Connect with us
close

Hi, what are you looking for?

LuduNwayOo

ဗီဒီယို

အလက်စကာ ပြည်နယ် လေပိုင်နက်ထဲမှာ အမျိုးအမည်မသိ အရာတစ်ခုကို အမေရိကန် လေတပ် ပစ်ချ

ရေခဲနေတဲ့ ပင်လယ်ပြင်ထဲ ကျဆင်းသွားတဲ့ အရာကို ပြန်မဆယ်နိုင်သေးခင်မှာတော့ ဘယ်လိုပစ္စည်း ဖြစ်တယ်၊ ဘယ်သူဘယ်ဝါ ပိုင်ဆိုင်တယ် ဆိုတာတွေကို အတိအကျ မပြောနိုင်သေးဘူးလို့လည်း ကာဘီက ဆက်ပြောပါတယ်။

အလက်စကာ ပြည်နယ် ကမ်းလွန်နားမှာ လေလွင့်မျောပါနေတဲ့ အမျိုးအမည်မသိ အရာဝတ္ထု တစ်ခုကို အမေရိကန် လေတပ်က ပစ်ချခဲ့ကြောင်း အိမ်ဖြူတော်က ထုတ်ပြန်ခဲ့ပါတယ်။

တောင်ပိုင်း ကာရိုလိုင်းနား ပြည်နယ် ကမ်းလွန်းရေပြင်မှာ တရုတ်ရဲ့ မိုးပျံပူဖောင်း တစ်ခုကို သူလျှို ပစ္စည်းလို့ စွပ်စွဲပြီး အမေရိကန်က ပစ်ချခဲ့တဲ့ ဖြစ်စဉ်နောက်ပိုင်း ၆ ရက်အကြာမှာ နောက်ထပ် အလားတူ အခြေအနေ တစ်ခုနဲ့ ကြုံတွေ့ခဲ့ရတာပါ။ ဒါပေမဲ့ အလက်စကာမှာ ပစ်ချခဲ့တဲ့ ပစ္စည်းကို တရုတ်ပိုင်လို့ အမေရိကန်က မစွပ်စွဲသေးသလို တရုတ် မိုးပျံပူဖောင်းနဲ့ ယှဉ်ရင် အရွယ်အစား အတော်သေးတယ်လို့ ဆိုပါတယ်။

ဖေဖော်ဝါရီ ၁၀ ရက်မှာ အမေရိကန် လေတပ်ရဲ့ F-22 တိုက်လေယာဉ် တစ်စီးက Sidewinder ဒုံးကျည်နဲ့ ပစ်ချခဲ့တဲ့ အရာဟာ ကားအသေး တစ်စီး အရွယ်လောက်သာရှိပြီး ပင်လယ်ထဲ ပျက်ကျသွားခဲ့တယ်လို့ သိရပါတယ်။

အိမ်ဖြူတော်ရဲ့ အမျိုးသား လုံခြုံရေး ကောင်စီ ပြောရေးဆိုခွင့်ရ အရာရှိ ဂျွန်ကာဘီက အခု ပစ်ချလိုက်တာ ဘယ်လို ပစ္စည်းလဲဆိုတာ မကွဲပြားသေးကြောင်းနဲ့ အပျက်အစီးတွေကို ပြန်လည် ဆယ်ယူနိုင်မယ်လို့ ယုံကြည်ကြောင်း ပြောပါတယ်။

အဲဒီ အရာဟာ ခရီးသည်တင် လေယာဉ်တွေ ပျံသန်းလေ့ရှိတဲ့ ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၄၀၀၀၀ လောက် အမြင့်ကနေ တစ်နာရီ ကီလိုမီတာ ၂၀ နဲ့ ၄၀ ကြားလောက် မြန်နှုန်းနဲ့ မျောလွင့် ပျံသန်းနေခဲ့တယ်လို့ ဆိုပါတယ်။

ရေခဲနေတဲ့ ပင်လယ်ပြင်ထဲ ကျဆင်းသွားတဲ့ အရာကို ပြန်မဆယ်နိုင်သေးခင်မှာတော့ ဘယ်လိုပစ္စည်း ဖြစ်တယ်၊ ဘယ်သူဘယ်ဝါ ပိုင်ဆိုင်တယ် ဆိုတာတွေကို အတိအကျ မပြောနိုင်သေးဘူးလို့လည်း ကာဘီက ဆက်ပြောပါတယ်။

လွန်ခဲ့တဲ့ တစ်ပတ်လောက်က ပစ်ချခံရတဲ့ တရုတ် မိုးပျံပူဖောင်းကတော့ အရပ်ဖက် အသုံးပြုတဲ့ အမျိုးအစား မဟုတ်တာ သေချာပြီး ဆက်သွယ်ရေး ကွန်ရက်တွေကို ကြားဖြတ် ထောက်လှမ်းနိင်တဲ့ သူလျှို နည်းပညာတွေ ပါဝင်နေတယ်လို့ အမေရိကန်က စွပ်စွဲခဲ့ပါတယ်။ ဒါပေမဲ့ တရုတ်ကတော့ အမေရိကန်ဟာ ပြဿနာကို ပုံကြီးချဲ့နေတာသာ ဖြစ်ပြီး တကယ်တမ်းမှာတော့ အရပ်ဖက်သုံး မိုးလေဝသ လေ့လာရေး မိုးပျံပူဖောင်းတစ်ခု မတော်တဆ လမ်းကြောင်းမှားပြီး အမေရိကန် ပိုင်နက်ထဲ ဝင်ရောက်သွားတာသာ ဖြစ်တယ်လို့ တုံ့ပြန်ထားပါတယ်။

You May Also Like

သတင်း

ထိုသို့ မြန်မာနိုင်ငံ၏ ပုံမှန်မဟုတ်သည့်၊ သာမာန်ထက်လွန်ကဲသော ခြိမ်းခြောက်မှုများကြောင့် အမေရိကန်သမ္မတ လက်မှတ်ရေးထိုးထုတ်ပြန်သော အမျိုးသားဆိုင်ရာအရေးပေါ်ကြေညာချက်ကို ဂျိုးဘိုင်ဒန်က ဒုတိယအကြိမ်ဆက်လက်သက်တမ်းတိုးခဲ့ခြင်းဖြစ်သည်။

နိုင်ငံတကာ

အမေရိကန်ရဲ့ ပင်တဂွန် စစ်ဌာနချုပ်က လက်တင် အမေရိက ဒေသမှာ ပျံဝဲနေတဲ့ နောက်ထပ် တရုတ် မိုးပျံပူဖောင်း တစ်လုံးရဲ့ လားရာကိုလည်း စောင့်ကြည့်နေတယ်လို့ ပြောပါတယ်။ ဒါပေမဲ့ ဘယ်နေရာမှာ၊ ဘယ်နိုင်ငံမှာ ရှိနေတာလဲ ဆိုတာကိုတော့ တိတိကျကျ မထုတ်ပြန်ပါဘူး။

နိုင်ငံတကာ

အဲဒီနောက် ရုရှားပိုင် ယူရယ်လ် ဒေသမှာ အခြေစိုက်တဲ့ ရုရှား စီးပွားရေး ကုမ္ပဏီ တစ်ခုက ရုရှား စစ်သားတွေသာ စစ်မြေပြင်ရောက် Abramsနဲ့ Leopard 2 တင့်ကားတွေကို ဖျက်ဆီးနိုင်ရင်၊ ဒါမှမဟုတ် သိမ်းပိုက်နိုင်ရင် ရက်ရက်ရောရော ဆုကြေးငွေ ပေးအပ်သွားမယ်လို့ ကတိပြုခဲ့ပါတယ်။

နိုင်ငံတကာ

နာမည် ဖော်ပြမထားတဲ့ အမေရိကန် ထိပ်တန်း စစ်ဗိုလ်ချုပ်ကြီး တစ်ဦးက ဗြိတိန် ကာကွယ်ရေးဝန်ကြီး ဘန်ဝေါလေ့စ်နဲ့ တွေ့ဆုံချိန်မှာ မဟာမိတ် နိုင်ငံရဲ့ တိုက်ခိုက်ရေးစွမ်းရည် ကျဆင်းလာမှုကို ပွင့်ပွင့်လင်းလင်း သတိပေးခဲ့တာလို့ Sky Newsက ဖော်ပြခဲ့ပါတယ်။