Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

နယ်ကျွံလာသည့် စစ်ကောင်စီတပ်သားကို ကျောက်ထု PDF ပစ်ခတ်၊ လက်နက်ရရှိ

ဖြစ်စဥ်အရ ဇန်နဝါရီ ၃၀ ရက် ညနေ ၆နာရီ ၁၅ မိနစ်ခန့်တွင် ခလရ (၂၇၄)တပ်ရင်းမှ ထိုးစစ်ဆင် လာသည့် စစ်ကောင်စီတပ်သားများထဲမှ တပ်သားတစ်ဦးသည် ဂန့်ဂေါခရိုင်တပ်ရင်း (၈) ကင်းပုန်းဝပ်နေသော နေရာသို့ နယ်ကျွံလာခဲ့ခြင်းဟု ဆိုသည်။

(စစ်ကောင်စီတပ်သားထံမှ သိမ်းဆည်းရရှိခဲ့သည့် MA 1 သေနတ် နှင့်ကျည် ၊ဓာတ်ပုံ - နိုင်တမ်း)
(စစ်ကောင်စီတပ်သားထံမှ သိမ်းဆည်းရရှိခဲ့သည့် MA 1 သေနတ် နှင့်ကျည် ၊ဓာတ်ပုံ - နိုင်တမ်း)

ကင်းပုန်းဝတ်နေသောနေရာသို့ နယ်ကျွံလာသည့် စစ်ကောင်စီတပ်သားတစ်ဦးကို ပစ်ခတ်ဖမ်းဆီးရမိခဲ့ပြီး (MA – 1)လက်နက်တစ်လက်ပါရရှိကြောင်း ကျောက်ထု PDF (YRPA) တာဝန်ရှိသူက ပြောသည်။

ဖြစ်စဥ်အရ ဇန်နဝါရီ ၃၀ ရက် ညနေ ၆နာရီ ၁၅ မိနစ်ခန့်တွင် ခလရ (၂၇၄)တပ်ရင်းမှ ထိုးစစ်ဆင် လာသည့် စစ်ကောင်စီတပ်သားများထဲမှ တပ်သားတစ်ဦးသည် ဂန့်ဂေါခရိုင်တပ်ရင်း (၈) ကင်းပုန်းဝပ်နေသော နေရာသို့ နယ်ကျွံလာခဲ့ခြင်းဟု ဆိုသည်။

ထို့ကြောင့် ၎င်းကိုအသေပစ်ခတ်ဖမ်းဆီးခဲ့ပြီး (MA – 1)လက်နက်တစ်လက်ရရှိကြောင်း အသိပေးသည်။

“အရက်အလွန်အကျွံသောက်ထားပုံရတယ်။ဘာကြောင့် ကျွံလာလဲတော့ မသိဘူး။သေနတ်ပါလာတော့ အန္တရယ်ကြောင့် အသေပဲပစ်ခတ်လိုက် တယ်”ဟု ကျောက်ထုPDF ( YRPA )တာဝန်ရှိသူက ပြောသည်။

မကြာသေးမီရက်ပိုင်းကလည်း ဆောမြို့နယ်သို့ ထိုးစစ်ဆင်လာသည့် စစ်ကောင်စီတပ်ကို ဂန့်ဂေါခရိုင်တပ်ရင်း (၈/၉ )၊ ဆောPDF တပ်ရင်း(၂) (YRPA)နှင့် ပကဖ တို့ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်းလည်း သိရသည်။

သုံးရက်​တာတိုက်ပွဲတွင် စစ်ကောင်စီတပ်သား ကိုးဦးသေဆုံးပြီး နှစ်ဦးပြင်းထန်ဒဏ်ရာရရှိကြောင်းလည်း YRPA က ဆိိုသည်။

You May Also Like

သတင်း

ဟုမ္မလင်းမြို့ဟာ မြေပြင်အနေအထားအရ မြို့ရဲ့အရှေ့ဘက်မှာ ကချင်ပြည်နယ် ဖားကန့် ၊မိုးညှင်း ၊အနောက်ဘက်မှာ ချင်းပြည်နယ် တမူးမြို့တို့နဲ့ထိစပ်နေတဲ့ မြို့ဖြစ်ပါတယ်။

သတင်း

ဇန်နဝါရီလ ၂၄ ရက်နေ့က ဝက်လက်မြို့ထဲမှထွက်လာသည့် မိသားစုတစ်စုလိုက်ပါလာသော အိမ်စီးကားတစ်စီးကို စစ်ကောင်စီတပ်က ပစ်ခတ်ခဲ့၍ ကားပေါ်ပါ တစ်နှစ်အရွယ်ကလေးငယ် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း Wetlet Informational Network အဖွဲ့က ပြောသည်။

သတင်း

ဒီလိုဖယ်ထုတ်ခံရသူတွေထဲမှာ ဦးခင်မောင်ဆွေနဲ့ ဦးသိန်းညွှန့်ဟာ အာဏာသိမ်းပြီး စစ်ကောင်စီစတင်ဖွဲ့စည်းချိန်ကတည်းက ပါဝင်ခဲ့သူတွေဖြစ်ပါတယ်။

သတင်း

ထို့ကြောင့် အကြမ်းဖက်စစ်ကောင်စီအား အားပေးထောက်ခံသည့် မည်သူ့ကိုမဆို ဒီမိုကရေစီနှင့် လူ့အခွင့်အရေးအား ခြိမ်းခြောက်သူများအဖြစ် ရှုမြင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။