Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

KNUနယ်မြေ၌ ဇန်ဝါရီအတွင်း တိုက်ပွဲ ၄၀၀ကျော်ဖြစ်၊ စစ်ကောင်စီတပ် ၄၆၀ကျော်သေဟု ထုတ်ပြန်

KNU ဦးဆောင်သည့် ပူးပေါင်းတပ်ဖွဲ့များဘက်ကလည်း တော်လှန်ရေးရဲဘော် ၂၄ဦး ကျဆုံးခဲ့ပြီး ၇၆ဦး ဒဏ်ရာရခဲ့သည်ဟု အသိပေးထားသည်။

(စစ်ဘေးရှောင်နေရသော ဒေသခံများအား တွေ့ရစဥ်၊ ဓာတ်ပုံ - KNU)
(စစ်ဘေးရှောင်နေရသော ဒေသခံများအား တွေ့ရစဥ်၊ ဓာတ်ပုံ - KNU)

▪️KNU ပူးပေါင်းတပ်မှ ၂၄ဦးကျဆုံး၊ စစ်ကောင်စီ လေကြောင်း၊ လက်နက်ကြီးတိုက်ခိုက်မှုကြောင့် ကလေးငယ်အပါအဝင် အရပ်သားများ ထိခိုက်သေဆုံးခဲ့ရ

▪️စစ်ရှောင်ပြည်သူ ၄သိန်းနီးပါးရှိလာပြီး အကူအညီလိုအပ်နေ

ကရင်အမျိုးသားအစည်းအရုံး(KNU)နယ်မြေ၌ ဇန်နဝါရီအတွင်း တိုက်ပွဲပေါင်း ၄၃၀ ကျော်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က သေဆုံးထိခိုက်များပြားခဲ့ဟု KNU ဗဟိုက ယနေ့ထုတ်ပြန် သည်။

KNUကော်သူးလေ အုပ်ချုပ်နယ်မြေအတွင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A)၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (K.N.D.O)၊ KNLA၊ KNDOတို့၏ စစ်ရေး ဦးဆောင်မှုအောက်ရှိ စစ်ကြောင်းများ၊ ဒရုန်းတပ်ဖွဲ့များ၊ ပြည်သူ့ကာကွယ်ရေးတပ်များနှင့် အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်များအကြား တိုက်ပွဲပေါင်း ၄၃၆ ကြိမ်ဖြစ်ခဲ့သည်ဟု ဆိုသည်။

အဆိုပါ တိုက်ပွဲများ၌ စစ်ကောင်စီနှင့် လက်အောက်ခံ နယ်ခြားစောင့်တပ်ဘက်က ၄၆၉ ဦးသေဆုံးခဲ့ပြီး ၃၆၈ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဖော်ပြသည်။

KNU ဦးဆောင်သည့် ပူးပေါင်းတပ်ဖွဲ့များဘက်ကလည်း တော်လှန်ရေးရဲဘော် ၂၄ဦး ကျဆုံးခဲ့ပြီး ၇၆ဦး ဒဏ်ရာရခဲ့သည်ဟု အသိပေးထားသည်။

Public Service Announcement
Public Service Announcement

KNU မူတြော်(ဖာပွန်)ခရိုင် တပ်မဟာ(၅)နှင့် ဒူးပလာယာခရိုင် တပ်မဟာ (၆)နယ်မြေများအတွင်း အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်က တိုက်လေယာဉ်၊ ရဟတ်ယာဉ်များ သုံးပြီး ပြည်သူလူထုနေထိုင်ရာ ရွာများအတွင်း၊ လုပ်ငန်းခွင်များအတွင်း လေကြောင်း တိုက်ခိုက်မှု ၅၇ ကြိမ်ပြုလုပ်ကာ ဗုံးအလုံးရေ ၂၀၀ကျော် ကြဲချခဲ့ကြောင်း၊ စက်သေနတ်များဖြင့်လည်း ပစ်ခတ်ခဲ့ကြောင်း ထုတ်ပြန်သည်။

ထိုသို့ လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်နှင့် ဘာသာရေးဆရာများအပါအဝင် အရပ်သားပြည်သူ ၁၃ဦး အသက်ဆုံးရှုံးကာ ၉ဦးခန့် ဒဏ်ရာရခဲ့သည်ဟု ဖော်ပြသည်။ လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူလူထုနေအိမ် ၃၃လုံးမီးလောင်ပြာကျခဲ့ရပြီး ၂၄လုံးမှာ ထိခိုက်ပျက်စီးခဲ့ကြောင်း၊ စာသင်ကျောင်းများ၊ ခရစ်ယာဉ်ဘာသာရေးကောင်းများ၊ ဘုန်းကြီးကျောင်း၊ သိမ်နှင့် ပြည်သူပိုင်ဆေးရုံများ ပျက်စီးခဲ့ရကြောင်း ထုတ်ပြန်ထားသည်။

ထို့ပြင် စစ်ကောင်စီတပ်က ပြည်သူလူထုနေထိုင်ရာများသို့ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကျောင်းသား တစ်ဦးအပါအဝင် ပြည်သူ သုံးဦး သေဆုံးကာ ကျောင်းသားခြောက်ဦး အပါအဝင် ပြည်သူ ၃၈ဦး ဒဏ်ရာရခဲ့သည်ဟုဆိုသည်။ ပြည်သူလူထုများပိုင်ဆိုင်းသော နေအိမ် များ မီးလောင်ပျက်စီးမှုများရှိခဲ့သည်ဟု အသိပေးထားသည်။

စစ်ကောင်စီတပ်က နေအိမ်၊ ရာဘာခြံများကို မီးရှို့ခြင်း၊ အကြောင်းမဲ့ သေနတ်ဖြင့် ပစ်ခတ်ခြင်း၊ ဒေသခံ ပြည်သူများအား အတင်းအဓမ္မ ရွှေပြောင်းစေခြင်း၊ပြည်သူလူထု၏ ဆန်စပါးများကို ခိုးယူစားသုံးခြင်း၊ ပြည်သူလူထု များအသုံးပြုသော လမ်းများတွင် မိုင်းများထောင်ခြင်း၊ ပြည်သူများအား လမ်းပြ ၊ လူသားဒိုင်ကာအဖြစ်အသုံးပြုခြင်း၊ ပြည်သူလူထုများအား ညှင်းပန်းနှိပ်စက်ခြင်း၊ ဒေသခံ ပြည်သူများအား အလုပ်ခိုင်းစေခြင်း၊ ပြည်သူပိုင် စပါးများကို မီးရှို့ခြင်း၊ ပြည်သူပိုင်ငွေကြေးနှင့် ပစ္စည်းများအား အတင်းအဓမ္မလုယူခြင်းများကို ကျူးလွန်ခဲ့သည်ဟု ထုတ်ပြန်သည်။

စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှု လက်နက်ကြီးပစ်ခတ်မှု၊ လူ့အခွင့်အရေးချိုးဖောက်မှုများကြောင့် KNU နယ်မြေအတွင်းရှိ ပြည်သူလူထုများ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရာ တိမ်းရှောင်သူ ၄သိန်းနီးပါးရှိလာသည်ဟု KNUက ထုတ်ပြန်သည်။

ထို့အပြင် ထွက်ပြေးတိမ်းရှောင်နေရသော ပြည်သူလူထု များ၏လိုအပ်ချက်များအတွက် ခရိုင်အသီးသီးရှိ တာဝန်ရှိသူများမှ အစွမ်းကုန်စီစဉ်ဆောင်ရွက်ပေးနေ သော်လည်း ထွက်ပြေတိမ်းရှောင်ရသူများ မှာတနေ့တခြားပိုမိုများပြာလာခြင်း၊ KNU ၏ စစ်ရေးလိုအပ်ချက်များနှင့် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများကို တပြိုင်နက်တည်း စီစဉ်ဆောင်ရွက်နေရခြင်းတို့ကြောင့် ထွက်ပြေးတိမ်းရှောင်ရသူ ပြည်သူလူထုများအတွက် အကူအညီ များ လိုအပ်လျက်ရှိကြောင်း အသိပေးထားသည်။

You May Also Like

သတင်း

ရက္ခိုင့်တပ်တော်(AA) နှင့် အပစ်ရပ်ထားသည့် စစ်ကောင်စီတပ်သည် စစ်တွေဘက်မှ ချင်းပြည် ပလက်၀နယ်သို့ သင်္ဘောအသုံးပြုပြီး အင်အားဖြည့်တင်းနေသည်ဟု ဆိုသည်။

သတင်း

လုံခြုံရေး ကောင်စီဟာ အာဏာသိမ်း စစ်ကောင်စီ လိုက်နာရမယ့် မြန်မာ့အရေး ဆုံးဖြတ်ချက်ကို ပြီးခဲ့တဲ့ နှစ်ဒီဇင်ဘာလအတွင်း ချမှတ်ခဲ့တာပါ။

သတင်း

ယမန်နေ့ (ဖေဖော်ဝါရီ ၁၃ ရက်)ကလည်း ရေစကြိုမြို့ အမှတ်(၄) ဖောင်တော်ဦးရပ်ကွက်ရှိ စစ်ကောင်စီတပ်၏ ငြိမ်းဇာနည်တပ်စခန်းငယ်တစ်ခုကို တော်လှန်ရေးပူး ပေါင်းတပ်ဖွဲ့များက စီးနင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၁၅ဦးခန့် သေဆုံးခဲ့သည်ဟု ဆိုသည်။

သတင်း

"ဒီနေ့မနက် ဂျက်ဖိုက်တာ တစ်စီးလာသွားတယ်။ နားဖိုင်ဘက်ဖြစ်မယ်။ မနေ့ကလည်း တော်တော်ကြမ်းတယ်။ မနေ့က နမ့်ဖက်ကာ ဘက်မှာ ဟိုဘက်(KIA) ကလည်း တွယ်တယ် ဒီဘက်(နမ့်ဖက်ကာ စစ်ကောင်စီတပ်)ကလည်း အကြီး(လက်နက်ကြီး)တွေနဲ့ ပြန်ထုတယ်။ အသေး(လက်နက်ငယ်)သံတွေလည်းကြားရတယ်”ဟု ဒေသခံက ပြောသည်။