အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံရုပ်သံသတင်း

ဒစ်ဂျစ်တယ် သံခြေကျင်း – IMEI မှတ်ပုံတင်စနစ်ရဲ့ နောက်ကွယ်

မိုဘိုင်းဖုန်း သုံးစွဲသူတွေရဲ့ အချက်အလက်တွေကို စောင့်ကြည့်ရာမှာ အဓိကကျတဲ့  IMEI (နိုင်ငံတကာ သက်သေခံ) ကုတ်နံပါတ်တွေကို မှတ်ပုံတင်ကြဖို့ စစ်ကော်မရှင်က ညွှန်ကြားလာပါတယ်။ 

မိုဘိုင်းဖုန်းတွေကို အခွန်ကောက်နိုင်ဖို့နဲ့ တရားမဝင်တင်သွင်းတာတွေ မဖြစ်အောင် နိုင်ငံတကာသက်သေခံကုတ်(International Mobile Equipment Identity) ကို မှတ်ပုံတင်ဖို့ဆိုပြီး စစ်ကော်မရှင်က အမိန့်ထုတ်တာလည်း ဖြစ်ပါတယ်။ 

နည်းပညာအရေးကျွမ်းကျင်သူတွေကတော့ ဒီစနစ်ဟာ သာမန်အခွန်ကောက်ခံမှုထက် ပိုပြီး ပြည်သူတွေကို စောင့်ကြည့်ထောက်လှမ်းနိုင်တဲ့ ယန္တရားတစ်ခု ဖြစ်လာနိုင်တယ် လို့ သတိပေးနေကြပါတယ်။

အရင်က ဆင်းမ်ကတ်မှတ်ပုံတင်ရုံ နဲ့တင် အာဏာပိုင်တွေက သုံးစွဲသူအချက်အလက်တွေကို သိနိုင်ခဲ့ပြီးသား ဖြစ်ပါတယ်။ အခုလို ဖုန်းတစ်လုံးမှာ အခရာအကျဆုံးဖြစ်တဲ့ IMEI ကုတ်နံပါတ်ကိုပါ မှတ်ပုံတင်ခိုင်းတာက ဖုန်းအသုံးပြုသူရဲ့ တည်နေရာနဲ့ ကိုယ်ရေးအချက်အလက် လုံခြုံရေးကို ပိုပြီး စိုးရိမ်တယ်လို့ ပြည်တွင်းက မိုဘုန်းဖုန်းသုံးစွဲသူတွေက ယူဆနေကြတာပါ။ 

မိုဘိုင်းဖုန်းသုံးစွဲသူတွေ အနေနဲ့ IMEI ကုတ်နံပါတ်ကို မှတ်ပုံတင်ရမယ့် ဗဟို မိုဘိုင်းစက်ပစ္စည်း မှတ်ပုံတင်စနစ် (CEIR) ကြောင့်ဖြစ်လာနိုင်တဲ့ ခြေရာခံထောက်လှမ်းမှု အန္တရာယ်တွေ၊ ဖုန်းအော်ပရေတာတွေနဲ့ ပူးပေါင်းပြီး ဖုန်းတွေကို ပစ်မှတ်ထားပိတ်ဆို့နိုင်တဲ့ အခြေအနေတွေနဲ့ မိုဖုန်းဖုန်းသုံးစွဲသူတွေရဲ့ အချက်အလက်လုံခြုံရေးအတွက် ဘယ်လို ကြိုတင်ပြင်ဆင်ထားသင့်သလဲ ဆိုတာတွေကို

မြန်မာအင်တာနက်ပရောဂျက် (MIP) ရဲ့ ဒစ်ဂျစ်တယ်လွတ်လပ်ခွင့်အရေး လေ့လာသုံးသပ်သူ ကိုသစ်ဉာဏ် ကိုMyanmar Now က ဆက်သွယ်မေးမြန်းထားပါတယ်။ 

မေးမြန်း – သဇင်လှိုင်/ Myanmar Now

Myanmar Now ဆက်လက်ရပ်တည်နိုင်ရေးအတွက် လစဥ်ငွေအနည်းငယ်ဖြင့် /qurium/myanmar-now.org/mm-members.html တွင် ကူညီနိုင်ပါသည်။

Related Articles

Back to top button