Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မုံရွာ(နမခ)နှင့် အရာတော်နယ် နောင်ကြီးအိုင်ရဲစခန်းအား နှစ်ရက်ဆက် တိုက်ခိုက်

အဆိုပါ စစ်ဆင်ရေးကို မုံရွာခရိုင်ပြည်သူကာကွယ်ရေးတပ်မတော် (Chindwin Attack Force) တပ်ရင်း – ၃ တပ်ခွဲ – ၃ ဂဋ္ဌုန်နက် PDF ၊ ကျားသစ်နက်ပြောက်ကျားတပ်ဖွဲ့ နှင့် တော်လှန်ရေးအင်အားစုများ ပူပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။

အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)အတွင်း တွေ့ရသော စစ်ကောင်စီတပ်သားများ၊ ဓာတ်ပုံ - cincds
အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)အတွင်း တွေ့ရသော စစ်ကောင်စီတပ်သားများ၊ ဓာတ်ပုံ - cincds

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ရှိ အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)နှင့် အရာတော်မြို့နယ်ရှိနောင်ကြီးအိုင်ရဲစခန်းအား နှစ်ရက်ဆက် တိုက်ခိုက်ခဲ့ကြောင်း မုံရွာခရိုင်ပြည်သူကာကွယ်ရေးတပ်မတော် (Chindwin Attack Force) အဖွဲ့က သတင်းထုတ်ပြန်သည်။

ဖေဖော်ဝါရီ ၁၁ ရက် နှင့် ၁၂ ရက်က အရာတော်မြို့နယ်၊ နောင်ကြီးအိုင်ရဲစခန်းကို လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကြောင်း၊ ရဲစခန်းအတွင်း လက်နက်ကြီးကျရောက်သော်လည်း ထိခိုက်မှုအခြေအနေ မသိရသေးကြောင်း Chindwin Attack Force အဖွဲ့ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

Public Service Announcement
Public Service Announcement

အဆိုပါ စစ်ဆင်ရေးကို မုံရွာခရိုင်ပြည်သူကာကွယ်ရေးတပ်မတော် (Chindwin Attack Force) တပ်ရင်း – ၃ တပ်ခွဲ – ၃ ဂဋ္ဌုန်နက် PDF ၊ ကျားသစ်နက်ပြောက်ကျားတပ်ဖွဲ့ နှင့် တော်လှန်ရေးအင်အားစုများ ပူပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။

ယမန်နေ့ (ဖေဖော်ဝါရီ ၁၃ ရက်) ညနေ ၆ နာရီခန့်ကလည်း မုံရွာမြို့ အနောက်မြောက်တိုင်း စစ်ဌာနချုပ်အား (၁၂၀) မမ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ နလစ (၆)ရှိ အဆောင်များအပေါ်သို့ ကျရောက်ထိမှန်ပြီး ထိခိုက်မှုအခြေအနေ မသိရသေးကြောင်း Chindwin Attack Force အဖွဲ့ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

အဆိုပါ စစ်ဆင်ရေးကိုမူ မုံရွာခရိုင်ပြည်သူကာကွယ်ရေးတပ်မတော် (Chindwin Attack Force) တပ်ရင်း – ၂ တပ်ခွဲ – ၄ Fight For People – F.F.P က တိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။

Chindwin Attack Force အဖွဲ့သည် ယမန်နေ့ (ဖေဖော်ဝါရီ ၁၃ ရက်) ညနေ ၄ နာရီခွဲခန့်ကလည်း မုံရွာမြို့ပေါ် ညောင်ပင်စောက်လဝကရုံး၌ တပ်စွဲထားသော စစ်ကောင်စီတပ်မှ လမ်းပေါ်၌စစ်ဆေးရန်ထွက်လာသော စစ်ကောင်စီတပ်ဖွဲ့ဝင် ငါးဦးကို အလစ်ဝင်ရောက်တိုက်ခိုက်ခဲ့သေးသည်။

You May Also Like

သတင်း

"ဒီနေ့မနက် ဂျက်ဖိုက်တာ တစ်စီးလာသွားတယ်။ နားဖိုင်ဘက်ဖြစ်မယ်။ မနေ့ကလည်း တော်တော်ကြမ်းတယ်။ မနေ့က နမ့်ဖက်ကာ ဘက်မှာ ဟိုဘက်(KIA) ကလည်း တွယ်တယ် ဒီဘက်(နမ့်ဖက်ကာ စစ်ကောင်စီတပ်)ကလည်း အကြီး(လက်နက်ကြီး)တွေနဲ့ ပြန်ထုတယ်။ အသေး(လက်နက်ငယ်)သံတွေလည်းကြားရတယ်”ဟု ဒေသခံက ပြောသည်။

သတင်း

ယနေ့(ဖေဖော်ဝါရီ ၁၄ရက်) နံနက် ၈ နာရီခန့်က ကနီမြို့ အလယ်ကျွန်းပျုရွာသို့ လှည်း ခြောက်စီးဖြငင့် ရိက္ခာပို့သွားသော စစ်ကောင်စီတပ်နှင့်ပျူစောထီးပူးပေါင်းအဖွဲ့ကို ကျောက်လုံးကြီး KLG တပ်မဟာက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

သတင်း

ပြည်သူ့ကာကွယ်ရေးအဖွဲ့များကို အမျိုးသားညီညွတ်ရေးအစိုးရ၏ Chain of Command ထဲ၌ ပိုမိုကျင်လစ်စွာ စုစည်းနိုင်ရေး အစဉ် ကြိုးစားရန်လိုအပ်ကြောင်းလည်း ယာယီသမ္မတက ပြောသည်။

သတင်း

ဆင်မရဲရွာတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်မှ ပြန်လည်ပစ်ခတ်မှုများရှိခဲ့သော်လည်း တော်လှန်ရေးရဲဘော်များ အထိအခိုက်မရှိ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ကြောင်း အသိပေးထားသည်။