Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဖားကန့်ဆယ်ဇင်းဒေသတိုက်ပွဲစစ်တပ်ကတိုက်​လေယာဥ်ဖြင့်ဗုံးကျဲရာအရပ်သားများကိုပါပစ်မှတ်ထားတိုက်ခိုက်နေဟုဒေသခံပြော

ကချင်သတင်းဌာ Kachinwaves က တိုက်ပွဲသတင်းဖော်ပြရာ KIA တပ်ရင်း ၂၆နယ်မြေ ဆယ်ဇင်း ကျေးရွာ အနီးသို့ စစ်ကောင်စီတပ်က တိုက်လေယာဉ် ၂စီးဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့သည်ဟု​ဖော်ပြထားသည်။

(စစ်တပ်မှ YAK-130တိုက်လယာဥ်နှစ်စီး ။ဓါတ်ပုံ-မြဝတီ)
(စစ်တပ်မှ YAK-130တိုက်လယာဥ်နှစ်စီး ။ဓါတ်ပုံ-မြဝတီ)

ကချင်ပြည်နယ်ဖားကန့်မြို့နယ်ဆယ်ဇင်းကျေးရွာနှင့်အနီးတဝိုက်သို့စစ်ကောင်စီတပ်က ယနေ့(သြဂုတ် ၉)တိုက်​လေယာဥ်ဖြင့် ဗုံးကျဲတိုက်ခိုက်နေရာ ၊အရပ်သားများကိုပါပစ်မှတ်ထားတိုက်ခိုက်နေကြောင်းဒေသခံအချို့ကပြောသည်။

ကချင်နှင့်စစ်ကိုင်းအစပ်ရှိ ဆယ်ဇင်းဒေသမှစစ်ကောင်စီတပ်စခန်းနှင့် ရှမ်းနီတပ် SNA စခန်းကို ဩဂုတ် ၈ရက်တွင် KIAနှင့်PDFက တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။ ထိုအပြင်ယနေ့ ဩဂုတ် ၉ရက်တွင်လည်း ဆယ်ဇင်းရဲစခန်းကို ထပ်မံတိုက်ခိုက်ခဲ့ရာ နေ့လည်ပိုင်းမှ စ၍ စစ်ကောင်စီတပ်ကတိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟုသိရသည်။

“တော်တော်ဆိုးနေသေးတယ်ဗျာ အဲဒီဘက်မှာ။ နေရာစုံမှာ ကို ဗုံးချတာ။ အခုကကျေးရွာတည့်တည့် မှာကိုချတာ။ အခုက ပြည်သူလူထု ထိခိုက်တယ်။ စာရင်းတော့ ကောက်နေကြတယ်” ဟု ကချင်ဒေသခံက ပြောသည်။

တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်ကလေကြောင်းတိုက်ခိုက်လာနိုင်၍ ဒေသခံများ စစ်ဘေးတိမ်းရှောင်နေကြရသော်လည်း အချို့မှာ ကျန်နေကြောင်း ၎င်းက ဆိုသည်။

ကချင်သတင်းဌာ Kachinwaves က တိုက်ပွဲသတင်းဖော်ပြရာ KIA တပ်ရင်း ၂၆နယ်မြေ ဆယ်ဇင်း ကျေးရွာ အနီးသို့ စစ်ကောင်စီတပ်က တိုက်လေယာဉ် ၂စီးဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့သည်ဟု​ဖော်ပြထားသည်။

ယနေ့ လေကြောင်းတိုက်ခိုက်မှု နှင့်ပတ်သက်ပြီး မေးမြန်းရန် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းနှင့် ပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူ ထံ ဆက်သွယ်နေဆဲဖြစ်သည်။

ကချင်ပြည်နယ်သို့တိုက်​လေယာဥ်ဖြင့်တိုက်ခိုက်ပါကတံတားဦး​လေတပ်မှ​လေယာဥ်ထွက်သည်များပြီး YAK-130 တိုက်​လေယာဥ်အသုံးပြု​လေ့ရှိကြောင်း ​စစ်တပ်မှသတင်းရင်းမြစ်အချို့က​ပြောသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ယနေ့ လေကြောင်းတိုက်ခိုက်မှု နှင့်ပတ်သက်ပြီး မေးမြန်းရန် ကချင်လွတ်လပ် ရေးတပ်မတော်(KIA) သတင်းနှင့် ပြန်ကြားရေးဌာန တာဝန်ခံဗိုလ်မှူးကြီး နော်ဘူထံ ဆက်သွယ်နေဆဲဖြစ်သည်။

သတင်း

ကရင်နီပြည်နယ်၌ ရဟတ်ယာဥ်ဖြင့် လူထုကိုပစ်မှတ်ထား၍ ဗုံးကြဲတိုက်ခိုက်သည်မှာ ယခုအကြိမ် အပါအဝင် လေးကြိမ်ဖြစ်ပြီး အရပ်သား လေးဦးသေဆုံးခဲ့သည်။

သတင်း

စစ်ကောင်စီတပ်က မီးရှို့မှုကြောင့် ယနေ့ တစ်နေ့တည်း နေအိမ် တစ်ထောင်ကျော် မီးလောင်သွားသည်ဟု ဒေသခံများကပြောသည်။ထို့အပြင် ဒေသခံ နှစ်ဆယ်ဦးထက်မနည်းကို ဓါးစာခံအနေဖြင့် ဖမ်းဆီးထားသည်ဟုလည်း​ဒေသခံအချို့က​ပြောသည်။

သတင်း

ယမန်နေ့တိုက်ပွဲ၌ စစ်ကောင်စီတပ် ဖမ်းထားသည့် ဒေသခံများကို ကယ်ထုတ်နိုင်သကဲ့သို့ ဓားစားခံအဖြစ် ဖမ်းထားသူများ ဆက်ရှိနေကြောင်းလည်း ကချင်ဒေသခံက ပြောသည်။