Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဖားကန့် ဆယ်ဇင်းဒေသတိုက်ပွဲ စစ်ကောင်စီတပ် လေကြောင်းမှ တိုက်ခိုက်

ယနေ့ လေကြောင်းတိုက်ခိုက်မှု နှင့်ပတ်သက်ပြီး မေးမြန်းရန် ကချင်လွတ်လပ် ရေးတပ်မတော်(KIA) သတင်းနှင့် ပြန်ကြားရေးဌာန တာဝန်ခံဗိုလ်မှူးကြီး နော်ဘူထံ ဆက်သွယ်နေဆဲဖြစ်သည်။

ဖားကန့် ဆယ်ဇင်းဒေသတိုက်ပွဲ စစ်ကောင်စီတပ် လေကြောင်းမှ တိုက်ခိုက်
ဖားကန့် ဆယ်ဇင်းဒေသတိုက်ပွဲ စစ်ကောင်စီတပ် လေကြောင်းမှ တိုက်ခိုက်

အရပ်သားများကိုပါ ပစ်မှတ်ထားတိုက်ခိုက်နေဟု ကချင်ဒေသခံပြော

စစ်ကိုင်း – ကချင် အစပ် ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆယ်ဇင်းကျေးရွာနှင့် အနီးတဝိုက်သို့ စစ်ကောင်စီတပ်က ယနေ့ လေကြောင်းမှ တိုက်ခိုက်နေပြီး အရပ်သားများကိုပါ ပစ်မှတ်ထား တိုက်ခိုက်နေကြောင်း ကချင်ဒေသခံတစ်ဦးက ပြောသည်။

ဆယ်ဇင်း ဒေသရှိ စစ်ကောင်စီတပ်စခန်းနှင့် ရှမ်းနီတပ် SNA စခန်းကို ဩဂုတ် ၈ရက်တွင် KIAက တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး ယနေ့ (ဩဂုတ် ၉ရက်)တွင်လည်း ဆယ်ဇင်းရဲစခန်းကို ထပ်မံ တိုက်ခိုက် ခဲ့ရာ နေ့လည်ပိုင်းမှစ၍ စစ်ကောင်စီတပ်က တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟုဆိုသည်။

“တော်တော်ဆိုးနေသေးတယ်ဗျာ အဲဒီဘက်မှာ။ နေရာစုံမှာ ကို ဗုံးချတာ။ အခုက ကျေးရွာ တည့်တည့်မှာကို ချတာ။ အခုက ပြည်သူလူထု ထိခိုက်တယ်။ စာရင်းတော့ ကောက်နေကြတယ်” ဟု ကချင်ဒေသခံက ပြောသည်။

တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်က လေကြောင်း တိုက်ခိုက်လာနိုင်၍ ဒေသခံများ စစ်ဘေး တိမ်းရှောင်နေကြရသော်လည်း အချို့မှာ ကျန်နေကြောင်း ၎င်းက ဆိုသည်။

ကချင်သတင်းဌာ Kachinwaves က တိုက်ပွဲသတင်းဖော်ပြရာ KIA တပ်ရင်း (၂၆)နယ်မြေ ဆယ်ဇင်းကျေးရွာအနီးသို့ စစ်ကောင်စီတပ်က တိုက်လေယာဉ် ၂စီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

ယနေ့ လေကြောင်းတိုက်ခိုက်မှု နှင့်ပတ်သက်ပြီး မေးမြန်းရန် ကချင်လွတ်လပ် ရေးတပ်မတော်(KIA) သတင်းနှင့် ပြန်ကြားရေးဌာန တာဝန်ခံဗိုလ်မှူးကြီး နော်ဘူထံ ဆက်သွယ်နေဆဲဖြစ်သည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

အဆိုပါ တိုက်ခိုက်မှုကို သြဂုတ် ၆ ရက် ည ၉ နာရီခန့်တွင် ချင်စုအထပ်သား စက်ရုံလမ်းကြား၌ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ထိခိုက်သေဆုံးမှုအခြေအနေအား မသိရသေးပေ။

သတင်း

ငှက်ပစ်စီမံချက်ဟု လူသိများသည့် အထက်ပါ Project Dragonfly စီမံချက်ကို မတ်လကုန်တွင် စတင်ခဲ့ပြီး စစ်အာဏာရှင်အမြစ်ဖြတ်ရေး ဆန္ဒရှိသူ ပြည်တွင်း၊ ပြည်ပရှိ ပြည်သူလူထု၏ ထည့်ဝင်မှုဖြင့် ၁၀ ရက်ကျော်အတွင်း အမေရိကန်ဒေါ်လာ ၂ ဒသမ ၂ မီလီယံကျော်ကောက်ခံရရှိခဲ့ခြင်း ဖြစ်သည်။

သတင်း

ကချင်သတင်းဌာ Kachinwaves က တိုက်ပွဲသတင်းဖော်ပြရာ KIA တပ်ရင်း ၂၆နယ်မြေ ဆယ်ဇင်း ကျေးရွာ အနီးသို့ စစ်ကောင်စီတပ်က တိုက်လေယာဉ် ၂စီးဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့သည်ဟု​ဖော်ပြထားသည်။

သတင်း

ကရင်နီပြည်နယ်၌ ရဟတ်ယာဥ်ဖြင့် လူထုကိုပစ်မှတ်ထား၍ ဗုံးကြဲတိုက်ခိုက်သည်မှာ ယခုအကြိမ် အပါအဝင် လေးကြိမ်ဖြစ်ပြီး အရပ်သား လေးဦးသေဆုံးခဲ့သည်။