Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ကန့်ဘလူမြို့နယ် အင်းမရွာကို စစ်ကောင်စီတပ် နှစ်ရက်ဆက် မီးရှို့ဖျက်ဆီး

အင်းမ​ကျေးရွာသည် ပြီးခဲ့သည့် ၂၀၂၂ နိုဝင်ဘာ ၁၂ ရက်​ကလည်း ပထမအကြိမ်မီးရှို့ဖျက်ဆီးခံခဲ့ရပြီး ​နေအိမ် ၈၀ကျော် ပြာကျခဲ့​ကြောင်း ဒေသခံများက ပြောသည်။

အင်းမရွာ မီးရှို့ဖျက်ဆီးခံနေရသည်ကို အဝေးမှ မြင်တွေ့ရစဉ်၊ ဓာတ်ပုံ-ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ -ကန့်ဘလူခရိုင်
အင်းမရွာ မီးရှို့ဖျက်ဆီးခံနေရသည်ကို အဝေးမှ မြင်တွေ့ရစဉ်၊ ဓာတ်ပုံ-ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ -ကန့်ဘလူခရိုင်

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်ရှိ အင်းမကျေးရွာကို စစ်ကောင်စီတပ်က နှစ်ရက်ဆက်မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ် ၁၅လုံး မီးလောင်ပျက်စီးခဲ့ကြောင်း ဒေသခံများက ပြောသည်။

ကန့်ဘလူမြို့နယ်​​မြောက်ပိုင်း၊ ပင့်သာတိုက်နယ်ရှိ အင်းမရွာကို စစ်ကောင်စီတပ်က ဇန်နဝါရီ ၂၁ နှင့် ၂၂ ရက်​တို့တွင် နှစ်ရက်ဆက် မီးရှို့ခြင်း​ကြောင့် ​နေအိမ် ၁၅လုံးပြာကျပြီး အိမ်​မွေးတိရိစ္ဆာန်အချို့ပါ ​ထိခိုက် သေဆုံးခဲ့​ကြောင်း ဒေသတွင်း Infinity Groupက ဖော်ပြသည်။

“လူထိခိုက်သေဆုံးတာတော့ မကြားသေးဘူး”ဟု ဒေသခံတစ်ဦးက ပြောသည်။

အင်းမ​ကျေးရွာသည် ပြီးခဲ့သည့် ၂၀၂၂ နိုဝင်ဘာ ၁၂ ရက်​ကလည်း ပထမအကြိမ်မီးရှို့ဖျက်ဆီးခံခဲ့ရပြီး ​နေအိမ် ၈၀ကျော် ပြာကျခဲ့​ကြောင်း ဒေသခံများက ပြောသည်။

စစ်ကောင်စီတပ်သည် ကန့်ဘလူမြို့နယ်​မြောက် ခြမ်းအား ဇန်နဝါရီ ၆ ရက်​မှစတင်ကာ ခမရ(၃၆၈)နှင့် ပျူ​စောထီးပူး​ပေါင်းစစ်​ကြောင်းဖြင့် စစ်ကြောင်းထိုးနေခြင်းဖြစ်သည်။

အဆိုပါ စစ်ကောင်စီစစ်ကြောင်းသည် ၂၀၂၂ ဒီဇင်ဘာမှ ယနေ့အထိ ကန့်ဘလူမြို့နယ်နှင့် ကျွန်းလှမြို့နယ်အတွင်းအား စစ်ကြောင်းထိုးဝင်ရောက်နေပြီး ကျေးရွာ (၉)ရွာမှ နေအိမ်များနှင့် စစ်ရှောင်တဲများအား မီးရှို့ဖျက်ဆီးခဲ့ပြီး ပြည်သူ ၁၁ဦးအား နှိပ်စက်သတ်ဖြတ်ခဲ့ကြောင်း၊ အမျိုးသမီးနှစ်ဦးလည်း ပျောက်ဆုံးနေသည်။

ယင်းစစ်ကြောင်းကြောင့် အင်းမ၊ပင့်သာ၊ဖလားရ၊ချောင်းကြားနှင့် ရှမ်းကုန်းကျေးရွာ စသည့် ရွာ ၅ ရွာမှ ဒေသခံပြည်သူထောင်နှင့်ချီ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ကျွန်းလှ – ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ -ကန့်ဘလူခရိုင်အဖွဲ့က ပြောသည်။

You May Also Like

သတင်း

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ​ရေဦးမြို့နယ် ၊ချမ်းသာရွာက သက်တမ်း နှစ် ၁၀၀ ​ကျော်ရှည်လျားခဲ့တဲ့ သမိုင်းဝင် ဘုရားကျောင်းကြီးကို အာဏာသိမ်း စစ်ကောင်စီတပ်​တွေက မီးရှို့ ဖျက်ဆီးပစ်ခဲ့တာ ဖြစ်ပါတယ်။

သတင်း

ယနေ့ (ဇန်နဝါရီ ၂၃ ရက်)နံနက်ပိုင်းတွင် စစ်ကောင်စီတပ်သည် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ပေါက်မြို့နယ် တောင်ပိုင်းရှိ သီးခြောက်ကျေးရွာကို ထပ်မံမီးရှို့ဖျက်ဆီးနေကြောင်း ဒေသခံများက ပြောသည်။

သတင်း

မတူပီမြို့နယ် ငလိုင်ရွာအနီးရှိ မတူပီ ချင်းကာကွယ်ရေးတပ်(CDF) စခန်းကို စစ်ကောင်စီက ဝင်ရောက်စီးနင်းစဉ်အပြန်အလှန် ပစ်ခတ်မှုဖြစ်ခဲ့ပြီး နှစ်ဖက် ကျဆုံးထိခိုက်ရှိခဲ့သည်။

သတင်း

ကရင်နီပူး​ပေါင်းတပ်များက စစ်​ကောင်စီတပ်၏ မယ်စ​လောင်း​တောင်ကုန်း စခန်းကိုတိုက်ခိုက်သိမ်းပိုက်၍ မီးရှို့ခဲ့သည်ကို လွိုင်​ကော်PDF ကသတင်းဓါတ်ပုံပါထုတ်ပြန်သည်။