Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ရေစကြို အထက(၁)အနီးမီးပွိုင့်တွင် လုံခြုံရေးယူနေသည့် စစ်ကောင်စီတပ်သားများအားဖောက်ခွဲတိုက်ခိုက်

ယမန်နေ့ (ဖေဖော်ဝါရီ ၁၃ ရက်)ကလည်း ရေစကြိုမြို့ အမှတ်(၄) ဖောင်တော်ဦးရပ်ကွက်ရှိ စစ်ကောင်စီတပ်၏ ငြိမ်းဇာနည်တပ်စခန်းငယ်တစ်ခုကို တော်လှန်ရေးပူး ပေါင်းတပ်ဖွဲ့များက စီးနင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၁၅ဦးခန့် သေဆုံးခဲ့သည်ဟု ဆိုသည်။

(ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ)ဝင် ရဲဘော်များအား တွေ့ရစဥ်)
(ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ)ဝင် ရဲဘော်များအား တွေ့ရစဥ်)

မကွေးတိုင်း ရေစကြိုမြို့ အ.ထ.က(၁)ကျောင်းအနီး မီးပွိုင့်ထောင့်တွင် လုံခြုံရေးယူနေသည့် စစ်ကောင်စီတပ်သားများအား မိုင်းတစ်လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ)က ပြောသည်။

ယနေ့(ဖေဖော်ဝါရီ ၁၄)နံနက် ၈ နာရီခွဲခန့်က ထ (၁)အနီး မီးပွိုင့်ထောင့်တွင်ရှိနေသော စစ်ကောင်စီတပ်သားလေးဦးကို ရေစကြိုမြို့နယ်(ပကဖ)ရဲဘော်များက မိုင်းတစ်လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

“ကျောင်းနားမှာရှိနေတဲ့ စ..(စစ်ကောင်စီတပ်သား)တွေပေါ့ဗျာ။ လုံခြုံရေးတွေပေါ့။ တစ်ကယ်ကတော့ ကျွန်တော်တို့က ကျောင်းကို အဓိကထားတိုက်ခိုက်တာ မဟုတ်ဘူး။ မြင်သာအောင်လို့သာ ကျောင်းရှေ့နားလို့ ရေးလိုက်တာ။ တစ်ကယ်တမ်းက ကျောင်းရဲ့ဒီဘက်နားက မီးပွိုင့်မှာဗျ။ အဲဒီမှာလေးကောင်ကို ပွိုင့်ဆွဲလိုက်တာ”ဟု ရေစကြိုမြို့နယ်(ပကဖ)မှ တာဝန်ရှိသူက ပြောသည်။

Public Service Announcement
Public Service Announcement

အဆိုပါ မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စက်ကောင်စီတပ် သားလေးဦးမိုင်းထိမှန်ကာ လဲကျသွားသည်ကို ပ.က.ဖ အဖွဲ့ဝင်ရဲဘော်များ မျက်မြင်တွေ့ခဲ့ရပြီး နောက်ဆက်တွဲသတင်းအရ ဒဏ်ရာရစစ်သားလေးဦးစလုံး ဆေးရုံသို့ရောက်သွားကြောင်း ၎င်းတာဝန်ရှိသူက ဆက်ပြောသည်။

ယင်းတိုက်ခိုက်မှုတွင် ဖောက်ခွဲမှုထိချက်မှန်သောကြောင့် စစ်ကောင်စီတပ်သားများဘက်မှ ပြန်လည်ခုခံနိုင်ခြင်းမရှိဘဲ တော်လှန်ရေးရဲဘော်များ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့သည်ဟု ရေစကြိုမြို့နယ်(ပကဖ)က အသိပေးသည်။

ယမန်နေ့ (ဖေဖော်ဝါရီ ၁၃ ရက်)ကလည်း ရေစကြိုမြို့ အမှတ်(၄) ဖောင်တော်ဦးရပ်ကွက်ရှိ စစ်ကောင်စီတပ်၏ ငြိမ်းဇာနည်တပ်စခန်းငယ်တစ်ခုကို တော်လှန်ရေးပူး ပေါင်းတပ်ဖွဲ့များက စီးနင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၁၅ဦးခန့် သေဆုံးခဲ့သည်ဟု ဆိုသည်။

You May Also Like

သတင်း

ယမန်နေ့ (ဖေဖော်ဝါရီ ၁၄ ရက်) ည ၈ နာရီ ၁၅ မိနစ်ခန့်က မုံရွာမြို့အဝင် ရေဦးဆန်ဆိုင်ဂိတ်တွင် တပ်စွဲထားသော စစ်ကောင်စီတပ်သားများအား အသံမိုင်းခွဲကာ မျှားခေါ်ခဲ့သည်။

သတင်း

ရက္ခိုင့်တပ်တော်(AA) နှင့် အပစ်ရပ်ထားသည့် စစ်ကောင်စီတပ်သည် စစ်တွေဘက်မှ ချင်းပြည် ပလက်၀နယ်သို့ သင်္ဘောအသုံးပြုပြီး အင်အားဖြည့်တင်းနေသည်ဟု ဆိုသည်။

သတင်း

လုံခြုံရေး ကောင်စီဟာ အာဏာသိမ်း စစ်ကောင်စီ လိုက်နာရမယ့် မြန်မာ့အရေး ဆုံးဖြတ်ချက်ကို ပြီးခဲ့တဲ့ နှစ်ဒီဇင်ဘာလအတွင်း ချမှတ်ခဲ့တာပါ။

သတင်း

KNU ဦးဆောင်သည့် ပူးပေါင်းတပ်ဖွဲ့များဘက်ကလည်း တော်လှန်ရေးရဲဘော် ၂၄ဦး ကျဆုံးခဲ့ပြီး ၇၆ဦး ဒဏ်ရာရခဲ့သည်ဟု အသိပေးထားသည်။