Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ကရင်နီပြည်၌ ဇန်နဝါရီအတွင်း တိုက်ပွဲပေါင်း (၃၆) ကြိမ်ဖြစ်

စံပြ(၆)မိုင်ကျေးရွာနှင့် အနီးတဝိုက်ကျေးရွာများသို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ် များနှင့် KNDF တို့ ထိတွေ့တိုက်ပွဲများ (၆)ရက်ဆက် တိုက်ပွဲဖြစ်ပွားခဲ့သည်။

(စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးမှုများအား တွေ့ရစဉ်၊ ဓာတ်ပုံ - KNDF)
(စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးမှုများအား တွေ့ရစဉ်၊ ဓာတ်ပုံ - KNDF)

▪️စစ်ကောင်စီ​၏ တပ်စခန်းနှင့်ကင်းစခန်းအချို့တိုက်ခိုက်နိုင်ခဲ့ဟု KNDF အသိပေး

ကရင်နီပြည်နယ်၌ ဇန်နဝါရီအတွင်း တိုက်ပွဲပေါင်း (၃၆)ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်မှ ၂၂ဦးသေဆုံးကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)က ယနေ့ ထုတ်ပြန်သည်။

တိုက်ပွဲများအနက် KNDF မှ ရှောင်တခင်တိုက်ခိုက်မှု ၁၀ကြိမ်ပြုလုပ်ခဲ့သည်ဟု အသိပေးသည်။

ကရင်နီတပ်မတော် (KA) ၊ KNDFနှင့် မဟာမိတ် ပြည်သူ့ကာကွယ်ရေးတပ်များသည် ဖယ်ခုံမြို့နယ်အပါအဝင် ကရင်နီပြည်အတွင်းရှိ ဒီးမော့ဆိုမြို့နယ်၊ ဖရူဆိုမြို့နယ်၊ ဘောလခဲမြို့နယ်၊ လွိုင်ကော်မြို့ နှင့် ဖားဆောင်းမြို့နယ်တို့ရှိ စစ်ကောင်စီ၏ တပ်ရင်းများ၊ ကင်းပုန်းစခန်းများ၊ စစ်ဆေးရေးဂိတ်များ၊ ရှေ့တန်းစခန်းများ၊ လှုပ်ရှားစစ်ကြောင်းများကို၊ ချေမှုန်းတိုက်ခိုက်ခြင်း၊ ရှောင်တခင်တိုက်ခိုက်ခြင်း၊ ပျောက်ကြားတိုက်ခိုက်ခြင်း၊ လက်နက်ကြီးဖြင့်တိုက်ခိုက်ခြင်း၊ ဒရုန်းများဖြင့်တိုက်ခိုက်ခြင်း၊ စခန်းသိမ်းတိုက်ခိုက်ခြင်းများကို ဇန်နဝါရီအတွင်း အောင်မြင်စွာ လုပ် ဆောင်နိုင်ခဲ့ကြောင်း ဖော်ပြသည်။

ထို့အပြင် ဇန်နဝါရီ ဒုတိယအပတ်မှစ၍ စစ်ကောင်စီတပ်များသည် စစ်ကြောင်း သုံးခုဖြင့် ဒီးမော့ဆိုမြို့နယ်၊ စံပြ(၆)မိုင်ဘက်သို့ ထိုးစစ်ဆင်ခဲ့သည်။

(စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးမှုများအား တွေ့ရစဉ်၊ ဓာတ်ပုံ - KNDF)
(စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးမှုများအား တွေ့ရစဉ်၊ ဓာတ်ပုံ – KNDF)

စံပြ(၆)မိုင်ကျေးရွာနှင့် အနီးတဝိုက်ကျေးရွာများသို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ် များနှင့် KNDF တို့ ထိတွေ့တိုက်ပွဲများ (၆)ရက်ဆက် တိုက်ပွဲဖြစ်ပွားခဲ့သည်။

ထိုမှတဆင့် ဒီးမော့ဆိုအရှ့ဘက်ခြမ်းဖြစ်သော ဇရပ်ဖြူကျေးရွာနှင့် နန်းဟူတွေကျေးရွာများသို့ ဇန်နဝါရီတတိယအပတ်တွင် ဆက်လက် စစ်ကြောင်းထိုးခဲ့သဖြင့် ကရင်နီတပ်မတော်(KA)၊ KNDF တို့မှ ခုခံတိုက်ခိုက်ခဲ့ရာ နန်းဟူတွေကျေးရွာအနီးတွင် ယနေ့အထိတိုက်ပွဲပြင်းထန်နေဆဲ ဖြစ်သည်။

“နေရာလေးခုမှာ နေ့စဥ်တိုက်ပွဲဆက်နေတာ ၁၀ ရက် လောက်ရှိနေပြီလို့ ပြောလို့ရတယ်။အဲဒီနေရာတွေကလည်း စစ်ကောင်စီအထိုင်တပ်တွေရှိတဲ့နေရာတွေ။ တိုက်ပွဲက အရှိန်အမြင့်ဆုံးရောက်နေပြီလို့ ပြောလို့ရတယ်”ဟု KNDF တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

ထို့အပြင် လွိုင်ကော်မြို့အရှေ့ဘက်ခြမ်း သို့လည်း ဇန်နဝါရီ ၁၉ရက်မှစ၍ စစ်ကောင်စီတပ်များ စစ်ကြောင်းထိုးလာသဖြင့် လွိုင်ကော်အရှေ့ခြမ်းနှင့် ရှားတောမြို့နယ် နယ်စပ်တို့တွင်လည်း ထိတွေ့တိုက်ပွဲများဖြစ်ပွားခဲ့သည်။

(စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးမှုများအား တွေ့ရစဉ်၊ ဓာတ်ပုံ - KNDF)
(စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးမှုများအား တွေ့ရစဉ်၊ ဓာတ်ပုံ – KNDF)

ဇန်နဝါရီ ၂၀ရက်က ဘောလခဲမြို့နယ်၊ နန်းဖဲကျေးရွာအနီးရှိ စစ်ကောင်စီ၏ ဗျူဟာမြောက် မယ့်စလောင်းတောင်စခန်းအား ကရင်နီပူးပေါင်းတပ်ဖွဲ့များမှ ချေမှုန်းတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်။

စခန်းသိမ်းတိုက်ပွဲမှာ (၂)နာရီခန့် ကြာမြင့်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ငါးဦးသေဆုံးကာ ကရင်နီပူးပေါင်းတပ်ဖွဲ့များမှ လက်နက်ကြီး၊ လက်နက်ငယ်များနှင့် ခဲယမ်းအမြောက်အမြား သိမ်းပိုက်ရရှိခဲ့သည်။

စစ်ကောင်စီတပ်သည် လွိုင်ကော်မြို့၊ တီးလုံကျေးရွာအုပ်စုရှိ စစ်ရှောင်စခန်းနှင့် ကျေးရွာများသို့ ဇန်နဝါရီ ၂၂ရက်၊ ၂၃နှင့် ၂၄ ရက်တို့တွင် လေကြောင်းဖြင့် လေးကြိမ်တိတိ ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

(စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးမှုများအား တွေ့ရစဉ်၊ ဓာတ်ပုံ - KNDF)
(စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးမှုများအား တွေ့ရစဉ်၊ ဓာတ်ပုံ – KNDF)

စစ်ကောင်စီတပ်ဖွဲ့မှလည်း ဒီးမော့ဆိုမြို့နယ်၊ ဖရူဆိုမြို့နယ်၊ လွိုင်ကော်မြို့၊ ဘော်လခဲမြို့နယ်နှင့် ရွာသစ်မြို့နယ်ခွဲတို့အတွင်းရှိ ကျေးရွာများသို့ လက်နက်ကြီးဖြင့် တိုက်ခိုက်ခဲ့သဖြင့် လူနေအိမ် ငါးလုံးပျက်စီးခဲ့သည့်အပြင်၊ ဘုန်းကြီး ကျောင်း နှစ်ကျောင်း နှင့် စေတီတစ်ဆူ ပျက်စီးခဲ့ရပါသည်။ ထို့အတူ အရပ်သားတစ်ဦးလက်နက် ကြီး ထိမှန်သေဆုံးခဲ့ရကာ ငါးဦးဒဏ်ရာရခဲ့သည်။

ဇန်နဝါရီအတွင်း စစ်ကောင်စီတပ်များအား တိုက်ခိုက်ရင်း KNDF မှ ရဲဘော် ငါးဦး မြင့်မြတ်စွာ ကျဆုံးခဲ့ရသည်။ ကျဆုံးသွားသော ရဲဘော်ငါးဦးအား KNDF အမျိုးသားအာဇာနည်အဖြစ် သမိုင်းမှတ်တမ်းတင် အလေးပြုကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

You May Also Like

သတင်း

စစ်ကောင်စီသည် နိုင်ငံတဝှမ်းတော်လှန်မှုအားကောင်းနေသော မြို့နယ် ၃၇ မြို့ကို စစ်အုပ်ချုပ်ရေးအဖြစ် ကြေညာလိုက်ပြီး စစ်ကိုင်းတိုင်း ၁၁ မြို့နယ်အနက် ခင်ဦးမြို့နယ်လည်း ပါဝင်ခဲ့သည်။

သတင်း

ယနေ့ တိုက်ပွဲအတွဗင်း ရန်သူ့တပ်သားနှင့်ပျုစောထီး (၂၀)ဦးခန့် သေဆုံးခဲ့ပြီး ပြည်သူ့ကာကွယ်ရေးရဲဘော်(၂)ဦး ကျဆုံးခဲ့ကြောင်း အသိပေးထားသည်။

သတင်း

အခြားရဲဘော်နိုင်ကျဥ်းတစ်ဦးကမူ ထောင်ထဲ အမိုးအ ကာအောက်နေရပြီး ကိုယ့်ရဲဘော်များက မိုးထဲလေထဲတွင် အသက်နှင့်ရင်းပြီး တိုက်ပွဲဝင်နေကြသည်ကို တွေးမိပြီး စိတ်မကောင်းဖြစ်ရသည့်အပြင် အကြွေးတင်သလိုခံစားရကြောင်း ရင်ဖွင့်သည်။

သတင်း

အာဏာသိမ်းပြီးနောက် ဖမ်းခံရတဲ့ မြို့တော်ဝန်ဒေါက်တာရဲလွင် နဲ့ စည်ပင်ကော်မတီဝင် ဦးကျော်ဇေယျတို့ဟာကနဦးက ဆူပူအောင်လှုံဆော်မှု နဲ့ထောင်ဒဏ် ၂ နှစ်စီချခံရသူတွေဖြစ်ပါတယ်။