အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံရုပ်သံသတင်း

အီရန်စစ်ပွဲကြောင့် အာရှနိုင်ငံတွေမှာ လောင်စာဆီ လက်ကျန် ဘယ်လောက်ပဲရှိတော့လဲ

အီရန်က ပိတ်ထားတဲ့ ဟော့မုဇ်ရေလက်ကြားဟာ အာရှနိုင်ငံတွေဆီကို တင်ပို့တဲ့ ရေနံနဲ့သဘာဝဓာတ်ငွေ့ရည် စုစုပေါင်း ၈၀% ကျော်အတွက် များစွာအရေးပါတဲ့ လမ်းကြောင်းတစ်ခုပဲ ဖြစ်ပါတယ်။

၂၀၂၅ ခုနှစ်အတွင်းမှာ   Hormuz ရေလက်ကြားကနေ တစ်နေ့ကို ရေနံစိမ်း စည်ပေါင်း ၁၃ ဒသမ ၄ သန်း လောက် သယ်ယူပို့ဆောင်ခဲ့တယ်လို့  Nikkei Asia ရဲ့  သတင်းမှာ ဖော်ပြထားပါတယ်။

အခုအချက်အလက်တွေအရ ဂျပန်နဲ့ တရုတ်မှာ   ရေနံလက်ကျန် အများဆုံးဖြစ်ပြီး အင်ဒိုနီးရှားနဲ့ ထိုင်ဝမ်မှာတော့    စွမ်းအင်လက်ကျန် အနည်းဆုံးဖြစ်( တာကြောင့်)  စိုးရိမ်ရတဲ့   အနေအထားမှာ ရှိနေပါတယ်။

နယ်သာလန်နိုင်ငံ၊ အမ်စတာဒမ်မြို့မှာ အခြေစိုက်တဲ့ ကမ္ဘာကျော် နိုင်ငံတကာ ဘဏ်နဲ့ ဘဏ္ဍာရေးဝန်ဆောင်မှု လုပ်ငန်းကြီး တစ်ခု ဖြစ်တဲ့ ING အဖွဲ့က အာရှ-ပစိဖိတ်ဒေသဆိုင်ရာသုတေသနဌာန အကြီးအကဲ ဒီပါလီဘဂဝါကတော့  နိုင်ငံအတော်များများမှာ ငွေကြေးဖောင်းပွမှုက သိပ်မမြင့်သေးလို့   အာရှနိုင်ငံတွေအနေနဲ့ လောင်စာဆီစျေးတက်လာတာကို ခံနိုင်ရည်ရှိသေးပေမယ့်   ရေနံစျေးတွေ ဘယ်လောက်အထိ တက်သွားမလဲ၊ ပြီးတော့ ဘယ်လောက်ကြာကြာ မြင့်တက်နေမလဲဆိုတဲ့   အပေါ်မှာမူတည်ပြီး  စီးပွားရေးထိခိုက်မှုတွေကို ကြုံတွေ့လာရမှာ ဖြစ်တယ်လို့ သုံးသပ်ထားပါတယ်။

Myanmar Now ဆက်လက်ရပ်တည်နိုင်ရေးအတွက် လစဥ်ငွေအနည်းငယ်ဖြင့် /qurium/myanmar-now.org/mm-members.html တွင် ကူညီနိုင်ပါသည်။

Related Articles

Back to top button