Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဝက်လက်မြို့နယ်တွင် တစ်လအတွင်း အိမ်ခြေ ၂,၀၀၀ နီးပါး မီးရှို့ဖျက်ဆီးခံရ

စစ်ကောင်စီတပ်သည် (၁)နှစ်အရွယ်ကလေးငယ်တစ်ဦး၊ ၁၇နှစ်အရွယ် ဆယ်ကျော်သက်တစ်ဦးအပါအဝင် စုစုပေါင်း ၅ဦးအား သတ်ဖြတ်သွားကြောင်း၊ အဆိုပါ ၅ ဦးအနက် သုံးဦးမှာ

ဝက်လက်နယ်အတွင်း မီးရှို့ခံရသော ကျေးရွာတစ်ရွာအား တွေ့ရစဥ်၊ ဓာတ်ပုံ-Wetlet Informational Network
ဝက်လက်နယ်အတွင်း မီးရှို့ခံရသော ကျေးရွာတစ်ရွာအား တွေ့ရစဥ်၊ ဓာတ်ပုံ-Wetlet Informational Network

ကလေးတစ်ဦးအပါအဝင် ၅ ဦးသတ်ဖြတ်ခံရ

ဝက်လက်မြို့နယ်တွင် ပြီးခဲ့သည့် ဇန်နဝါရီတစ်လအတွင်း အိမ်ခြေ ၂,၀၀၀နီးပါး မီးရှို့ ဖျက်ဆီးခံခဲ့ရပြီး ကလေးတစ်ဦးအပါအဝင် ပြည်သူ ငါးဦး သတ်ဖြတ်ခံခဲ့ရကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

စစ်ကောင်စီတပ်သည် (၁)နှစ်အရွယ်ကလေးငယ်တစ်ဦး၊ ၁၇နှစ်အရွယ် ဆယ်ကျော်သက်တစ်ဦးအပါအဝင် စုစုပေါင်း ၅ဦးအား သတ်ဖြတ်သွားကြောင်း၊ အဆိုပါ ၅ ဦးအနက် သုံးဦးမှာ

ဝက်လက်နယ်အတွင်း မီးရှို့ခံရသော ကျေးရွာတစ်ရွာအား တွေ့ရစဥ်၊ ဓာတ်ပုံ-Wetlet Informational Network
ဝက်လက်နယ်အတွင်း မီးရှို့ခံရသော ကျေးရွာတစ်ရွာအား တွေ့ရစဥ်၊ ဓာတ်ပုံ-Wetlet Informational Network

ခေါတောရွာ၊ ပင်းဇင်းရွာ၊ သဖန်းကုန်းရွာများက ဖြစ်ကြောင်း Wetlet Informational Network အဖွဲ့က ပြောသည်။

ဇန်နဝါရီ ၂၄ ရက်က ဝက်လက်မြို့မှထွက်လာသည့် မိသားစုတစ်စုလိုက်ပါလာသော အိမ်စီးကားတစ်စီးကို စစ်ကောင်စီတပ်က ပစ်ခတ်ခဲ့၍ ကားပေါ်ပါ (၁)နှစ်အရွယ်ကလေးငယ် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း Wetlet Informational Network အဖွဲ့က ပြောသည်။

“မိးသားစု သုံးဦးက ဝက်လက်မြို့ထဲ မနေရဲလို့ ကားနဲ့ ထွက်သွားချိန်မှာပဲ ရပ်ခိုင်းတော့ ကားက မောင်းနေတော့ မကြားရဘူးလေ။ အဲတာနဲ့ ပစ်လိုက်တာ။ ကလေးခေါင်း ထုတ်ချင်းပေါက်သွားပြီး လူကြီးက ပုခုံးမှန်တယ်။ ကလေးကတော့ နေရာမှာတင်သေတယ်။”ဟု Wetlet Informational Network အဖွဲ့ဝင်တစ်ဦးက ပြောသည်။

ဝက်လက်နယ်အတွင်း မီးရှို့ခံရသော ကျေးရွာတစ်ရွာအား တွေ့ရစဥ်၊ ဓာတ်ပုံ-Wetlet Informational Network
ဝက်လက်နယ်အတွင်း မီးရှို့ခံရသော ကျေးရွာတစ်ရွာအား တွေ့ရစဥ်၊ ဓာတ်ပုံ-Wetlet Informational Network

ထို့အပြင် စစ်ကောင်စီတပ်၏ မီးရှို့ဖျက်ဆီးမှုကြောင့် ဝက်လက်မြို့နယ်အတွင်းရှိ မန်ကျီးတုံရွာမှ အိမ်ခြေ ၁၆၀ကျော်၊ မူးကြီးရွာမှ အိမ်ခြေ ၉၀ကျော်၊ ခေါတောရွာမှ အိမ်ခြေ ၁၈၀ကျော်၊ပင်းဇင်းရွာမှ အိမ်ခြေ ၁၁၅ လုံးကျော်၊ လိန်ပင်ရွာမှ အိမ်ခြေ ခုနစ်လုံး၊မင်းစုရွာမှ အိမ်ခြေ နှစ်လုံး၊ ဝက်လက်ရွဲရွာမှ အိမ်ခြေ ၃၆လုံး၊ သခွတ်တောရွာမှ အိမ်ခြေ ၁၆လုံး၊ သဖန်းကုန်းရွာမှ အိမ်ခြေ ၂၀ကျော် မီးလောင်ပျက်စီးခဲ့ကြောင်း၊ ထို့အပြင် ကော်တုံရွာ၊ ပယ်သကြီးရွာ(ဖက်သန်းကြီးရွာ)၊တိုက်ကုန်းရွာ၊အောင်တက်ကုန်းရွာနှင့် တကောင်းမင်းရွာများလည်း မီးရှို့ဖျက်ဆီးခံရပြီး အိမ်ခြေအတိအကျ မသိရသေးကြောင်း Wetlet Informational Network အဖွဲ့က ပြောသည်။

ဝက်လက်မြို့ပေါ်တွင် စစ်ကောင်စီတပ်နှင့် ဒေသတွင်းတော်လှန်ရေးအင်အားစုများ တိုက်ပွဲများဖြစ်ပွားခဲ့ပြီး စစ်အုပ်စုဘက်က ထိခိုက်သေဆုံးမှုများ ရှိခဲ့သည်။

You May Also Like

သတင်း

ဇန်နဝါရီ ၂၃ ရက်နှင့်၂၅ ရက်က စစ်ကောင်စီတပ်၏ မီးရှို့ဖျက်ဆီးခြင်းခံရသော ယင်းမာပင်မြို့နယ်ရှိ အင်းဘက်၊ကြက်လျှာ၊ကျောက်ကုန်း၊နှောပင်၊ကျွန်းပေါ်၊နှုန်းတန်း၊ကျောက်မှော်၊ ထန်းတောကြီး၊ စည်လှောင်ချောင်းနှင့် မြရိပ်ကျေးရွာတို့အား ဆက်လက်မီးရှို့ဖျက်ဆီးသွားခဲ့သည်။

သတင်း

ဇန်နဝါရီ ၃၀ရက်က ကန်တော်ကျေးရွာရှိ နေအိမ် ၇၀ခန့်ကို မီးရှို့ခဲ့ပြီး ယနေ့ (ဇန်နဝါရီ ၃၁ရက်)တွင် ဆားကျင်းရွာမှ နေအိမ် ၃၀ခန့်ကို မီးရှို့ခဲ့သည်ဟုဆိုသည်။

သတင်း

စစ်ကောင်စီတပ်သည် ဇန်နဝါရီ၂၃ ရက်ဝန်းကျင်က ရေဦးမြို့နယ်မှတဆင့် ဒီပဲယင်းမြို့နယ်အရှေ့ခြမ်းသို့ဝင်ရောက်ကာ ကျေးရွာများအား ဝင်ရောက်ဖျက်ဆီးမီးရှို့ခဲ့ခြင်းဖြစ်သည်။

သတင်း

စစ်တပ်အာဏာသိမ်းပြီးနောက် မန္တလေးမှာ ခိုးမှုအပြင် အုပ်စုဖွဲ့လုယက်တာတွေ ၊ ဓားပြတိုက်တာတွေ ဟာ မကြာခဏဆိုသလိုဖြစ်ပွားနေတာပါ။