Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်​ကောင်စီတပ်ကမူးကမ်းကြီးရွာတွင်အသံချဲ့စက်ဖြင့်ဆဲဆိုစိန်​ခေါ်၍ ရွာကိုမီးရှို့​နေ၊​ဒေသခံများထွက်​ပြေး​နေရ

စစ်ကောင်စီတပ်က မီးရှို့မှုကြောင့် ယနေ့ တစ်နေ့တည်း နေအိမ် တစ်ထောင်ကျော် မီးလောင်သွားသည်ဟု ဒေသခံများကပြောသည်။ထို့အပြင် ဒေသခံ နှစ်ဆယ်ဦးထက်မနည်းကို ဓါးစာခံအနေဖြင့် ဖမ်းဆီးထားသည်ဟုလည်း​ဒေသခံအချို့က​ပြောသည်။

(မူးကမ်းကြီးရွာမီး​လောင်​နေသည်ကို အ​ဝေးမှမြင်​တွေ့ရစဥ်။ ဓါတ်ပုံ-CJ)
(မူးကမ်းကြီးရွာမီး​လောင်​နေသည်ကို အ​ဝေးမှမြင်​တွေ့ရစဥ်။ ဓါတ်ပုံ-CJ)

ဒီပဲယင်းမြို့နယ် မူးကမ်းကြီးရွာကို စစ်ကောင်စီတပ်က အသံချဲ့စက်ဖွင့်၍အော်ဟစ်ဆဲဆို၍စိန်ခေါ်ကာအကြမ်းဖက်မီးရှို့နေ​သော​ကြောင့်ဒေသခံများ ထွက်ပြေးတိမ်း​ရှောင်နေရကြောင်း ပြည်သူ့ကာကွယ်ရေး ရဲဘော်များကပြောသည်။

မူးကမ်းကြီး ရွာကို ယနေ့(သြဂုတ် ၉ရက်)နေ့လည်မှစ၍ စစ်ကောင်စီတပ်ကဝင်​ရောက်မီးရှို့ဖျက်ဆီးနေခြင်းဖြစ်သည်။

“ဘုန်းကြီးကျောင်းကို မီးရှို့ပြီး ကျောင်းက လူမှုရေးကားကိုယူသွားတယ်။ အဲ့ကားက အသံချဲ့စက်နဲ့ လိုက်အော်ပြီး မီးရှို့နေတာ။ မင်းတို့ရွာကို ရွာလုံးကျွတ်ရှို့မယ်ဆိုပြီးဆဲဆိုစိန်ခေါ်နေတယ်” ဟုဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့ဖြစ်သည့် တောင်သူလယ်သမားအဖွဲ့မှ ရဲဘော်တစ်ဦးကပြောသည်။

စစ်ကောင်စီတပ်က မီးရှို့မှုကြောင့် ယနေ့ တစ်နေ့တည်း နေအိမ် တစ်ထောင်ကျော် မီးလောင်သွားသည်ဟု ဒေသခံများကပြောသည်။ထို့အပြင် ဒေသခံ နှစ်ဆယ်ဦးထက်မနည်းကို ဓါးစာခံအနေဖြင့် ဖမ်းဆီးထားသည်ဟုလည်း​ဒေသခံအချို့က​ပြောသည်။

“ကျွန်တော်တို့ အခု သစ်ပင်ကြို သစ်ပင်ကြားထဲမှာ နေနေရတာ။ တဲတောင်မထိုးနိုင်ဘူး” ဟု ထွက်ပြေးတိမ်းရှောင်နေရသည့်ဒေသခံတစ်ဦးက ယနေ့(သြဂုတ်လ ၉ရက်)ညနေ ၆နာရီခန့်အခြေအနေကိုပြောသည်။

မူးကမ်းကြီးရွာမှ နေအိမ်များအား စစ်ကောင်စီတပ်ကမီးရှို့ရာတွင် တိုက်အိမ်များကို ယမ်းများသုံး၍ ဖောက်ခွဲခြင်း၊မီးစွဲလောင်အားကောင်းသည့် ဓာတုဆေးများဖြန်းခြင်းဖြင့်လည်း​လောင်း၍ မီးရှို့ဖျက်ဆီးနေသည်ဟု ဒေသခံများကပြောသည်။

မူးကမ်းကြီးရွာသည်အိမ်ခြေလေးထောင်ကျော်နှင့် ဘုန်းကြီးကျောင်း ၁၅ ကျောင်းရှိသော ရွာကြီးဖြစ်သည်။ ဇူလိုင်လက တစ်ကြိမ် မီးရှို့ရာနေအိမ် ၁၇၈လုံးမီးလောင်ပျက်ဆီးခဲ့သည်။

“ဒီနေ့ တိုက်ပွဲမဖြစ်ဘဲ တမင်သက်သက် မီးလာရှို့တာ။ ခွေးလောက်တောင်အဆင့်မရှိတဲ့စစ်တပ်” ဟု​ဒေသခံတစ်ဦးက လည်းပြောသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ကချင်သတင်းဌာ Kachinwaves က တိုက်ပွဲသတင်းဖော်ပြရာ KIA တပ်ရင်း ၂၆နယ်မြေ ဆယ်ဇင်း ကျေးရွာ အနီးသို့ စစ်ကောင်စီတပ်က တိုက်လေယာဉ် ၂စီးဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့သည်ဟု​ဖော်ပြထားသည်။

သတင်း

ယနေ့ လေကြောင်းတိုက်ခိုက်မှု နှင့်ပတ်သက်ပြီး မေးမြန်းရန် ကချင်လွတ်လပ် ရေးတပ်မတော်(KIA) သတင်းနှင့် ပြန်ကြားရေးဌာန တာဝန်ခံဗိုလ်မှူးကြီး နော်ဘူထံ ဆက်သွယ်နေဆဲဖြစ်သည်။

သတင်း

ကရင်နီပြည်နယ်၌ ရဟတ်ယာဥ်ဖြင့် လူထုကိုပစ်မှတ်ထား၍ ဗုံးကြဲတိုက်ခိုက်သည်မှာ ယခုအကြိမ် အပါအဝင် လေးကြိမ်ဖြစ်ပြီး အရပ်သား လေးဦးသေဆုံးခဲ့သည်။

သတင်း

ယမန်နေ့တိုက်ပွဲ၌ စစ်ကောင်စီတပ် ဖမ်းထားသည့် ဒေသခံများကို ကယ်ထုတ်နိုင်သကဲ့သို့ ဓားစားခံအဖြစ် ဖမ်းထားသူများ ဆက်ရှိနေကြောင်းလည်း ကချင်ဒေသခံက ပြောသည်။