အမေရိကန်ပြည်ထောင်စု၊ မင်နီဆိုးတားပြည်နယ်မှာ အမေရိကန် လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန် စည်းကြပ်မှု အေဂျင်စီ (ICE) ရဲ့ ဖမ်းဆီးမှုတွေထဲ မြန်မာတွေ ပါဝင်နေတဲ့ အပြင် ပစ်ခတ်မှုကြောင့် အပြစ်မဲ့အမျိုးသမီးတစ်ဦးနဲ့ သူနာပြုတစ်ဦး သေဆုံးခဲ့ရတဲ့ ဖြစ်စဉ်ဟာ အမေရိကန်ရောက် မြန်မာတွေကြားမှာ စိုးရိမ်ဖွယ်ကောင်းတဲ့ သတင်းတစ်ခု ဖြစ်လာခဲ့ပါတယ်။
အထူးသဖြင့် Asylum ခိုလှုံခွင့် လျှောက်ထားဆဲသူတွေပါ ဖမ်းဆီးခံနေရတာကြောင့် စိုးရိမ်စိတ်တွေ ဖြစ်လာတာပါ။ ဒီလို ရှုပ်ထွေးပြီး စိန်ခေါ်မှုများတဲ့ ကာလမှာ ကိုယ့်ရဲ့ ရပိုင်ခွင့်တွေနဲ့ ဥပဒေကြောင်းအရ ဘယ်လို ကာကွယ်ရမလဲဆိုတာကို သိထားဖို့က အရေးကြီးလာပါတယ်။
ဖမ်းဆီးမှုတွေ ပြင်းထန်လာရင် ဘယ်လို ပြင်ဆင်ထားရမလဲ၊ အကယ်၍ အဖမ်းခံရရင်ရော ဘယ်လို အခွင့်အရေးတွေ ရှိသလဲဆိုတာ ဆွေးနွေးပေးဖို့အတွက် အမေရိကန် လူဝင်မှု ကြီးကြပ်ရေးဆိုင်ရာ ဥပဒေအထောက်အကူပေးရေးအဖွဲ့ (USIRD) ရဲ့ အမှုဆောင်ဒါရိုက်တာ ကိုရဲရင့်မြင့်မိုရ်ကို မြန်မာနောင်း သတင်းထောက် မသဇင်လှိုင်က ဆက်သွယ်မေးမြန်းထား ပါတယ်။
ရိုက်ကူး/တည်းဖြတ်-မြတ်ကြီး တင်ဆက်-သဇင်လှိုင်
Myanmar Now ဆက်လက်ရပ်တည်နိုင်ရေးအတွက် လစဥ်ငွေအနည်းငယ်ဖြင့် /qurium/myanmar-now.org/mm-members.html တွင် ကူညီနိုင်ပါသည်။



