အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ဓာတ်ပုံအက်ဆေး

တောတောင်များအတွင်း ကာလရှည် ခိုလှုံနေရသည့် ပေါက်မြို့နယ်မှ စစ်ဘေးရှောင်များ

နိုင်ငံအလယ်ပိုင်း မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်အတွင်း စိုက်ပျိုးရေးလုပ်ငန်းမရှိ၊ ကုန်သွယ်ရန် လမ်းပန်းမသင့်သည့် တော ၊တောင်တို့အတွင်း နေထိုင်ကြရသည့် စစ်ဘေးရှောင်တို့သည် ကပ်မိုး၊ ကပ်ကာ တဲငယ်လေးများဖြင့် နေထိုင်ကြရသည်။


(ဓာတ်ပုံ-မိုးဦး/Myanmar Now)

နိုင်ငံအလယ်ပိုင်း မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်အတွင်း စိုက်ပျိုးရေးလုပ်ငန်းမရှိ၊ ကုန်သွယ်ရန် လမ်းပန်းမသင့်သည့် တော ၊တောင်တို့အတွင်း နေထိုင်ကြရသည့် စစ်ဘေးရှောင်တို့သည် ကပ်မိုး၊ ကပ်ကာ တဲငယ်လေးများဖြင့် နေထိုင်ကြရသည်။ 

(ဓာတ်ပုံ-မိုးဦး/Myanmar Now)

ရောက်ရှိရာဒေသမှ သစ်စိုက်ခင်းပိုင်ရှင်တို့ထံ အကူအညီတောင်းခံပြီး၊ တဲထိုး၍ရရုံသာရှိသည့် မျောတိုင် နှင့် ဝါးတို့ဖြင့် ဆောက်လုပ်ထားသည့် တဲငယ်ပေါင်း ရာနှင့်ချီရှိသည့် စစ်ဘေးရှောင်စခန်းပေါင်းများစွာ ပေါက်မြို့နယ်အတွင်းရှိနေသည်။ 

(ဓာတ်ပုံ-မိုးဦး/Myanmar Now)

အဆိုပါ စစ်ဘေးရှောင်များ ခိုလှုံနေထိုင်ရသည့်ဒေသသည် ကုန်ကူးသန်းရောင်းဝယ်ရန်လည်း လမ်းပန်း ဆက်သွယ်ရေး ခက်ခဲသည့်နေရာတွင် ဖြစ်သလို  စိုက်ပျိုးရေးလုပ်ငန်းမဖွံ့ဖြိုးသဖြင့် လယ်ယာအကူ အငှားလိုက်ခြင်းဖြင့် ဝင်ငွေရှာရန် အခွင့်အလမ်းနည်းပါးလှသည်။ 

(ဓာတ်ပုံ-မိုးဦး/Myanmar Now)

ထို့ကြောင့် ပေါက်ဒေသ စစ်ဘေးရှောင်စခန်းအများစုတွင် ဝင်ငွေရရန် ဝါးကြောဖျာ ရက်လုပ်ခြင်း လုပ်ငန်းတစ်ခုသာ ရှိသည်။ အဆိုပါဝါးကြောဖျာအတွက် လိုအပ်သည့် နှီးဆွဲခြင်း (ဝါး၏အပေါ်ယံ အကြောကို ခွာယူခြင်း)၊ ဝါးခုတ်ခြင်းကဲ့သို့သော လုပ်ငန်းသည်သာ ရွေးချယ်စရာဖြစ်ပြီး၊ ထိုလုပ်ငန်း သည် လူတိုင်းလုပ်နိုင်သည့် လုပ်ငန်းလည်းမဟုတ်သလို၊ နေ့စဉ် လုပ်နိုင်သည့် လုပ်ငန်းတစ်ခုလည်း မဟုတ်ပေ။

(ဓာတ်ပုံ-မိုးဦး/Myanmar Now)

နှီးဆွဲခြင်းလုပ်ငန်းမှ တစ်ရက်လျှင် ကျပ်ငွေ ၁၆၀၀၀ သာ ရရှိပြီး ဖျာရက်သူများသည်လည်း တစ်ရက်လျှင် ဖျာတစ်ချပ်သာ ရက်နိုင်ကြပြီး၊ ထိုဖျာရက်လုပ်ခအနေဖြင့် ၁၅၀၀၀ ကျပ်ခန့်သာ ရရှိသည်။

(ဓာတ်ပုံ-မိုးဦး/Myanmar Now)

တစ်မြို့နယ်လုံးတွင် စစ်ဘေးရှောင် လူဦးရေ ၁၀၀၀၀ ကျော်ရှိသည်ဟု ပေါက်မြို့နယ် လူသားချင်း စာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဌာနထံက သိရသည်။

(ဓာတ်ပုံ-မိုးဦး/Myanmar Now)

ပေါက်ဒေသ စစ်ရှောင်စခန်းများတွင် ကလေးများ ပညာရေး၊ အရေပြား ရောဂါနှင့် သောက်သုံးရေ အခက်အခဲအပါအဝင် အခက်အခဲများစွာ ရင်ဆိုင်ရလျက်ရှိသည်ဟု ဆိုကြသည်။ 

(ဓာတ်ပုံ-မိုးဦး/Myanmar Now)

ပေါက်မြို့နယ်တွင် နှစ်နှင့်ချီ၍ ကာလရှည်စစ်ရှောင်နေရသော ကျေးရွာ ၅၂ ရွာမှ လူဦးရေ ၂၄၀၀၀ ကျော် အထိရှိပြီး အမှတ် (၂၄) ကာကွယ်ရေး လက်နက်ပစ္စည်းစက်ရုံ (ကပစ ၂၄ )အနောက်တောင်ဘက်မှ  မျှားပိုင်းနှင့်  ခင်အေးစသည့် ရွာများမှ ဒေသခံများသည် ၂၀၂၃ ခုနှစ် ကတည်းက စစ်ရှောင်ခဲ့ကြရသည်။

(ဓာတ်ပုံ-မိုးဦး/Myanmar Now)

ပေါက်မြို့နယ်တွင် မြို့ပေါ်ရပ်ကွက် လေးခုရှိပြီး ကျေးရွာ အုပ်စု ၇၁ အုပ်စု၊ ကျေးရွာပေါင်း ၂၃၅ ရွာ ရှိကြောင်း အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန စာရင်းများအရ သိရသည်။ ၂၀၂၃ ခုနှစ် မတ်လကုန်ထိ ပေါက်မြို့နယ်တွင် နေထိုင်သည့် လူဦးရေ နှစ်သိန်းကျော်ရှိသည်။

(ဓာတ်ပုံ-မိုးဦး/Myanmar Now)

ပေါက်မြို့နယ်သည် တော်လှန်ရေးတပ်ဖွဲ့ဝင်များ အားကောင်းသည့်ဒေသဖြစ်ပြီး ချင်းပြည်နယ်နှင့် ချိတ်ဆက်နေရာ ယခင်ကတည်းကပင်  စစ်တပ်သည် လေကြောင်းဗုံးဖြင့်  မကြာခဏ တိုက်ခိုက်လေ့ရှိသည်။  

(ဓာတ်ပုံ-မိုးဦး/Myanmar Now)
(ဓာတ်ပုံ-မိုးဦး/Myanmar Now)
(ဓာတ်ပုံ-မိုးဦး/Myanmar Now)
(ဓာတ်ပုံ-မိုးဦး/Myanmar Now)
(ဓာတ်ပုံ-မိုးဦး/Myanmar Now)
(ဓာတ်ပုံ-မိုးဦး/Myanmar Now)
(ဓာတ်ပုံ-မိုးဦး/Myanmar Now)
(ဓာတ်ပုံ-မိုးဦး/Myanmar Now)
(ဓာတ်ပုံ-မိုးဦး/Myanmar Now)
(ဓာတ်ပုံ-မိုးဦး/Myanmar Now)
(ဓာတ်ပုံ-မိုးဦး/Myanmar Now)

Related Articles

Back to top button