အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံရုပ်သံသတင်း

“တော်လှန်ရေးကိုပိုထိထိရောက်ရောက်လုပ်နိုင်ဖို့၊ချင်းညီနောင်မှာအမိန့်ပေးမှုတခုထဲ ဖြစ်လာဖို့ဖွဲ့ခဲ့တာ”

အင်အားကောင်းတဲ့ တော်လှန်ရေးအဖွဲ့ ချင်းညီနောင် အဖွဲ့ဝင်တွေအပြင် ဒိုင်ရ်မျိုးနွယ်တွေပါ ပါဝင်တဲ့  ချင်းပြည်သူ့အစည်းအရုံး/ ချင်းပြည်သူ့တပ်မတော် (CPU/CPA) ကို ဖွဲ့စည်းတည်ထောင်လိုက်တယ်လို့ အခု ဇန်နဝါရီလ ထဲမှာ ထုတ်ပြန်ဖော်ပြလာပါတယ်။

စစ်ရေး၊နိုင်ငံရေး မှာ အမိန့်ပေးမှု (Command) တခုထဲ ဖြစ်လာဖို့  ၊ တော်လှန်ရေးကို ပိုပြီး ထိထိရောက်ရောက်လုပ်နိုင်ဖို့ ချင်းပြည်သူ့အစည်းအရုံး/ ချင်းပြည်သူ့တပ်မတော် (CPU/CPA) ကို ဖွဲ့စည်းခဲ့တာလို့ အထွေထွေအတွင်းရေးမှူး ဆလိုင်းယောမာန်က Myanmar Now နဲ့ သီးသန့်တွေ့ဆုံစဉ် ပြောပါတယ်။

စစ်ရေးလှုပ်ရှားမှုတွေ အနေနဲ့ ချင်းပြည်နယ် အပြင် စစ်ကိုင်းတိုင်း မကွေးတိုင်းတို့မှာ စစ်ဆင်ရေးတွေ လုပ်ဖို့ရှိပြီး မဟာမိတ်တပ်ဖွဲ့တွေနဲ့ တော်လှန်ရေးဆက်လုပ်ဖို့ ရှိတဲ့သဘောလို့ လဲ ဆလိုင်းယောမာန်က ဆိုထားပါတယ်။

ချင်းပြည်သူ့အစည်းအရုံး/ ချင်းပြည်သူ့တပ်မတော် (CPU/CPA) ဖွဲ့စည်းတာကနေ ဘယ်လိုအပြောင်းအလဲတွေ ဖြစ်လာမလဲ ၊ စစ်ရေး၊နိုင်ငံရေး အရ ရော ဘာတွေ အကျိုးဖြစ်လာနိုင်မလဲ ၊ ချင်းဒေသတွင်းမှာရော စစ်ရေးလှုပ်ရှားမှုတွေက ဘယ်လိုတွေ ရှိနေသလဲ ဆိုတာကို Myanmar Now က ဆက်သွယ်မေးမြန်းထားပါတယ်။

တင်ဆက်-မြတ်ကြီး ရိုက်ကူး-ကိုလှိုင်း

Myanmar Now ဆက်လက်ရပ်တည်နိုင်ရေးအတွက် လစဥ်ငွေအနည်းငယ်ဖြင့် /qurium/myanmar-now.org/mm-members.html တွင် ကူညီနိုင်ပါသည်။

Related Articles

Back to top button