Connect with us
close

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

အိန္ဒိယ လေတပ်ရဲ့ တိုက်လေယာဉ်နှစ်စီး လေထဲတိုက်မိရာက လေယာဉ်မှူးတစ်ဦး သေဆုံး

ဖြစ်စဉ်နဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေးမှုတွေ စတင်နေပြီလို့လည်း လေတပ်နဲ့ ရဲတပ်ဖွဲ့က အသီးသီး ထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့နှစ်၊ အောက်တိုဘာလတုန်းကလည်း အာနူချယ်လ် ပရာဒက်ရှ် ပြည်နယ်မှာ ရဟတ်ယာဉ်တစ်စီး ပျက်ကျရာက အိန္ဒိယ ကြည်းတပ်ရဲ့ စစ်သည် ၅ ဦး သေဆုံးခဲ့ဖူးပါတယ်။

အိန္ဒိယ လေတပ်ရဲ့ တိုက်လေယာဉ်နှစ်စီး လေထဲတိုက်မိရာက လေယာဉ်မှူးတစ်ဦး သေဆုံး
အိန္ဒိယ လေတပ်ရဲ့ တိုက်လေယာဉ်နှစ်စီး လေထဲတိုက်မိရာက လေယာဉ်မှူးတစ်ဦး သေဆုံး

အိန္ဒိယ လေတပ်ရဲ့ တိုက်လေယာဉ်နှစ်စီး လေထဲတိုက်မိရာက လေယာဉ်မှူးတစ်ဦး သေဆုံးသွားကြောင်း သိရပါတယ်။

ဇန်နဝါရီ ၂၈ ရက်က ဒေလီမြို့တော် တောင်ပိုင်းက လေ့ကျင့်ပျံသန်းမှု အစီအစဉ် တစ်ခုမှာ အိန္ဒိယ လေတပ်ရဲ့ အမျိုးအစား မတူညီတဲ့ တိုက်လေယာဉ် နှစ်စီး တိုက်မိခဲ့တာလို့ ဆိုပါတယ်။ တိုက်မိခဲ့တဲ့ လေယာဉ်တွေက လေယာဉ်မှူး နှစ်ဦးပါတဲ့ ရုရှားလုပ် SU-30 တစ်စီးနဲ့ လေယာဉ်မှူး တစ်ဦးတည်း မောင်းနှင်တဲ့ ပြင်သစ်လုပ် Mirage 2000 တစ်စီးတို့ ဖြစ်ပါတယ်။

နှစ်စီးလုံးဟာ ဂွာလီယာ လေတပ်စခန်းကနေ မနက်ပိုင်းမှာ ပျံတက်လာကြပြီး အခြေစိုက် စခန်းရဲ့ အရှေ့ဖက် ကီလိုမီတာ ၅၀ လောက် အကွာမှ ပျက်ကျခဲ့ကြတာ ဖြစ်ပါတယ်။ လေတပ် တာဝန်ရှိသူ တစ်ဦးကတော့ လေယာဉ်တွေဟာ ပုံမှန် လေ့ကျင့် ပျံသန်းမှု အစီအစဉ် တစ်ခုအတွင်း မတော်တဆ အခြေအနေနဲ့ ကြုံခဲ့တာလို့ ပြောပါတယ်။ လေယာဉ်မှူး ၃ ဦးထဲက ၁ ယောက်ကတော့ ဒဏ်ရာ ပြင်းထန်လွန်းရာက သေဆုံးသွားတယ်လို့လည်း သိရပါတယ်။

ဖြစ်စဉ်နဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေးမှုတွေ စတင်နေပြီလို့လည်း လေတပ်နဲ့ ရဲတပ်ဖွဲ့က အသီးသီး ထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့နှစ်၊ အောက်တိုဘာလတုန်းကလည်း အာနူချယ်လ် ပရာဒက်ရှ် ပြည်နယ်မှာ ရဟတ်ယာဉ်တစ်စီး ပျက်ကျရာက အိန္ဒိယ ကြည်းတပ်ရဲ့ စစ်သည် ၅ ဦး သေဆုံးခဲ့ဖူးပါတယ်။

အိန္ဒိယ အတွက်တော့ စစ်တပ်သုံး လေယာဉ်နဲ့ ရဟတ်ယာဉ်တွေ ပျက်ကျတာမျိုး ပြီးခဲ့တဲ့ နှစ်ပိုင်းတွေမှာ ခပ်စိပ်စိပ် ကြုံခဲ့ရပါတယ်။ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလမှာလည်း ရုရှားလုပ် Mi-17 ရဟတ်ယာဉ်တစ်စီး ပျက်ကျရာက အိန္ဒိယ ကာကွယ်ရေး အကြီးအကဲ ဗိုလ်ချုပ်ကြီး ဘီပင် ရာဝတ် အပါအဝင် ၁၃ ဦးထိ အသက်ဆုံးရှုံးခဲ့ရပါတယ်။

You May Also Like

သတင်း

တိုက်ပွဲ ပြင်းထန်နေသည့် ကရင်နီ(ကယား)ပြည်နယ်တွင် ယမန်နှစ်ကလည်း စစ်ကောင်စီတပ်၏ မော်တော်ယာဥ် ၁၈စီးထက်မနည်းကို ကရင်နီပူးပေါင်းတပ်များက တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့သည်။

သတင်း

မွန်ပြည်နယ် သံဖြူဇရပ်-ရေး လမ်းမကြီးမှ ကနင်ကမော့နှင့် အောင်သာယာရွာကြားလမ်းပိုင်းတွင်ယမန်နေ့(ဇန်နဝါရီလ၂၇ရက်) ည၆ နာရီ ၄၀မိနစ်ကဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

သတင်း

စစ်ကိုင်းတိုင်းတွင် အင်တာနက်ဖြတ်တောက်ခံထားရသည့်အတွက် သတင်းထုတ်ပြန်မှုနောက်ကျရခြင်းဖြစ်ကြောင်း Mother Heros Local PDFက ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

နိုင်ငံတကာ

ဒီဖြစ်စဉ်မှာ ကွန်ဂိုရဲ့ Su-25 အမျိုးအစား တိုက်လေယာဉ်ဟာ လေပိုင်နက် ကျူးကျော်လာတာကြောင့် နည်းမှန်လမ်းမှန် တုံ့ပြန်ခဲ့တာလို့ ရဝမ်ဒါ စစ်တပ်က ပြောပါတယ်။