Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

တန့်ဆည်နယ် အင်္ကုက္ကားရှိစစ်အုပ်စုစခန်း ဒေသကာကွယ်ရေးတပ်များ တိုက်ခိုက်သိမ်းပိုက်

အဆိုပါ တိုက်ပွဲတွင် PDF ရဲဘော်တစ်ဦးနှင့် ပ.က.ဖ ရဲဘော်တစ်ဦးကျဆုံးခဲ့ကြောင်း တန့်ဆည်(ပကဖ)သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

တန့်ဆည်ပကဖအဖွဲ့ဝင်များနှင့် ပျူစခန်းအား တိုက်ခိုက်ရာတွင် အသုံးပြုခဲ့သော လက်နက်ကြီးများအား တွေ့ရစဥ်၊ ဓာတ်ပုံ - တန့်ဆည်(ပကဖ)
တန့်ဆည်ပကဖအဖွဲ့ဝင်များနှင့် ပျူစခန်းအား တိုက်ခိုက်ရာတွင် အသုံးပြုခဲ့သော လက်နက်ကြီးများအား တွေ့ရစဥ်၊ ဓာတ်ပုံ - တန့်ဆည်(ပကဖ)

စစ်ကောင်စီတပ်သားနှင့် ပျူ ၁၅ဦးသေဆုံးပြီး PDF ရဲဘော်နှစ်ဦးကျဆုံး

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ် အင်္ကုက္ကားကျေးရွာရှိ စစ်ကောင်စီတပ်နှင့် ပျူစခန်းအား ဒေသတွင်းတော်လှန်ရေးအင်အားစုများက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီတပ်သားနှင့်ပျူစောထီး ၁၅ ဦးသေဆုံးကြောင်း တန့်ဆည်(ပကဖ)အဖွဲ့ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ဖေဖော်ဝါရီ ၉ ရက် ည ၁၂ နာရီကျော်က တန့်ဆည်မြို့နယ်၊ အင်္ကုက္ကားကျေးရွာ၌ အခိုင်အမာတပ်စွဲထားသော စစ်ကောင်စီတပ်နှင့်ပျူစောထီးစခန်းအား တန့်ဆည် PDFတပ်ရင်းများ၊LDFများ၊ လက်နက်ကြီးအဖွဲ့များ ၊တန့်ဆည်(ပ.က.ဖ)များက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။

တိုက်ပွဲကြာချိန် (၁)နာရီခန့်ကြာမြင့်ပြီး တိုက်ပွဲတွင်း စစ်ကောင်စီတပ်သား ‌ခြောက်ဦးနှင့် ပျူ ကိုးဦး သေဆုံးခဲ့ကြောင်း၊ ထိခိုက်ဒဏ်ရာရသူလည်းများပြားကြောင်း တန့်ဆည်(ပကဖ)သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

တန့်ဆည်ပကဖအဖွဲ့ဝင်များနှင့် ပျူစခန်းအား တိုက်ခိုက်ရာတွင် အသုံးပြုခဲ့သော လက်နက်ကြီးများအား တွေ့ရစဥ်၊ ဓာတ်ပုံ - တန့်ဆည်(ပကဖ)
တန့်ဆည်ပကဖအဖွဲ့ဝင်များနှင့် ပျူစခန်းအား တိုက်ခိုက်ရာတွင် အသုံးပြုခဲ့သော လက်နက်ကြီးများအား တွေ့ရစဥ်၊ ဓာတ်ပုံ – တန့်ဆည်(ပကဖ)

သို့သော် စစ်ကောင်စီတပ်၏ ထိခိုက်သေဆုံးမှုအား လူထုနွေဦးက သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

အဆိုပါ တိုက်ပွဲတွင် PDF ရဲဘော်တစ်ဦးနှင့် ပ.က.ဖ ရဲဘော်တစ်ဦးကျဆုံးခဲ့ကြောင်း တန့်ဆည်(ပကဖ)သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

“အရင်တခါ ဆင်ငယ်သိမ်းသလိုပါပဲ။ အင်ကုက္ကားစခန်းကို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ အရင်ဦးဆုံး စပစ်တယ်။ တိုက်ပွဲကြာချိန် တစ်နာရီလောက်အကြာမှာ သိမ်းနိုင်ခဲ့တယ်။ တောင်ဘက်က သူတို့တပ်စွဲထားတဲ့စခန်းကို မီးရှိူ့ခဲ့တယ်။”ဟု ၎င်းက ပြောသည်။

ရက်ပေါင်း ၄၀အတွင်း ပျူစောထီးစခန်းနှစ်ခုသိမ်းလိုက်နိုင်ပြီး ကျန်သည့် ပျူစခန်းများကိုလည်း တိုက်ခိုက်သိမ်းပိုက်သွားမည်ဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။

ထို့အပြင် လက်နက်များသိမ်းဆည်းနိုင်မှုရှိနိုင်ပြီး ခရိုင်ကွပ်ကဲရေးမှူးရုံးက သီးခြားထုတ်ပြန်မည်ဟု တန့်ဆည်(ပကဖ)အဖွဲ့က ပြောသည်။

တစ်ဆက်တည်အဖြစ် စစ်အုပ်စုရှိရာ တန်ဆည်ရဲစခန်း၊ တန့်ဆည်ဘောလုံးကွင်းနှင့် ထွေအုပ်ရုံးတို့အား ပူးပေါင်းအဖွဲ့တို့က ပစ်ခတ်တိုက်ခိုက်ခဲ့ရာ လေးဦးသေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ရွှေဘိုခရိုင်တပ်ရင်း (၂၅)က ထုတ်ပြန်ထားသည်။

ယမန်နေ့ည ၁၀ နာရီကျော်ကလည်း တန့်ဆည်မြို့နယ်၊ ဖက်သန်းကုန်းရွာအရှေ့တောင်ဘက်သို့ ကင်းလှည့်ထွက်လာသော ပျူစောထီးများကို ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့များက စောင့်ဆိုင်း ပစ်ခတ်တိုက်ခိုက်ရာ ပျူ နှစ်ဦးပွဲချင်းပြီးသေဆုံးကြောင်း ဒေသတွင်း Kaduma Platformက ဖော်ပြသည်။ ကျန်ပျူများထွက်ပြေးစဉ် မိုင်းထပ်မိပြီး ထိခိုက်သေဆုံးမှုများရှိကြောင်း ရေးသားသည်။

ပြီးခဲ့သည့် ​ဇန်နဝါရီ ၃ ရက် နံနက် ၂ နာရီခွဲခန့်ကလည်း တန့်ဆည်ရှိ ဒေသတွင်းတော်လှန်ရေးအင်အားစုများစုပေါင်းကာ ဆင်ငယ်ရွာ ပျူစောထီးစခန်းအား ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်။

အဆိုပါ တိုက်ပွဲတွင် စစ်ကောင်စီတပ်နှင့်ပျူ ၁၃ဦးသေဆုံးပြီး လက်နက်ခဲယမ်းများလည်းသိမ်းဆည်းရမိကြောင်း တန့်ဆည်(ပကဖ)အဖွဲ့က ထုတ်ပြန်ထားသည်။

You May Also Like

သတင်း

တိုက်ပွဲတွင် စစ်ကောင်စီဖက်မှ တစ်ဦးသေဆုံးကြောင်းအတည်ပြုနိုင်ခဲ့ပြီး ပူးပေါင်းတပ်မှ အထိခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

သတင်း

ညောင်ကိုင်းရွာပျူဂိတ်စခန်းကို ဖေဖော်ဝါရီ ၁၀ ရက်နေ့မနက် ၉ နာရီမှစတင်ကာ Kanbalu Underground Warriors အပါအဝင် ကန့်ဘလူမြို့နယ်အတွင်း ပြည်သူ့ကာကွယ်ရေးမဟာမိတ်အဖွဲ့များက ပူးပေါင်း၍ တိုက်ခိုက်ခဲ့ကြခြင်းဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။

သတင်း

သရက်ခရိုင် PDF တပ်ရင်း (၄) Eagle Force တပ် ဖွဲ့သည် ယမန်နေ့နံနက်ပိုင်းက သရက်မြို့အခြေစိုက် ကပစ (၁၂)နှင့် ရေမျက်နယ်မြေရဲစခန်းတို့အား တိုက်ခိုက်ခဲ့သေးသည်။

သတင်း

"ဆီပေပါ သုံးထောင်ကျော်‌တယ်။ ဆန်တွေ ဆီတွေဆား‌​တွေလည်းပါတယ်။ လက်နက်ခဲယမ်းတွေလည်း ရပါတယ်" ဟု ကျောက်လုံးကြီး KLG တပ်မဟာ ပြန်ကြားရေးတာဝန်ခံကပြောသည်။