Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ခင်ဦးမြို့စစ်အုပ်ချုပ်ရေးကြေညာအပြီး ၂ရက် မြောက်တွင် မြို့ပေါ်၌ စစ်ကောင်စီတပ်သား တစ်ဦး ပစ်သတ်ခံရ

စစ်ကောင်စီသည် နိုင်ငံတဝှမ်းတော်လှန်မှုအားကောင်းနေသော မြို့နယ် ၃၇ မြို့ကို စစ်အုပ်ချုပ်ရေးအဖြစ် ကြေညာလိုက်ပြီး စစ်ကိုင်းတိုင်း ၁၁ မြို့နယ်အနက် ခင်ဦးမြို့နယ်လည်း ပါဝင်ခဲ့သည်။

သိမ်းဆည်းရမိသောလက်နက်အား တွေ့ရစဉ်၊ ဓာတ်ပုံ-ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေး
သိမ်းဆည်းရမိသောလက်နက်အား တွေ့ရစဉ်၊ ဓာတ်ပုံ-ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေး

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်အား စစ်အုပ်ချုပ် ရေးကြေညာပြီး ၂ရက်မြောက်တွင် မြို့ပေါ်၌ စစ်ကောင်စီတပ်သားတစ်ဦး ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ​ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

ယနေ့ (ဖေဖော်ဝါရီ ၃ရက်)နံနက် ၁၀နာရီခန့်က ခင်ဦးမြို့မှ စစ်ကောင်စီစခန်းသို့ ဆိုင်ကယ်စီး၍ ပြန်လာသော တပ်ဖွဲ့ဝင်တစ်ဦးကို မြို့လယ် လမ်းမကြီးပေါ်တွင် ပြောက်ကျားစစ်ဆင်ရေးဖြင့် တိုက်ခိုက်ခဲ့ရာ အဆိုပါတပ်သားမှာ နေရာတွင် ပွဲချင်းပြီး သေဆုံးကြောင်း ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောသည်။

Public Service Announcement
Public Service Announcement

“အချက်ရေငါးဆယ်လောက်အထိ ပြင်းပြင်းထန်ထန်ပစ်ခဲ့တယ်။ သူတို့က ခင်ဦးမြို့နယ်ကို စစ်အုပ်ချုပ်ရေးအဖြစ် ကြေညာသွားတယ်။ ဒီစစ် ဆင်ရေးက စစ်ကောင်စီကို ဟန့်လိုက်တဲ့အနေအထားပေါ့။ နောက်ထပ်လည်းစစ်ကောင်စီကို သူတို့ခင်ဦးမြို့နယ်ကို မာရှယ်လောတွေထုတ်လို့ရတယ် မြေပြင်မှာတော့မဟုတ်ဘူးဆိုတာကို သက်သေပြလိုက်တာပေါ့။”ဟု မြို့နယ်(ပကဖ) အဖွဲ့တွင်ပါဝင်သူ တော်လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။

အဆိုပါ တပ်သားကိုင်ဆောင်လာသော G3 လက်နက် တစ်လက်၊ ကျည်ဘောက် တစ်ခုနှင့် ကျည် (၉)တောင့်ကို သိမ်းဆည်းခဲ့ပြီး ပစ္စည်းများအား ရွှေဘိုခရိုင် အမှတ် (၂) ကွပ်ကဲရုံးသို့ အပ်နှံမည်ဖြစ်ကြောင်း ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်ထားသည်။

ယနေ့စစ်ဆင်ရေးတွင် ခင်ဦးမြို့နယ်(ပကဖ)နှင့် မြို့ပြပြောက်ကျား (UG)အဖွဲ့က ပူးပေါင်းတိုင်ခိုက်ခဲ့ပြီး ရဲဘော်များအထိအခိုက်မရှိဟု အသိပေးထားသည်။

စစ်ကောင်စီသည် နိုင်ငံတဝှမ်းတော်လှန်မှုအားကောင်းနေသော မြို့နယ် ၃၇ မြို့ကို စစ်အုပ်ချုပ်ရေးအဖြစ် ကြေညာလိုက်ပြီး စစ်ကိုင်းတိုင်း ၁၁ မြို့နယ်အနက် ခင်ဦးမြို့နယ်လည်း ပါဝင်ခဲ့သည်။

You May Also Like

သတင်း

စစ်ကောင်စီတပ်ဖွဲ့ဝင် အများအပြား ထိခိုက်ဒဏ်ရာရရှိနိုင်ကြောင်း၊ အဆိုပါစစ်ဆင်ရေးကို ပေါက်မြို့နယ်က ဗိုလ်တစ္ဆေအဖွဲ့၊ ပေါက်ကျေးရွာ ကာကွယ်ရေးအဖွဲ့များ၊ မြိုင်(ပကဖ) ရင်း-၁ တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။

သတင်း

ယနေ့ တိုက်ပွဲအတွဗင်း ရန်သူ့တပ်သားနှင့်ပျုစောထီး (၂၀)ဦးခန့် သေဆုံးခဲ့ပြီး ပြည်သူ့ကာကွယ်ရေးရဲဘော်(၂)ဦး ကျဆုံးခဲ့ကြောင်း အသိပေးထားသည်။

သတင်း

စံပြ(၆)မိုင်ကျေးရွာနှင့် အနီးတဝိုက်ကျေးရွာများသို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ် များနှင့် KNDF တို့ ထိတွေ့တိုက်ပွဲများ (၆)ရက်ဆက် တိုက်ပွဲဖြစ်ပွားခဲ့သည်။

သတင်း

အာဏာသိမ်းပြီးနောက် ဖမ်းခံရတဲ့ မြို့တော်ဝန်ဒေါက်တာရဲလွင် နဲ့ စည်ပင်ကော်မတီဝင် ဦးကျော်ဇေယျတို့ဟာကနဦးက ဆူပူအောင်လှုံဆော်မှု နဲ့ထောင်ဒဏ် ၂ နှစ်စီချခံရသူတွေဖြစ်ပါတယ်။