်းမြို့ထဲသို့ရောက်နေကြသူများထံမှသိရသည်။
မန္တလေးတိုင်း၊ပြင်ဦးလွင်ခရိုင်ထဲမှ မိုးကုတ်မြို့ကို တအောင်းတပ် TNLA ထံမှ စစ်တပ်က ပြန်လည်လက်လွှဲယူရန် ပြီးခဲ့သည့်လကျင်းပခဲ့သော တရုတ်အစိုးရကြီးကြပ်ခဲ့သည့် ဆွေးနွေးပွဲတွင် စစ်တပ်နှင့် TNLA တို့ သဘောတူခဲ့ကြသည်။
TNLA သည် ယခုလ၂၅ ရက်မတိုင်မီ မိုးကုတ်မြို့မှ ထွက်ခွာရန် ပြင်ဆင်နေသည်ဟု မိုးကုတ်မြို့ခံများနှင့် စစ်ရေးရင်းမြစ်များကဆိုသည်။
အခြားတဖက်တွင် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)လက်အောက်ခံတပ်များက TNLA စွန့်ခွာရန် ပြင်ဆင်နေသည့် မိုးကုတ်မြို့ကို ဆက်လက် ကာကွယ်သွားမည်ဟု ထုတ်ပြန်ကြေညာထားသည်။
သံပုံးများတီးဆန္ဒပြခြင်းသည် အာဏာသိမ်းစစ်တပ်ကို ဆန့်ကျင်ကြောင်းပြသသည့် နာမည်ကျော် လှုပ်ရှားမှုတခုဖြစ်သည်။ NLD အစိုးရကို ဖြုတ်ချပြီး ၂၀၂၁ ဖေဖော်ဝါရီတွင် အာဏာသိမ်းခဲ့ပြီးနောက် အစောပိုင်းကာလများတွင် နိုင်ငံအနှံ့မှပြည်သူများသည် ညစဉ်ညတိုင်းသံပုံးများတီးကာ စစ်တပ်ကိုဆန္ဒပြခဲ့ကြသည်။
Myanmar Now ဆက်လက်ရပ်တည်နိုင်ရေးအတွက် လစဥ်ငွေအနည်းငယ်ဖြင့် /qurium/myanmar-now.org/mm-members.html တွင် ကူညီနိုင်ပါသည်။



