Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ကန့်ဘလူတွင် စစ်ရှောင်အမျိုးသမီးနှစ်ဦး မြွေ​ပွေးကိုက်ခံရ

စစ်ရှောင်များ မြွေဆိုးအန္တရာယ် ကြိုကာကွယ်နိုင်ရန် စွတ်ဖိနပ်များ၊ အခြေခံဆေးဝါးများ၊ BPIထုတ်နှင့် အိန္ဒိယထုတ် မြွေဆိပ်ဖြေဆေးများလိုအပ်နေပြီးကူ​ညီပါဝင်မှုမျှော်လင့်ကြောင်း ၎င်းက ဆက်​ပြောသည်။

စစ်​ရှောင် ပြည်သူကိုကိုက်ခဲ့​သော ​မြွေ​ပွေးကိုသတ်ပြီး​နောက်​တွေ့ရစဥ်။ ။ဓါတ်ပုံ-ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့
စစ်​ရှောင် ပြည်သူကိုကိုက်ခဲ့​သော ​မြွေ​ပွေးကိုသတ်ပြီး​နောက်​တွေ့ရစဥ်။ ။ဓါတ်ပုံ-ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ကိုးတောင်ဘို့တိုက်နယ်၌ စစ်ရှောင်အမျိုးသမီးနှစ်ဦး မြွေ​ပွေးကိုက်ခံရ၍ အရေးပေါ်ဆေးကုသမှုခံယူခဲ့ရကြောင်း ​ဒေသခံများက​ပြောသည်။

ယမန်နေ့ (ဖေဖော်ဝါရီ ၂ ရက်) ည ၁၂ နာရီခွဲခန့်က ကိုးတောင်ဘို့တိုက်နယ်အစပ် စစ်ရှောင်တဲ၌ နေထိုင်နေရသူ အသက် ၅၈ နှစ်အရွယ် အမျိုးသမီးတစ်ဦး နွားလှန်သွားစဥ် ​မြွေ​ပွေးကိုက်ခံခဲ့ရခြင်းဖြစ်ကာ မြန်မာထုတ် BPI မြွေဆိပ်ဖြေဆေး ခြောက်လုံးနှင့် အိန္ဒိယမြွေဆိပ်ဖြေဆေး လေးလုံးအထိ ထိုးပေးထားရကြောင်း ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့က ပြောသည်။

“စစ်ရှောင်တဲမှာ ကျွဲနွားစုရင်း ထိသွားတဲ့အနေအထားပါ။ ဆေးက ဆယ်လုံးထိုးပေးထားတယ်။ ၈၀ ရာခိုင်နှုန်းလောက်ကတော့ အောင်မြင်မယ်လို့ ပြောလို့ရလောက်တဲ့အနေအထားပါ။ မြွေ​ကတော့ မြွေပွေးအမျိုးအစားပါ။ တော်တော်များများဖြစ်နေတယ်။”ဟု စစ်ရှောင်ကူညီနေသူ ကိုဂျောင်ဂီအွန်ကပြောသည်။

ထိုအပြင် ဖေဖော်ဝါရီ ၃ ရက်နေ့ မွန်းတည့် ၁၂ နာရီခွဲခန့်ကလည်း စစ်ရှောင်တဲတွင် နေထိုင်သူ အသက် ၂၄ နှစ်အရွယ် အမျိုးသမီးတစ်ဦး မြွေ​ပွေးကိုက်ခံရမှု ထပ်မံဖြစ်ပွားခဲ့သည်။ ၎င်းအမျိုးသမီးမှာ ကျပန်းအလုပ်လုပ်ကိုင်သူဖြစ်ပြီးကြံဖတ်လှန်နေစဉ် ကိုက်ခံရခြင်း ဖြစ်ကာ အသက်အန္တရာယ်မစိုးရိမ်ရကြောင်း ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့က ပြောသည်။

အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၂ ခုနှစ် ဧပြီလမှ ယနေ့အထိ ကန့်ဘလူနယ်တစ်ခုတည်းတွင် မြွေဆိုးကိုက်ခံရသူ ၄၇ ဦးအထိရှိပြီး အသက်မပြည့်သူကလေးတစ်ဦးနှင့် အခြား၂ ဦး အသက်ဆုံးပါးခဲ့ကြောင်း မြေပြင်တွင်စစ်ရှောင်ကူညီနေသူ ကိုဂျောင်ဂီအွန်က ပြောသည်။

စစ်ရှောင်များ မြွေဆိုးအန္တရာယ် ကြိုကာကွယ်နိုင်ရန် စွတ်ဖိနပ်များ၊ အခြေခံဆေးဝါးများ၊ BPIထုတ်နှင့် အိန္ဒိယထုတ် မြွေဆိပ်ဖြေဆေးများလိုအပ်နေပြီးကူ​ညီပါဝင်မှုမျှော်လင့်ကြောင်း ၎င်းက ဆက်​ပြောသည်။

You May Also Like

သတင်း

ပြည်သူများအနေဖြင့် ပုန်းခိုကျင်းများ တူးထားရန်၊ စစ်ကောင်စီ၏ လေကြောင်းအန္တရာယ်အား အထူးသတိပြုကြရန်လည်း မင်းတပ် CDFက အသိပေးထားသည်။

သတင်း

ယမန်နေ့ (ဇန်နဝါရီ ၂၁ ရက်) နံနက် ၁၁နာရီခန့်က ဟန်ပြရွေးကောက်ပွဲအတွက် ပြင်ဆင်နေသည့် ဇီးကုန်းမြို့ပေါ်ရှိ စစ်အုပ်စုကို ၎င်းတို့ရှိရာ ထွေအုပ်ရုံးအတွင်းသို့ လက်ပစ်ဗုံးပစ်ကာ တိုက်ခိုက်ခဲ့ကြောင်း လင်းယုန်နီ (ကန့်ဘလူ)အဖွဲ့က ဗိုလ်လင်းယုန်က ပြောသည်။

သတင်း

အဆိုပါ စစ်ဆင်ရေးကို ကန့်ဘလူမြို့နယ်(ပကဖ) ၊ MPF U-18၊မြေပြင်လှုပ်ရှားညီနောင်များ ၊ ဒေသခံLDFအဖွဲ့ နှင့် Kanbalu underground warriors မဟာမိတ်အဖွဲ့များ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးသည်။

သတင်း

ကန့်ဘလူခရိုင်၊ ထန်းကုန်းတိုက်နယ် ညောင်ဇင်လေး (အနောက်)နှင့် ယောရွာအထိုင်ချ စစ်တပ်နှင့် ပျူစောထီးများအား ကန့်ဘလူခရိုင် မဟာမိတ်အဖွဲ့များ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။