အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံရုပ်သံသတင်း

အီရန်မူလတန်းကျောင်းကိုအမေရိကန်ဒုံးကျည်ထိမှန်တဲ့ရုပ်သံသက်သေထွက်ပေါ်

အီရန်နိုင်ငံတောင်ပိုင်းမှာ လူပေါင်း ၁၇၅ ဦးလောက် သေဆုံးခဲ့ရတဲ့ မိန်းကလေး မူလတန်းကျောင်းတစ်ကျောင်းကို ဖေဖော်ဝါရီ ၂၈ ရက်က ထိမှန်ခဲ့တဲ့ ဒုံးကျည်ဟာ အမေရိကန်က ပစ်ခတ်လိုက်တဲ့ တိုမာဟော့ခ် ဒုံးကျည်ဖြစ်တယ်ဆိုတဲ့ ဗီဒီယိုအထောက်အထားတစ်ရပ် မတ်လ ၈ ရက်နေ့က ထွက်ပေါ်လာပါတယ်။

အမေရိကန်နဲ့ အစ္စရေးတို့က အီရန်တို့ စတင်တိုက်ခိုက်ခဲ့တဲ့ ပထမဆုံးနေ့မှာပဲ မီနပ်ဘ် (Minab) မြို့က ရေတပ်စခန်းနဲ့ ကပ်လျက်မှာရှိတဲ့ အဲဒီစာသင်ကျောင်းကို ထိမှန်ခဲ့တာပါ။

ဂြိုဟ်တုဓာတ်ပုံတွေ၊ လူမှုကွန်ရက်ပေါ်က ပို့စ်တွေနဲ့ အတည်ပြုထားတဲ့ တခြားဗီဒီယိုတွေကို NY Times က လေ့လာဆန်းစစ်ကြည့်ရာမှာ  အဲဒီတိုက်ခိုက်မှုအတွင်း ရှဂျားယက်တားယက် (Shajarah Tayyebeh) မူလတန်းကျောင်းဆောင်ဟာလည်း  ပြင်းပြင်းထန်ထန် ပျက်စီးသွားခဲ့တာကို တွေ့ရပါတယ်။

Myanmar Now ဆက်လက်ရပ်တည်နိုင်ရေးအတွက် လစဥ်ငွေအနည်းငယ်ဖြင့် /qurium/myanmar-now.org/mm-members.html တွင် ကူညီနိုင်ပါသည်။

Related Articles

Back to top button