အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံရုပ်သံသတင်း

ရွေးကောက်ပွဲအလွန်တွင် အတိုက်အခံနိုင်ငံရေး ရှင်သန်နိုင်ဦးမည်လော

စစ်ကျွန်ဇာတ်သွင်းသော ရွေးကောက်ပွဲမှန်း သိလျက်နှင့် အာဏာသိမ်းစစ်တပ်နှင့်  ပူးပေါင်းသလို၊ စစ်အာဏာသိမ်းမှု ကို “အာဏာထိန်း” ခြင်းပါဟု စစ်တပ်နှင့်အတူ လိမ်ညာပေးခဲ့ကြသော၊ စစ်ကျွန်မခံလိုသည့် နိုင်ငံအနှံ့ ပြည်သူများ၏ လက်နက်ကိုင် ခုခံတော်လှန်ရေးကို စစ်တပ်အလိုကျ အကြမ်းဖက်မှုများအဖြစ် ဆန့်ကျင်ရှုတ်ချခဲ့ကြသော အေးမောင်၊ ကိုကိုကြီးနှင့် စန္ဒာမင်းတို့အားလုံး မရှုမလှ ရှုံးနိမ့်ခဲ့ကြသည်။ 

အတုအယောင် ရွေးကောက်ပွဲအလွန် စစ်တပ်ကြိုးကိုင်ခြယ်လှယ်မည့် နိုင်ငံရေးဇာတ်ခုံပေါ်တွင် အနှီ နိုင်ငံရေးသမားများ မည်ကဲ့သို့ ကပြ အသုံးတော်ခံကြဦးမည်နည်း။ 

သေချာသည့်အချက်သည် မင်းအောင်လှိုင်နှင့် စစ်ဗိုလ်တစ်သိုက်သည် ၎င်းတို့၏လက်ဦးဆရာ အာဏာရှင်ဟောင်း နေဝင်း၏ လမ်းစဉ်အတိုင်း အရပ်သား နိုင်ငံရေးသမားများကို မုန်းတီးကြသူများဖြစ်ပြီး၊ အရပ်သားနိုင်ငံရေးလောက မျိုးသုဉ်းပျောက်ကွယ်ရေးအတွက် အစဉ်တစိုက် ချေမှုန်းနေဦးမည်ဖြစ်သည်။ မြန်မာ့နိုင်ငံရေးလောကကို စစ်ဗိုလ်လူထွက်များနှင့်သာ စိုးမိုးခြယ်လှယ်ရန် လုပ်ဆောင်နေသည်မှာ သံသယမရှိ ရှင်းလင်းမြင်သာလျက် ရှိပါကြောင်း ‘သုတဇော်’ ၏ သုံးသပ်ချက်ဆောင်းပါးကို ဖော်ပြလိုက်ပါသည်။

Myanmar Now ဆက်လက်ရပ်တည်နိုင်ရေးအတွက် လစဥ်ငွေအနည်းငယ်ဖြင့် /qurium/myanmar-now.org/mm-members.html တွင် ကူညီနိုင်ပါသည်။

Related Articles

Back to top button