Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်အုပ်ချုပ်ရေးသတ်မှတ်ထားသည့် ရှားတော၌ စစ်ကောင်စီက ဒေသခံများအပေါ် ကန့်သတ်ချက် များပိုမိုတင်းကြပ်

ရှားတောမြို့နယ်ရှိ စခန်းထိုင် ခလရ(၄၂၈)တပ်နှင့် လှုပ်ရှားတပ် ခလရ (၅၁၀)တပ်တို့က ရှားတော မြို့ပေါ်နှင့် မြို့ပြင်ပ လူထုများအား ဖြတ်လေးဖြတ် စနစ်ကျင့်သုံးအုပ်ချုပ်နေသည်ဟု ဆိုသည်။

(ရှားတောရှိ စကစ တပ်စခန်းတစ်ခုအား ကရင်နီတပ်ဖွဲ့က မီးရှို့ဖျက်ဆီးထားစဉ်၊ဓာတ်ပုံ - KA)
(ရှားတောရှိ စကစ တပ်စခန်းတစ်ခုအား ကရင်နီတပ်ဖွဲ့က မီးရှို့ဖျက်ဆီးထားစဉ်၊ဓာတ်ပုံ - KA)

စစ်အုပ်ချုပ်ရေးနယ်မြေအဖြစ် ကြေညာခြင်းခံထားရသည့် ကရင်နီပြည်နယ် ရှားတောမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်များက ဒေသခံပြည်သူ များအား ကန့်သတ်မှုများ၊ ပိုမိုတင်းကြပ်သည့် စည်းကမ်းများချမှတ် ဆောင်ရွက်နေကြောင်း ကရင်နီတပ်မတော် (KA)က အသိပေးသည်။

ရှားတောမြို့နယ်ရှိ စခန်းထိုင် ခလရ(၄၂၈)တပ်နှင့် လှုပ်ရှားတပ် ခလရ (၅၁၀)တပ်တို့က ရှားတော မြို့ပေါ်နှင့် မြို့ပြင်ပ လူထုများအား ဖြတ်လေးဖြတ် စနစ်ကျင့်သုံးအုပ်ချုပ်နေသည်ဟု ဆိုသည်။

ပြည်သူများအား PDF ၊KA အဖွဲ့များနှင့် လုံး၀ အဆက်အသွယမပြုရန်၊ တောင်ယာသို့ သွားလာပါက မြို့နယ်အုပ်ချုပ်ရေးမှူးထံ ခရီးသွားလက်မှတ်ရယူရန်၊ ရိက္ခာ အကန့်အသတ် ဖြင့် သွားလာရန်၊ ကိုယ်စားလက်မှတ်ရယူခြင်း လုံး၀မပြုရန် စသည့် စည်းကမ်းများထုတ်ပြန်ထား၍ မြို့နယ် နေ လူထုများ အခက်အခဲပိုမိုဖြစ်နေရသည်ဟု KAက ထုတ်ပြန်သည်။

“သူတို့ လုပ်တဲ့ အလုပ်တွေက မဖြတ်ခင်( စစ်အုပ်ချုပ်ရေးမကြေညာခင်)ကတည်းက ပြတ်နေပြီးသားပဲလေ။ သူတို့ မလုပ်သင့်တာတွေ လုပ်ပြီးကတည်းကိုက အားလုံးက ဘာမှ လုပ်ကိုင်စားလို့မရတော့ဘဲ ဖြတ်လေးဖြတ်မဟုတ်ရင်တောင် အကုန်ဖြတ်ပြီးသားတွေဖြစ်နေပါပြီ။ အဲဒီလမ်းကြောက နဂိုရ်ကတည်းက ကုန်သွယ်မှုလမ်းကြောင်းမဟုတ်ဘူး။ မဟုတ်တော့ သိပ်တော့ ပြဿနာမရှိပါဘူး၊ တောသူတောင်သားကတော့ ရှိတာနဲ့ စားနေကြရမှာပဲ”ဟု ကရင်နီဒေသခံ တစ်ဦးက ရှားတောအခြေအနေကို ပြောသည်။

ရှားတော၌ စစ်ကောင်စီတပ်အင်အား နည်းပါးနေကြောင်း၊ လွန်ခဲ့သည့် ရက်ပိုင်းအတွင်းကလည်း ရှားတောမြို့နယ်၌ စစ်ကောင်စီက တိုက်ပွဲမဖြစ်ဘဲ လေကြောင်း တိုက်ခိုက်မှုပြုလုပ်ခဲ့သည်ဟု ကြားသိရကြောင်း ဒေသခံက ပြောသည်။

“အခုနောက်ပိုင်းတောက်လျှောက်လိုလို လေယာဉ်နဲ့ပဲ သုံးနေတာ။ တို့ကရင်နီမှာ နှစ်ရက်ဆက်တိုက်လိုလေယာဉ်ပဲ သုံးနေတယ်။ ပထမ ဟိုတစ်နေ့ က ရှားတော့မှာ ဗုံးသွားကြဲတယ်ဆိုတာတော့ ကြားရတယ်။ တိုက်ပွဲတော့မရှိဘူး။မနေ့ညကတော့ ဒီးမော့ဆိုတို့ ဆောင်ကန်းတို့ဘက်လို့ ကြားတယ်။ ငါတို့လည်း ကြားတယ်။ လက်နက်ကြီးလို့ ထင်တာပေါ့။ ဒါပေမဲ့ လိုင်းပေါ် အချင်းချင်း ပြောကြတာကတော့ လေယာဉ်နဲ့ ဗုံးကြဲတာလို့ အဲဒီလိုပြောတယ်”ဟု ကရင်နီဒေသခံက ပြောသည်။

You May Also Like

သတင်း

မိတ္ထီလာမြို့နယ်၌ စစ်ကောင်စီ အာဏာသိမ်းပြီးနောက်ပိုင်း လောင်းကစားဝိုင်းများလည်း ပိုမိုများပြားလာပြီး နယ်ထိန်းနှင့်အုပ်ချုပ်ရေးမှူးများအား လာဘ်ငွေပေးကာအကြီးအကျယ်ပြုလုပ်နေကြောင်း ဒေသခံများက ပြောသည်။

သတင်း

စစ်ကောင်စီဝင်အဖွဲ့တွင်ပါဝင်သော ဒေါ်ဒွဲဘူသည်ကချင်ပြည်နယ် ပြည်သူ့ပါတီ၏ ဗဟိုအလုပ်အမှုဆောင်​ကော်မတီဒုတိယဥက္ကဋ္ဌတာဝန်အဖြစ်ရော၊ ပါတီဝင်အဖြစ်မှပါ နှုတ်ထွက်ပြီးဖြစ်ကြောင်း ကချင်ပြည်နယ် ပြည်သူ့ပါတီ(KSPP)က ကြေငြာချက်ထုတ်ပြန်သည်။

သတင်း

ဖြစ်စဥ်နှင့်ပတ်သက်၍ ရွှေခြံသားပြောက်ကျားတပ်ဖွဲ့ထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။

သတင်း

စစ်ကောင်စီအနေဖြင့် ပြည်သူလူထုကို နည်းမျိုးစုံဖြင့် အကြမ်းဖက်နေသည်မှာ (၂)နှစ်ကြာရှိပြီဖြစ် သော်လည်း စစ်ကောင်စီနှင့် ဆွေးနွေးမှုလုပ်နေသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များက အတုအယောင်ငြိမ်းချမ်းရေးဆွေးနွေးမှုများ ဆက်လက်ပြုလုပ်နေခြင်းအပေါ် KNU တာဝန်ရှိသူအား မေးမြန်းရာ အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။