Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်​ကောင်စီဝင်ဖြစ်လာ​သော​ဒေါ်ဒွဲဘူ KSPP မှနှုတ်ထွက်ပြီးဖြစ်ဟုပါတီဆို

စစ်ကောင်စီဝင်အဖွဲ့တွင်ပါဝင်သော ဒေါ်ဒွဲဘူသည်ကချင်ပြည်နယ် ပြည်သူ့ပါတီ၏ ဗဟိုအလုပ်အမှုဆောင်​ကော်မတီဒုတိယဥက္ကဋ္ဌတာဝန်အဖြစ်ရော၊ ပါတီဝင်အဖြစ်မှပါ နှုတ်ထွက်ပြီးဖြစ်ကြောင်း ကချင်ပြည်နယ် ပြည်သူ့ပါတီ(KSPP)က ကြေငြာချက်ထုတ်ပြန်သည်။

စစ်​ကောင်စီဝင်ဖြစ်လာ​သော​ဒေါ်ဒွဲဘူ KSPP မှနှုတ်ထွက်ပြီးဖြစ်ဟုပါတီဆို
စစ်​ကောင်စီဝင်ဖြစ်လာ​သော​ဒေါ်ဒွဲဘူ KSPP မှနှုတ်ထွက်ပြီးဖြစ်ဟုပါတီဆို

စစ်ကောင်စီဝင်အဖွဲ့တွင်ပါဝင်သော ဒေါ်ဒွဲဘူသည်ကချင်ပြည်နယ် ပြည်သူ့ပါတီ၏ ဗဟိုအလုပ်အမှုဆောင်​ကော်မတီဒုတိယဥက္ကဋ္ဌတာဝန်အဖြစ်ရော၊ ပါတီဝင်အဖြစ်မှပါ နှုတ်ထွက်ပြီးဖြစ်ကြောင်း ကချင်ပြည်နယ်ပြည်သူ့ပါတီ(KSPP)က ကြေငြာချက်ထုတ်ပြန်သည်။

အာဏာသိမ်စစ်အုပ်စုကစစ်ကောင်စီကိုဖေဖော်ဝါရီလ၁ ရက်နေ့တွင် ပြင်ဆင်ဖွဲ့စည်းခဲ့ရာ KSPPပါတီ ဒုတိယဥက္ကဌ ဒေါ်ဒွဲဘူ ပါဝင်လာခဲ့သည်။

ထို​နောက် ဖေဖော်ဝါရီလ(၄)ရက် နေ့စွဲဖြင့် KSPP က ထုတ်ပြန်ချက်တွင် ဒေါ်ဒွဲဘူသည် မိမိ၏ရှေ့နေလုပ်ငန်းများ ကောင်းမွန်စွာဆောင်ရွက်နိုင်ရေးအတွက် (၁၄ – ၇ – ၂၁၂၂)ရက်နေ့တွင် ကချင်ပြည်နယ် ပြည်သူ့ပါတီ၏ ဗဟိုအလုပ်အမှုဆောင် ဒုဥက္ကဋ္ဌတာဝန်မှလည်းကောင်း၊ ပါတီဝင်အဖြစ် မှလည်းကောင်း နှုတ်ထွက်ခွင့်ပြုရန် တင်ပြခြင်းအပေါ် ၂ဝ၂၂ခုနှစ်၊ အောက်တိုဘာလ (၁၄)ရက်နေ့ ကချင်ပြည်နယ် ပြည်သူ့ပါတီ၏ ဗဟိုအလုပ်အမှုဆောင်အစည်းအဝေးဆုံးဖြတ်ချက်ဖြင့် နှုတ်ထွက်ခွင့်ပြုပြီးဖြစ်သည်ဟုဆိုသည်။

စစ်​ကောင်စီဝင်ဖြစ်လာ​သော​ဒေါ်ဒွဲဘူ KSPP မှနှုတ်ထွက်ပြီးဖြစ်ဟုပါတီဆို
စစ်​ကောင်စီဝင်ဖြစ်လာ​သော​ဒေါ်ဒွဲဘူ KSPP မှနှုတ်ထွက်ပြီးဖြစ်ဟုပါတီဆို

ကချင်ပြည်နယ်ပြည်သူ့ပါတီသည် အများပြည်သူများ၏ ဆန္ဒသဘောထားကို အစဉ်လေးစား တန်ဖိုးထားပြီး ပါတီ၏ လုပ်ငန်းစဉ်များကို ရိုးသားစွာဖြင့် သယ်ပိုးဆောင်ရွက်လျှက်ရှိသော ပါတီ တစ်ခုဖြစ်သည်ဟုလည်း ဆိုထားသည်။

ဒေါ်ဒွဲဘူကဲ့သို့ ကချင်အမျိုးသမီးနိုင်ငံရေးလှုပ်ရှားသူတစ်ဦး ပါဝင်လာမှုကို ကချင်လူထုအသိုင်းအဝိုင်းက အပြင်းအထန် ကန့်ကွက်နေကြသည်။

နိုင်ငံတစ်ဝန်းအကြမ်းဖက်၍ စစ်ရာဇဝတ်မှုများကျူးလွန်​နေသည် စစ်​ကောင်စီတွင် ​ဒေါ်ဒွဲဘူပါဝင်လာသဖြင့်ကချင်တိုင်းရင်းသားများကြားတွင်​ရော ၊ပြည်သူများကြားတွင်ပါ ​ဒေါ်ဒွဲဘူကိုပြင်းထန်စွာ​​​ဝေဖန်​နေကြသည်။

“ဒေါ်ဒွဲဘူကို ယခင်က လေးစားမှုရှိခဲ့တယ်။ အခုတော့ သူ့နိုင်ငံရေးရပ်တည်ချက်က အထင်ကြီးစရာမဟုတ်တော့ဘူး”ဟု ကချင်တိုင်းရင်းသားလူငယ်တစ်ဦးကပြောသည်။

ဒေါ်ဒွဲဘူသည် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်းတစ်ဦးလည်းဖြစ်သည်။ပြင်ဆင်ဖွဲ့စည်းလိုက်သောစစ်ကောင်စီတွင်ဒေါ်ဒွဲဘူကတစ်ဦးတည်းသောအမျိုးသမီးအဖွဲ့ဝင်ဖြစ်သည်။ဒေါ်ဒွဲဘူထံမေးမြန်းရန်ကြိုးစားသော်လည်း ဆက်သွယ်၍မရသေးပါ။

You May Also Like

သတင်း

မိတ္ထီလာမြို့နယ်၌ စစ်ကောင်စီ အာဏာသိမ်းပြီးနောက်ပိုင်း လောင်းကစားဝိုင်းများလည်း ပိုမိုများပြားလာပြီး နယ်ထိန်းနှင့်အုပ်ချုပ်ရေးမှူးများအား လာဘ်ငွေပေးကာအကြီးအကျယ်ပြုလုပ်နေကြောင်း ဒေသခံများက ပြောသည်။

သတင်း

ရှားတောမြို့နယ်ရှိ စခန်းထိုင် ခလရ(၄၂၈)တပ်နှင့် လှုပ်ရှားတပ် ခလရ (၅၁၀)တပ်တို့က ရှားတော မြို့ပေါ်နှင့် မြို့ပြင်ပ လူထုများအား ဖြတ်လေးဖြတ် စနစ်ကျင့်သုံးအုပ်ချုပ်နေသည်ဟု ဆိုသည်။

သတင်း

ဖြစ်စဥ်နှင့်ပတ်သက်၍ ရွှေခြံသားပြောက်ကျားတပ်ဖွဲ့ထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။

သတင်း

စစ်ကောင်စီအနေဖြင့် ပြည်သူလူထုကို နည်းမျိုးစုံဖြင့် အကြမ်းဖက်နေသည်မှာ (၂)နှစ်ကြာရှိပြီဖြစ် သော်လည်း စစ်ကောင်စီနှင့် ဆွေးနွေးမှုလုပ်နေသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များက အတုအယောင်ငြိမ်းချမ်းရေးဆွေးနွေးမှုများ ဆက်လက်ပြုလုပ်နေခြင်းအပေါ် KNU တာဝန်ရှိသူအား မေးမြန်းရာ အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။