Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

တပ်မ(၄၄)စစ်မှူထမ်းဟောင်း မြို့နယ်ပြည်သူ့စစ်ခေါင်းဆောင်ကို SOFအထူးတပ်ဖွဲ့ ပစ်ခတ်ရှင်းလင်း

ပစ်ခတ်ရှင်းလင်းခံလိုက်ရသော မြင့်ရီ(ခ)ပေါပီသည် စစ်ကောင်စီလက်အောက်တွင် ပြည်သူ့စစ်ခေါင်းဆောင်အဖြစ် ပျူစောထီးများအား စစ်သင်တန်းပေးနေသူဖြစ်ပြီး ရင်ငြိမ်းရဲစခန်း၌ ညစဥ်လုံခြုံရေးကင်းစောင့်လေ့ရှိကြောင်း SOF က အသိပေးသည်။

မွန်ပြည်နယ် ပေါင်မြို့နယ်မှ စစ်ကောင်စီလက်အောက်ခံ မြို့နယ်ပြည်သူ့စစ်ခေါင်းဆိုသူတစ်ဦးကို ‘နန်းထိုက်အောင်စစ်ဆင်ရေး’အဖြစ် ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း တောင်ပိုင်းစစ်ဒေသ SOF အထူးတပ်ဖွဲ့က ပြောသည်။

ပေါင်မြို့နယ် ရင်ငြိမ်းကျေးရွာရှိ မြို့နယ်ပြည်သူ့စစ်ခေါင်းဆောင် မြင့်ရီ(ခ)ပေါပီဆိုသူအား ယနေ့(ဖေဖော် ဝါရီ ၁၅)နံနက် ၇ နာရီ ၁၅ ခန့်က ရင်ငြိမ်းရွာတောင်ပိုင်း ငွေလျှံလက်ဘက်ရည်ဆိုင်အတွင်း ဝင်ရောက်ပစ်ခတ်ရှင်းလင်းခဲ့သည်ဟု SOF အထူးတပ်ဖွဲ့က ပြောသည်။

စစ်ဆင်ရေးလုပ်ဆောင်စဥ် လက်ဘက်ရည်ဆိုင်အတွင်း အခြားပျူစောထီးအဖွဲ့ဝင်များရှိနေခြင်းကြောင့် စစ်ရေးပစ်မှတ် မြင့်ရီ(ခ)ပေါပီထံမှ လက်နက်ရှာဖွေသိမ်းဆည်းနိုင်ခြင်းမရှိခဲ့ဘဲ ပြန်ဆုတ်ခဲ့ရကြောင်း SOF အထူးတပ် ဖွဲ့က အသိပေးသည်။

“သူ့(မြင့်ရီ)ကိုရှင်းတော့မှ ထွက်ပြေးတဲ့သူကပြေး ထရပ်တဲ့သူကထရပ်ကြတော့ ရုတ်တရက် ပြည်သူနဲ့ရောနေတယ်။ လူရှူပ်နေတာပေါ့။ (ပျူစောထီးတွေ)သူတို့​ ခုခံနိုင်တာတော့မရှိဘူး”ဟု SOF အထူးတပ်ဖွဲ့မှ ပြန်ကြားရေးတာဝန်ခံက People’s Spring သို့ ပြောသည်။

အဆိုပါ ပေါင်မြို့နယ် ပြည်သူ့စစ်ခေါင်းဆောင် မြင့်ရီ(ခ)ပေါပီအား ရှင်းလင်းခဲ့ရာတွင် ဦးခေါင်းတစ်ချက်၊ ရင်ဘတ်နှစ်ချက်၊ ဆီးခုံ တစ်ချက်(Zip Drill)ပစ်ခတ်ခဲ့ခြင်းဖြစ်ကာ ပွဲချင်းပြီးသေဆုံးသွားကြောင်း ပြန်ကြားရေးတာဝန်ခံက ရှင်းပြသည်။

ပစ်ခတ်ရှင်းလင်းခံလိုက်ရသော မြင့်ရီ(ခ)ပေါပီသည် စစ်ကောင်စီလက်အောက်တွင် ပြည်သူ့စစ်ခေါင်းဆောင်အဖြစ် ပျူစောထီးများအား စစ်သင်တန်းပေးနေသူဖြစ်ပြီး ရင်ငြိမ်းရဲစခန်း၌ ညစဥ်လုံခြုံရေးကင်းစောင့်လေ့ရှိကြောင်း SOF က အသိပေးသည်။

ထို့အပြင် မြင့်ရီသည် ရင်ငြိမ်းကျေးရွာရှိ လူငယ်များအား မတရားဖမ်းဆီးရာတွင် ပါဝင်ခြင်း၊ လူငယ်တစ်ဦးလျှင် ကျပ်သိန်း ၈၀ဖြင့် ပြန်ရွေးစေခြင်းစသည့် စစ်ကောင်စီထောက်တိုင်လုပ်ငန်းများအား လုပ်ဆောင်နေသူဖြစ်ပြီး ၎င်းသည် ယခင်က အကြမ်းဖက်စစ်တပ်၏ တပ်မ(၄၄)တွင် တာဝန်ထမ်းဆောင်ခဲ့သူလည်းဖြစ်ကြောင်း ဖော်ပြထားသည်။

ထို့ကြောင့် တောင်ပိုင်းစစ်ဒေသ SOF အထူးတပ်ဖွဲ့အနေဖြင့် မြင့်ရီကဲ့သို့ အကြမ်းဖက်ပျူအဖွဲ့၏ အကြမ်းဖက် ပြန်ပေးဆွဲသည့်လုပ်ရပ်များ ဆက်လက်ဖော်ထုပ်နေဆဲဖြစ်သော စစ်ကောင်စီနှင့် အပေါင်းပါများ၏ရန်မှ ပြည်သူအားကာကွယ်မှုပေးနိုင်ရန် ဆက်လက်ခုခံကာကွယ်ပေးသွားမည်ဖြစ်ကြောင်း ပြည်သူသို့အသိပေး ထားသည်။

You May Also Like

သတင်း

လက်နက်ကိုင်ဆောင်ခွင်မူအမိန့်ကြော်ငြာစာအမှတ် (၅၄/၂၀၂၃) ၂၀၂၃ ဇန်နဝါရီ ၃၁ရက် ရက်စွဲ ဖြင့် စစ်ကောင်စီ၏ ပြည်ထဲရေးဝန်ကြီးဌာနဝန်ကြီးရုံးက အတည်ပြုခဲ့ခြင်းဖြစ်သည်။

သတင်း

ယမန်နေ့(ဇန်နဝါရီ ၂၉)ည ၁၁ နာရီ ၂၀မိနစ်ခန့်က မင်းလှမြို့နယ် ခွက်မကျေးရွာအုပ်စုမှ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး ထွန်းဝင်းဆိုသူအား ငလှစမ်းကျေးရွာ၌ ဖဲရိုက်နေစဥ် သေနတ်ဖြင့် သုံးချက် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ဆို သည်။

သတင်း

ထို့အပြင် သေဆုံးသူ နှစ်ဦးထံမှ (၉)မမ ပစ္စတို(၂)လက်၊ ကျည်(၁၂)တောင့်၊ ယာဥ်လိုင်စင်နှင့် စာရွက်စာတမ်းအချို့အား သိမ်းဆည်းရရှိခဲ့ပြီး မော်တော်ယာဥ်အား မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဖော်ပြသည်။

သတင်း

တမူးမြို့ မြို့မရပ်ကွက်ရှိ ပျူစောထီးအဲသားဆိုသူကိုဇန်နဝါရီ၁၈ရက်တွင်PDFများကသေနတ်ဖြင့် ပစ်ခတ် ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်းပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးကပြောသည်။