အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံရုပ်သံသတင်း

မြဝတီမြို့ပေါ်မှာ BGF တပ်ဖွဲ့ဝင်အချင်းချင်း ပစ်ခတ်မှုဖြစ်

ကရင်ပြည်နယ်၊ မြဝတီမြို့၊ အမှတ် (၄) ရပ်ကွက်မှာ ဒီဇင်ဘာလ ၂ ရက်နေ့ မနက် ၁၀ နာရီကျော်လောက်က စစ်တပ်ဩဇာခံ ကရင်နယ်ခြားစောင့်တပ်ဖွဲ့  (BGF) တပ်ဖွဲ့ဝင် အချင်းချင်း ပစ်ခတ်မှုအတွင်း တရုတ်လူမျိုး ၂ယောက်သေဆုံးခဲ့ပြီး BGF တပ်ဖွဲ့ဝင်တချို့လည်း ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ 

တရုတ်လူမျိုးတချို့ ခိုလှုံနေတဲ့  နေအိမ်တစ်လုံးကို BGF တပ်ဖွဲ့တွေ င်ရောက်စီးနင်းချိန် အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့တာပါ။ 

ဒီအခြေအနေနဲ့ ပက်သက်ပြီး ကရင်နယ်ခြားစောင့်တပ်ဖွဲ့ BGF ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီး နိုင်မောင်ဇော်ကို Myanmar Now က ဆက်သွယ်မေးမြန်းခဲ့ရာ BGF တပ်ဖွဲ့ဝင်အချင်းချင်း မြဝတီမြို့ပေါ်မှာ ပစ်ခတ်မှုဖြစ်ခဲ့တယ်လို့ အတည်ပြုပါတယ်။ ဒါပေမယ့် ပစ်ခတ်မှုအတွင်း တရုတ်တွေသေဆုံးမှု ရှိ၊ မရှိကိုတော့ ဖြေကြားခြင်း မရှိပါဘူး။ 

ပစ်ခတ်မှုအနီး ကိုယ်တိုင်ရှိနေတဲ့ မြဝတီမြို့ ဒေသခံတစ်ယောက်ကို ဆက်သွယ်မေးမြန်းထားပါတယ်။ 

ကိုလှိုင်း/ Myanmar Now

Myanmar Now ဆက်လက်ရပ်တည်နိုင်ရေးအတွက် လစဥ်ငွေအနည်းငယ်ဖြင့် /qurium/myanmar-now.org/mm-members.html တွင် ကူညီနိုင်ပါသည်။

Related Articles

Back to top button