လာမယ့် ဖေဖော်ဝါရီလ ၈ ရက်မှာ ကျင်းပတော့မယ့် ထိုင်းနိုင်ငံရဲ့ ရွေးကောက်ပွဲမတိုင်ခင် ဒီနေ့ ဇန်နဝါရီ ၃၀ ရက်မှာ ထွက်လာတဲ့ လူထုသဘောထား စစ်တမ်းတွေအရ အဓိကအတိုက်အခံပါတီဖြစ်တဲ့ People’s Party က လူကြိုက်အများဆုံးအဖြစ် ဆက်လက် ရေပန်းစားနေပါတယ်။
အခုရွေးကောက်ပွဲမှာတော့ ဝန်ကြီးချုပ်အနုတင်ရဲ့ ဘွန်ဂျိုင်ထိုင်းပါတီ၊ သက်ဆင် ရှင်နာဝပ်ထရာတို့ရဲ့ ဖွေထိုင်း (Pheu Thai) ပါတီနဲ့ People’s Party တို့ အကြိတ်အနယ် ယှဉ်ပြိုင်ရမယ့် အခြေအနေမှာ ရှိနေပါတယ်။
ပြည်သူ ၂၅၀၀ ကို ဇန်နဝါရီ ၂၃ ကနေ ၂၇ ထိ ကောက်ယူခဲ့တဲ့ National Institute of Development Administration (NIDA) ရဲ့ စစ်တမ်းမှာ People’s Party က ၃၄.၂ ရာခိုင်နှုန်းနဲ့ ဦးဆောင်နေပါတယ်။
Myanmar Now ဆက်လက်ရပ်တည်နိုင်ရေးအတွက် လစဥ်ငွေအနည်းငယ်ဖြင့် /qurium/myanmar-now.org/mm-members.html တွင် ကူညီနိုင်ပါသည်။



