Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ရွှေပြည်အေးမြို့ ကိုPDFများ ဝင်ရောက်စီးနင်းမှု စစ်ကောင်စီတပ် လေကြောင်းပစ်ကူဖြင့် တုံ့ပြန်ထိုးစစ်ဆင်၍ တိုက်ပွဲဆက်ဖြစ်နေ

ရွှေပြည်အေးမြို့ကို PDFတပ်ဖွဲ့များ ထိန်းချုပ်ထားနိုင်သည့်အခြေအနေတွင် စစ်ကောင်စီက လေကြောင်း၊ ရေကြောင်း၊ မြေပြင်တို့မှ အင်အားအလုံးအရင်း သုံး၍ တိုက်ခိုက်ခဲ့ရာ ယမန်နေ့အထိ တိုက်ပွဲပြင်းထန်ခဲ့သည်ဟု ဆိုသည်။

▪️တပ်စခန်းသုံးခုသိမ်းနိုင်ပြီး စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်ရှိ၊ PDF ရဲဘော်တစ်ဦးကျဆုံး

စစ်ကိုင်းတိုင်း ခန္တီးခရိုင် ဟုမ္မလင်းမြို့နယ် ရွှေပြည်အေးမြို့အား ခန္တီးခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဦးဆောင်သည့် ပူးပေါင်းအဖွဲ့ကစစ်​​ရေးပစ်မှတ်များကို ဝင်ရောက် စီးနင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီနှင့် ရှမ်းနီ (SNA) တပ်စခန်းသုံးခုကို တိုက်ခိုက်သိမ်းပိုက်နိုင်ပြီး​နောက် စစ်ကောင်စီတပ်က လေကြောင်းအကူရယူပြီး အင်အားအလုံးအရင်းဖြင့် တုံ့ပြန်တိုက်ခိုက်နေကြောင်း ခန္တီးဒေသခံက ပြောသည်။

“ဖေဖော်ဝါရီ ၁ရက်နေ့ မနက်ခင်းမှာ ရွှေပြည်အေးမှာရှိတဲ့ ဂိတ်စခန်းသုံးခုကို ရှမ်းနီဂိတ်ရှိမယ် ကျန်တဲ့ စကစဂိတ်ရှိမယ်။ အဲဒါတွေကို ဝင်တိုက်တာ။ ခန္တီးခရိုင် တပ်ရင်းက ဦးဆောင်ပြီးတော့ လိုကယ် PDF တွေ မဟာမိတ်အဖွဲ့ လေးဖွဲ့လား ပူးပေါင်းပြီးတိုက်တာ။ တိုက်တော့ မနက် ၉နာရီကနေ ညနေ ၃နာရီအထိ သိမ်းနိုင်တယ်။ သိမ်းနိုင်တယ်ဆိုတာ ရဲစခန်းတစ်ခုလောက်ပဲကျန်တာ။ နောက်ပိုင်း MI-35 လာပစ်တာ လေးကြိမ်လောက်ရှိတယ်ပြောတယ်။ နောက်တစ်ရက် မနေ့က ညနေပိုင်းမှာ စစ်ကြောင်းထိုးလာတာရှိတယ်။ သူတို့ဘက်က လေယာဉ်နဲ့လာပစ်တာ စစ်ကူဆင်းတာတွေ ဆိုတော့စခန်းတွေကနေ ဆုတ်လာတယ်”ဟု ခန္တီးဒေသခံက ပြောသည်။

ရွှေပြည်အေးမြို့ ကိုPDFများ ဝင်ရောက်စီးနင်းမှု စစ်ကောင်စီတပ် လေကြောင်းပစ်ကူဖြင့် တုံ့ပြန်ထိုးစစ်ဆင်၍ တိုက်ပွဲဆက်ဖြစ်နေ
ရွှေပြည်အေးမြို့ ကိုPDFများ ဝင်ရောက်စီးနင်းမှု စစ်ကောင်စီတပ် လေကြောင်းပစ်ကူဖြင့် တုံ့ပြန်ထိုးစစ်ဆင်၍ တိုက်ပွဲဆက်ဖြစ်နေ

ရွှေပြည်အေးမြို့ကို PDFတပ်ဖွဲ့များ ထိန်းချုပ်ထားနိုင်သည့်အခြေအနေတွင် စစ်ကောင်စီက လေကြောင်း၊ ရေကြောင်း၊ မြေပြင်တို့မှ အင်အားအလုံးအရင်း သုံး၍ တိုက်ခိုက်ခဲ့ရာ ယမန်နေ့အထိ တိုက်ပွဲပြင်းထန်ခဲ့သည်ဟု ဆိုသည်။

“အသေအပျောက်က စစ်ကောင်စီဘက်ကတော့ အထိနာတယ်။ အခုအချိန်ထိ စစ်ရေးက တင်းမာနေတုန်း ရွာမှာ ရှိတဲ့သူတွေကတော့ လေယာဉ်နဲ့ လာပစ်တဲ့အတွက် ထွက်ပြေးတိမ်းရှောင်နေကြရတယ်။မနေ့က ညနေပိုင်းမှာ PDF ဘက်က တစ်ယောက်ကျတယ်။ မနေ့က ညနေပိုင်း သူတို့က လေကြောင်းတွေရော ထိုးစစ်ဆင်လာတဲ့အတွက် သူတို့ အင်အား တော်တော်များများနဲ့ ပြန်တိုက်တဲ့အတွက် တစ်ယောက် စကျတာပေါ့”ဟု ခန္တီးဒေသခံက ပြောသည်။

ထို့အပြင် စစ်ကောင်စီတပ်များ ပြန်မဆုတ်သေး၍ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားလာနိုင်သည်ဟု ၎င်းက ဆက်​ပြောသည်။

ကျဆုံးသွား​သောတပ်ဖွဲ့ဝင်မှာ ဟုမ္မလင်း PDF မှ အသက် ၂၇ နှစ်အရွယ် ရဲဘော် ဒုံးကြီး ထြစ်ပြီး ၊​ရွှေပြည်​အေးမြို့သိမ်းတိုက်ပွဲတွင် ရွပ်ရွပ်ချွံချွံတိုက်ပွဲဝင်ရင်း ​ဖေ​ဖော်ဝါရီ ၂ ရက် ညနေပိုင်းတိုက်ပွဲတွင်ဂုဏ်ရောင်ပြောင်စွာဖြင့် ကျဆုံးသွားခဲ့​ကြောင်း HPDF -124ကလည်းထုတ်ပြန်ထားသည်။

ရွှေပြည်အေးမြို့ ကိုPDFများ ဝင်ရောက်စီးနင်းမှု စစ်ကောင်စီတပ် လေကြောင်းပစ်ကူဖြင့် တုံ့ပြန်ထိုးစစ်ဆင်၍ တိုက်ပွဲဆက်ဖြစ်နေ
ရွှေပြည်အေးမြို့ ကိုPDFများ ဝင်ရောက်စီးနင်းမှု စစ်ကောင်စီတပ် လေကြောင်းပစ်ကူဖြင့် တုံ့ပြန်ထိုးစစ်ဆင်၍ တိုက်ပွဲဆက်ဖြစ်နေ

“ ရဲဘော် လျှောက်လှမ်းခဲ့သော ဂုဏ်ရောင်ပြောင်သည့် တော်လှန်ရေး လမ်းကြောင်း အတိုင်း အဖိနှိပ်ခံ ပြည်သူတစ်ရပ်လုံး လွတ်မြောက်သည်အထိ မယိမ်းမယိုင် ခိုင်မြဲစွာ ဆက်လက် လျှောက်လှမ်း တိုက်ပွဲဝင်သွားပါမည်ဟု ပြည်သူတစ်ရပ်လုံးကိုယ်စား HPDF-124 မှ သစ္စာအဓိဌာန်ပြုပါသည်” ဟုလည်း ဖော်ပြထားသည်။

ရွှေပြည်အေးမြို့တွင်တိုက်ပွဲ ဆက်တိုက်ဖြစ်ပွားနေပါသဖြင့် မိဘပြည်သူများအနေဖြင့် စစ်ရေးသတိရှိကြပါရန်၊ စစ်အုပ်စုဖက်မှ ယခုညတွင် လေကြောင်း ထပ်မံပစ်ခတ်လာနိုင်ပါသဖြင့် မိဘပြည်သူများအနေဖြင့် လုံခြုံသော နေရာများသို့ ‌ယာယီရွှေ့ပြောင်း ခိုလှူံကြပါရန်၊စစ်အုပ်စုနှင့်SNA ၏ အသွားအလာများအား အချိန်မလပ် သတိပြု သတင်းပေးကြပါရန် HPDF- 124 က ​ဖေ​ဖော်ဝါရီ ၂ ရက်ည​နေပိုင်းတွင်မေတ္တာရပ်ခံထားသည်။

​ရွှေပြည်​အေးမြို့သည် ဟုမ္မလင်းမြို့ ​​​တောင်ဘက် ၊ချင်းတွင်းမြစ်ကမ်း​ဘေးတွင်တည်ရှိပြီး လူဦး​ရေ ၂၅၀၀ ​ကျော်​နေထိုင်သည်။

You May Also Like

သတင်း

အခြားရဲဘော်နိုင်ကျဥ်းတစ်ဦးကမူ ထောင်ထဲ အမိုးအ ကာအောက်နေရပြီး ကိုယ့်ရဲဘော်များက မိုးထဲလေထဲတွင် အသက်နှင့်ရင်းပြီး တိုက်ပွဲဝင်နေကြသည်ကို တွေးမိပြီး စိတ်မကောင်းဖြစ်ရသည့်အပြင် အကြွေးတင်သလိုခံစားရကြောင်း ရင်ဖွင့်သည်။

သတင်း

အာဏာသိမ်းပြီးနောက် ဖမ်းခံရတဲ့ မြို့တော်ဝန်ဒေါက်တာရဲလွင် နဲ့ စည်ပင်ကော်မတီဝင် ဦးကျော်ဇေယျတို့ဟာကနဦးက ဆူပူအောင်လှုံဆော်မှု နဲ့ထောင်ဒဏ် ၂ နှစ်စီချခံရသူတွေဖြစ်ပါတယ်။

သတင်း

စစ်ကောင်စီတပ်သည် ၃၁ ရက်ညက ဘုန်းကြီးကျောင်း၌ ညအိပ်ပြီးမူးရစ်သောက်စားခဲ့ကြောင်း၊ ၎င်းတို့ထွက်သွားပြီးနောက် ဘုန်းကြီးကျောင်းအတွင်း၌ ကွန်ဒုံးများ၊ အမျိုးသမီးအတွင်းဝတ်အင်္ကျီများတွေ့ရကြောင်း ဒေသခံများက ပြောသည်။

သတင်း

မြို့ကို ပြန်ရဖို့အတွက် စစ်ကောင်စီဘက်က တန်ပြန်ထိုးစစ်ပြုလုပ်လာနိုင်တဲ့အတွက် နီးစပ်ရာကျေးရွာ တွေဆီ တိမ်းရှောင်နေရတယ်လို့ ဆိုပါတယ်။