Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဝေါမြို့နယ် မြစ်ကျိုးနယ်မြေရဲစခန်းနှင့် အုပ်ချုပ်ရေးမှူးရုံးကို ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်၊ ရဲများထွက်ပြေး

ယမန်နေ့(ဖေဖော်ဝါရီ ၂)ည ၇ နာရီ ၅၀မိနစ်ခန့်က ဝေါမြို့နယ် မြစ်ကျိုးကျေးရွာရှိ စစ်ကောင်စီလက်အောက်ခံ နယ်မြေရဲစခန်းအား KNLA၊ PDF ပူးပေါင်းတပ်များက ဒရုန်းဖြင့် ဗုံးသီးတစ်လုံးပစ်ချကာ ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

(ဝေါမြို့ရဲစခန်းအား တွေ့ရစဉ်၊ဓာတ်ပုံ - CJ)
(ဝေါမြို့ရဲစခန်းအား တွေ့ရစဉ်၊ဓာတ်ပုံ - CJ)

ပဲခူးတိုင်း၊ ဝေါမြို့နယ်ရှိ မြစ်ကျိုးနယ်မြေရဲစခန်းနှင့် စစ်ကောင်စီအုပ်ချုပ်ရေးမှူးရုံးတို့ကို KNLA၊ PDF ပူးပေါင်းတပ်က ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ခဲ့ကြောင်း ဝေါမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ပြောသည်။

ယမန်နေ့(ဖေဖော်ဝါရီ ၂)ည ၇ နာရီ ၅၀မိနစ်ခန့်က ဝေါမြို့နယ် မြစ်ကျိုးကျေးရွာရှိ စစ်ကောင်စီလက်အောက်ခံ နယ်မြေရဲစခန်းအား KNLA၊ PDF ပူးပေါင်းတပ်များက ဒရုန်းဖြင့် ဗုံးသီးတစ်လုံးပစ်ချကာ ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

အဆိုပါတိုက်ခိုက်မှုကြောင့် မြစ်ကျိုးစခန်းရှိ စစ်ကောင်စီရဲများ စခန်းအပြင်သို့ ထွက်ပြေးသွားပြီး ထိခိုက်သေဆုံးမှုရှိ၊မရှိ ဆက်လက်စုံစမ်းဆဲဖြစ်ကြောင်း ဝေါ(ပ.က.ဖ)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

Public Service Announcement
Public Service Announcement

အလားတူ ယမန်နေ့ည ၈ နာရီ ၅၅ မိနစ်ခန့်တွင် ဝေါမြို့နယ် လက်ပန်ကျေးရွာရှိ စစ်ကောင်စီတပ်များ တပ်စွဲထားသည့် အုပ်ချုပ်ရေးမှူးရုံးကို ဒရုန်းဖြင့် ဗုံးသီးတစ်လုံးပစ်ချ တိုက်ခိုက်ခဲ့သည်ဟု အထက်ပါတာဂန်ရှိသူက ဆို သည်။

ထို့နောက် တိုက်ခိုက်ခံရသည့်နေရာများသို့ စစ်ကောင်စီတပ်မှ တပ်ကူလွှတ်၍ လာရောက်နိုင် ခြေရှိသောလမ်းပိုင်း၌ မိုင်းပွိုင့်ဆင်၍ ဖောက်ခွဲတိုက်ခိုက်ရန်ပြင်ဆင်ခဲ့ရာ မိုင်းဆင်ရင်း မတော် တဆဖြစ်၍ တော်လှန်ရေးရဲဘော်တစ်ဦးကျဆုံးခဲ့ကြောင်း ဝေါ(ပ.က.ဖ)က အတည်ပြုသည်။

“​မြေပြင်က လာမယ့်လမ်းကြောင်းကို မိုင်းသွားထောင်တာ။ လက်ထဲမှာ မိုင်းကွဲသွားတာ”ဟု ဝေါ (ပ.က.ဖ)က ပြောသည်။

ထို့ကြောင့် အထက်ပါ စစ်ကောင်စီတပ်၏ စစ်ရေးပစ်မှတ်နေရာ နှစ်ခုအား KNLA၊ PDF ပူးပေါင်းတပ်များတိုက်ခိုက်မှုတွင် ရဲဘော်တစ်ဦး မိုင်းမတော်တဆဖြစ်ပြီး ကျဆုံးခဲ့သော်လည်း ကျန်ရဲဘော်များအထိ အခိုက်မရှိခဲ့ကြောင်း အသိပေးထားသည်။

You May Also Like

သတင်း

အဆိုပါ ထန်တလန်မြို့တွင် CNF တပ်ဖွဲ့ဖြစ်သည့် ချင်းအမျိုးသားတပ်မတော်(CNA)နှင့် ချင်းဒေသကာကွယ်ရေးတပ်(CDF)တို့ ပူးပေါင်းစစ်ရေးလှုပ်ရှားနေခြင်းဖြစ်သည်။

သတင်း

မြို့ကို ပြန်ရဖို့အတွက် စစ်ကောင်စီဘက်က တန်ပြန်ထိုးစစ်ပြုလုပ်လာနိုင်တဲ့အတွက် နီးစပ်ရာကျေးရွာ တွေဆီ တိမ်းရှောင်နေရတယ်လို့ ဆိုပါတယ်။

သတင်း

မိုင်း​ဖြင့် နှစ်ကြိမ်ခိုက်သော်လည်း စစ်ကောင်စီတပ်ဘက်မှ ပြန်လည်ပစ်ခက်ဖြစ်မရှိဘဲ ဒုတိယအကြိမ်တွင် ပျက်ဆီးသွားသော ကားပေါ်မှ အချိန်အတော်အတန်ကြာမှသာ ဆင်းလာခဲ့ပြီး တကောင်း(ပ.က.ဖ)မှ မိုင်းသမားများအား လိုက်လံရှာဖွေနေခဲ့ကြောင်း ယင်းတပ်ဖွဲ့က ပြောသည်။

သတင်း

မြတောင်စစ်ဆေးရေးဂိတ်ကို ယနေ့(ဖေဖော်ဝါရီ ၂ရက်) နံနက် ၄နာရီခန့်တွင် KIA နှင့် PDF ပူပေါင်းအဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။