Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ကန့်ဘလူနယ်​ညောင်းကိုင်းရွာမှ စစ်တပ်နှင့်ပျူဂိတ်စခန်းကိုPDF များတိုက်ခိုက်သိမ်းပိုက်

ညောင်ကိုင်းရွာပျူဂိတ်စခန်းကို ဖေဖော်ဝါရီ ၁၀ ရက်နေ့မနက် ၉ နာရီမှစတင်ကာ Kanbalu Underground Warriors အပါအဝင် ကန့်ဘလူမြို့နယ်အတွင်း ပြည်သူ့ကာကွယ်ရေးမဟာမိတ်အဖွဲ့များက ပူးပေါင်း၍ တိုက်ခိုက်ခဲ့ကြခြင်းဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။

ကန့်ဘလူနယ်​ညောင်းကိုင်းရွာမှ စစ်တပ်နှင့်ပျူဂိတ်စခန်းကို PDF များတိုက်ခိုက်သိမ်းပိုက်
ကန့်ဘလူနယ်​ညောင်းကိုင်းရွာမှ စစ်တပ်နှင့်ပျူဂိတ်စခန်းကို PDF များတိုက်ခိုက်သိမ်းပိုက်

ကန့်ဘလူမြို့နယ်၊ ဇီးကုန်းတိုက်နယ်၊ညောင်ကိုင်းကျေးရွာမှ စစ်ကောင်စီတပ်နှင့်ပျူစောထီးဂိတ်စခန်းကို ပြည်သူ့ကာကွယ်ရေးမဟာမိတ်အဖွဲ့များက​ ၄ နာရီကြာ တိုက်ခိုက်ပြီး​နောက်သိမ်းပိုက်နိုင်ခဲ့ကြောင်း​တော်လှန်​ရေးအင်အားစုများက​ပြောသည်။

” ညောင်ကိုင်းပျူဂိတ်ကို သိမ်းနိုင်တယ်။ သူတို့ဘက်က တစ်ယောက်သေတယ်။ ကျန်တဲ့သူတွေ ဒဏ်ရာတွေနဲ့ ထွက်ပြေးကုန်တယ်။ ဒါကိုအတည်ပြုပါတယ်” ဟုကန့်ဘလူမြို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။

ညောင်ကိုင်းရွာပျူဂိတ်စခန်းကို ဖေဖော်ဝါရီ ၁၀ ရက်နေ့မနက် ၉ နာရီမှစတင်ကာ Kanbalu Underground Warriors အပါအဝင် ကန့်ဘလူမြို့နယ်အတွင်း ပြည်သူ့ကာကွယ်ရေးမဟာမိတ်အဖွဲ့များက ပူးပေါင်း၍ တိုက်ခိုက်ခဲ့ကြခြင်းဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။

Drone တပ်ဖွဲ့ အပြင် လက်နက်ကြီး၊လက်နက်ငယ်များအသုံးပြု၍ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ စစ်ကောင်စီတပ်နှင့် ပျူစောထီးများကလည်း လက်နက်ကြီးလက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်ခဲ့သည်ဟု ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ -ကန့်ဘလူခရိုင်ကဖော်ပြထားသည်။ တိုက်ပွဲမှာ ၄ နာရီခန့်ကြာပြီးနောက် ပြည်သူ့ကာကွယ်ရေးမဟာမိတ်များက စခန်းကို​အောင်မြင်စွာသိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်ဟုသိရသည်။

“စခတစ်ကောင်သေတယ်ဗျ။သူတို့က အကုန်ရှောင်ထွက် ပြေးတော့ ကျန်တာဘာမှ မရဘူးပြောတယ်ဗျ ။ကြံ့ခိုင်ရေးပါတီကတ်တွေ၊ ပြည်ခိုင်ဖြိုးလက်ပတ်တွေ အထပ်လိုက်ရခဲ့တယ်ပြောတယ်ဗျ” ဟု ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့မှ တာဝန်ရှိသူတစ်ဦးကလည်း​ပြောသည်။

ကန့်ဘလူ၊ကျွန်းလှ​ဒေသတွင်စစ်ကောင်စီတပ်က အင်တာနက်လိုင်းဖြတ်ထား၍ တိုက်ပွဲပုံများရရန်၊တင်ရန်ခက်ခဲ​ကြောင်းလည်းသိ့ရသည်၊ စစ်​ကောင်စီတပ်မှ တစ်ဦး​သေပြီး အများအပြားဒဏ်ရာရကာထွက်​ပြေးကုန်ခြင်းဖြစ်ပြီး PDFများထိခိုက်ဒဏ်ရာရရှိမှုမရှိဟု​အထက်ပါသတင်းရင်းမြစ်များက​ပြောသည်။စစ်​ကောင်စီတပ်​သေဆုံးထိခိုက်မှုများကို People’s Spring ကသီးခြားအတည်မပြုနိုင်ပါ ။

စစ်တပ်နှင့်ပျူပူး​ပေါင်းစခန်းကိုKanbalu Underground Warriors ၊ MPF U.18 ၊ မြေပြင်လှုပ်ရှားညီနောင်များ နှင့် ကန့်ဘလူမြို့နယ် L – PDF မဟာမိတ်အဖွဲ့များက ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ဖေဖော်ဝါရီလ(၉)ရက်ကလည်းကန့်ဘလူမြို့နယ် စံပယ်နံသာရဲစခန်းကို ပြည်သူ့ကာကွယ်ရေးမဟာမိတ်များကစီးနင်း တိုက်ခိုက်ခဲ့သည်။ ထိုတိုက်ပွဲတွင် စစ်ကောင်စီတက်ဘက်မှ ၂၀ ဦးမက သေဆုံးခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနကထုတ်ပြန်ထားသည်။

ထိုအပြင် ​ဖေ​ဖော်ဝါရီ ၉ ရက်တွင် ကန့်ဘလူ ၊ကျွန်းလှမြို့နယ်တွင် PDFများက စစ်​ကောင်စီတပ်စခန်းများကို တစ်​နေ့တည်းများစွာတိုက်ခိုက်ခဲ့သည်။ကန့်ဘလူမြို့ရှိ တင့်ကားတပ်ရင်း ၆၀၀၆ ကိုလည်းPDF များက​ရှော့တိုက်ဒုံး ၃ လုံးဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ စစ်တပ်ကလည်း လက်နက်ကြီးများဖြင့် ပြန်လည်ပစ်ခတ်ခဲ့​ကြောင်း​ဒေသခံအချို့က​ပြောသည်။

You May Also Like

သတင်း

တိုက်ပွဲတွင် စစ်ကောင်စီဖက်မှ တစ်ဦးသေဆုံးကြောင်းအတည်ပြုနိုင်ခဲ့ပြီး ပူးပေါင်းတပ်မှ အထိခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

သတင်း

အဆိုပါ တိုက်ပွဲတွင် PDF ရဲဘော်တစ်ဦးနှင့် ပ.က.ဖ ရဲဘော်တစ်ဦးကျဆုံးခဲ့ကြောင်း တန့်ဆည်(ပကဖ)သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

သတင်း

ရှမ်းပြည်နယ်နဲ့မန္တလေး နယ်စပ် နောင်ချိုမြို့နယ်ထဲမှာ ပြီးခဲ့တဲ့နှစ်တွေအတွင်းကလည်း PDF နဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေပြင်းထန်ခဲ့ပါတယ်။

သတင်း

သရက်ခရိုင် PDF တပ်ရင်း (၄) Eagle Force တပ် ဖွဲ့သည် ယမန်နေ့နံနက်ပိုင်းက သရက်မြို့အခြေစိုက် ကပစ (၁၂)နှင့် ရေမျက်နယ်မြေရဲစခန်းတို့အား တိုက်ခိုက်ခဲ့သေးသည်။